Home » , » မြန်မာ အလုပ်သမား ကိုးဦးကိစ္စ လုပ်ဆောင်နေ (မလေးရှား သတင်း)

မြန်မာ အလုပ်သမား ကိုးဦးကိစ္စ လုပ်ဆောင်နေ (မလေးရှား သတင်း)

Written By မောင်စေတနာ on Tuesday, August 6, 2013 | 4:44:00 PM

 

မလေးရှား တွင် ပျောက်ဆုံး နေသည့် မြန်မာ အလုပ် သမား ကိုးဦးနှင့် ပတ်သက်၍ အလုပ်သမား ၀န်ကြီး ဌာနသို့ အကူ အညီ တောင်းခံ

မလေးရှားနိုင်ငံတွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာ အလုပ်သမားကိုးဦး ပျောက်ဆုံးနေမှု အပေါ် အလုပ်ဝန်ကြီးဌာနသို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ စာပေးပို့ အကူအညီ တောင်းခံထားကြောင်း သိရသည်။ ''စာတင်ထားတာနဲ့ ပတ်သက်လို့ အခုထိတော့ အစိုးရဆီကနေ အကြောင်းပြန်တာ မရှိသေးပါဘူး။ 

ကျွန်တော်တို့ ၈၈ အနေနဲ့လည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မလေးရှားမှာရှိတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေ ချိတ်ဆက်ပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင်းလင်းလူ့ အဖွဲ့အစည်း၊ အလုပ်သမား ရေးရာဌာနမှ ကိုစိုးသီဟက ပြောကြားသည်။ 

''အလုပ်သမားတွေက မလေးရှားကို တရားဝင် သွားရောက် အလုပ်လုပ်ကိုင်တာ ဖြစ်တယ်။ အဲဒီအတွက် ဒီကိစ္စမှာ အစိုးရက တာဝန်အရှိဆုံးပဲ။ ဒါကြောင့် အစိုးရအနေနဲ့ တာဝန်ယူပြီး ဖြေရှင်းပေးသင့်တယ်။ အလုပ်သမားတွေ အနေနဲ့လည်း တရားဝင်ဆိုတာ တစ်ခုတည်းနဲ့ အာမခံချက် မရှိတဲ့ နေရာတွေ၊ ကျောထောက်နောက်ခံ မရှိတဲ့ နေရာတွေကို မသွားသင့်ပါဘူး'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ 

ဇူလိုင် ၉ ရက်က မလေးရှားနိုင်ငံရှိ ICE SDN BHD စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ကိုရန်သိန်း အပါအ၀င် အလုပ်သမား ၁၃ ဦးအား စက်ရုံပိုင်ရှင် CHING BOON LIAI ၏ ခိုင်းစေချက်အရ မလေးရှားနိုင်ငံသား ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် Immigration ရုံးမှ တာဝန်ရှိသူ တစ်ဦးတို့က ကားနှစ်စီးဖြင့် လူစုခွဲကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ အလုပ်သမား ၁၃ ဦးအနက် ကိုရန်သိန်း၊ ကိုထိန်လင်းအောင်၊ ကိုစိုင်းသူထွန်း၊ ကိုရန်မျိုးအောင်တို့အား ဇူလိုင် ၉ ရက်ညက ထိုင်းလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း၊ ကျန်အလုပ်သမား ကိုးဦးမှာ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။ 

ICE SDN BHD စက်ရုံတွင် ကျန်နေသည့် အလုပ်သမားများပိုင်သည့် ငွေသားနှင့် ပစ္စည်းပြန်ရရေး အတွက် ကူညီပေးရန် ၈၈ မျိုးဆက် ငြိမ်းချမ်းနေရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ တစ်ဆင့် ၀န်ကြီးဌာနသို့ ဇူလိုင် ၃၀ ရက်က စာပို့ အကူအညီ တောင်းခဲ့သည်။ မလေးရှားမှ ပြန်ရောက်သည့် အလုပ်သမား (၄) ဦးမှ အလုပ်သမား (၉)ဦး ကိစ္စ ကူညီပေးရန် ဇူလိုင် ၁၃ ရက်က ၈၈ မျိုးဆက် ငြိမ်းချိမ်းရေးနှင့် ပွင်းလင်းလူ့ အဖွဲ့အစည်းသို့ အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။ 

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။