Home » , , » မလေးရှားပြန် မြန်မာလုပ်သား ၅၀၀ ကျော် အလုပ်အကိုင် ရရှိ

မလေးရှားပြန် မြန်မာလုပ်သား ၅၀၀ ကျော် အလုပ်အကိုင် ရရှိ

Written By မောင်စေတနာ on Thursday, August 15, 2013 | 11:26:00 AM


ရန်ကုန် ၊ ၁၁-၈-၂၀၁၃ 

အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အစီအစဉ်ဖြင့် တစ်လအတွင်း မလေးရှားပြန် မြန်မာ အလုပ်သမား ၅၀၀ ကျော် အလုပ်အကိုင် ရရှိခဲ့ကြောင်း သိရသည်။ မလေးရှား နိုင်ငံအတွင်း မြန်မာ အလုပ်သမား များ အကြမ်းဖက် ခံရမှုကြောင့် နေရပ်သို့ ပြန်လာသည့် အလုပ်သမား များကို ပြည်တွင်း၌ အလုပ်အကိုင် ရရှိရန် အစိုးရက အလုပ်လျှောက်လွှာ များကို ဇွန်လ ၁၉ ရက်နေ့မှ စ၍ လက်ခံခဲ့သည်။

လျှောက်လွှာ လက်ခံသည့် အချိန်မှ စ၍ ယခုလအထိ အလုပ် လျှောက်ထားသူ ၃၀၁၂ ဦးရှိသည့် အနက် ၅၃၀ ဦး အလုပ်အကိုင် ရရှိခဲ့ကြောင်း သိရသည်။ အလုပ်အကိုင် ရရှိအောင် အလုပ်ရှင်နှင့် တွေ့ဆုံပေးခြင်း ၃ ကြိမ်ရှိပြီး အများအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းမှ အလုပ် ရခြင်းများကြောင်း အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန မှ သိရသည်။ 

မလေးရှား နိုင်ငံတွင် ၄င်းတို့သည် လုပ်ခလစာ ၃ သိန်းခန့် ရရှိခဲ့ကြ သော်လည်း အချို့သော ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့် ၄င်းတို့ကို လုပ်ခလစာ ကျပ်တစ်သိန်း ၀န်းကျင်သာ ပေးပြီး အစမ်းခန့် ၀န်ထမ်းများ အဖြစ် ခန့်ထားလျက် ရှိကြောင်း သိရသည်။ လုပ်ငန်းရှင်များ အနေဖြင့် အလုပ်သမား လုပ်ငန်း ကျွမ်းကျင်မှု ၊ စွမ်းဆောင်ရည် ပေါ်မူတည်၍ လုပ်ခ လစာ တိုးမြှင့် ပေးမည်ဖြစ်ကာ အမြဲတမ်း ၀န်ထမ်းများ အဖြစ် ပြောင်းလဲ ခန့်အပ် သွားမည် ဖြစ်ကြောင်း သိရသည်။ 

Source by : မြ၀တီ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။