.jpg)
.jpg)
.jpg)
ဘလော့ဂါ မောင်စွယ်စုံကျမ်း ဦးဆောင်နေသော မျိုးဆက်သစ် အွန်လိုင်း ပရဟိတ အဖွဲ့သည် ၉.၈.၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
၎င်းတွေ့ဆုံပွဲ အစီအစဉ်ကို နေ့လည် ၁ နာရီတွင် စတင်ခဲ့ပြီး ဦးဆောင်စီစဉ်နေသူ မောင်စွယ်စုံကျမ်းမှ အလှူကိစ္စများနဲ့ ပက်သက်၍
အသေးစိပ် အစီအစဉ်ကို တက်ရောက်လာကြသော အဖွဲ့ဝင်များအား ရှင်းပြခဲ့သည်။
ကျွန်တော်တို့အဖွဲ့က အသင်းဝင်များနဲ့ အခုတစ်ကြိမ် တွေ့ဆုံဖြစ်တာက မြန်မာပြည်မှာ အမှန်တကယ် လိုအပ်တဲ့ နေရာတွေကို လှူဖို့အတွက် အားလုံးစုဝေးပြီး
ဆွေးနွေးတိုင်ပင်ကြပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ လုပ်ဆောင်ချက်တစ်ချို့ကို အဖွဲ့ဝင်များ မန်ဘာအသစ်များအားလုံး သိအောင်ရှင်းပြပါတယ်။
အရင်တစ်ခေါက်က လှူဒါန်းထားတဲ့ လုပ်ဆောင်ချက်များနဲ့ အလှူကိစ္စတွေကိုလည်း ကျွန်တော်တို့ အဖွဲ့ဝင်များကို အသစ်တစ်ခါတည်း အသိပေး ရှင်းပြပါတယ်။
အခုလောလောဆယ်တော့ မြန်မာပြည်ရှိ ဆင်းရဲ့ပြီး ပရဟိတ လုပ်နေတဲ့ နေရာတွေနဲ့ လှူဒါန်းသင့်တဲ့ နေရာတွေကို ရှာနေတုန်းပါပဲ။
အားလုံးနဲ့တိုင်ပင်နေပါတယ်။ လှူဒါန်းတဲ့ နေရာအတည်ဖြစ်ရင် ကျွန်တော်ရဲ့ ဖွေ့ဘုတ်စာမျက်နှာနဲ့ ဝက်ဆိုက်တွေမှာ အားလုံးသိအောင် တင်ပေးသွားမှာပါ။ ဒီတစ်ကြိမ်တွေ့တာက မလေးရှားနိုင်ငံအတွင်းမှာရှိတဲ့ ကျွန်တော်တို့ မန်ဘာတွေနဲ့တွေ့ဆုံပြီး ရှေ့ဆက်လှူမယ့် အလှူအတွက် ဆွေးနွေးတိုင်ပင်တာပါ။
ဒီနေ့ပြုလုပ်တဲ့ တွေ့ဆုံပွဲ အစီအစဉ်ကို ဖြစ်မြောက်အောင် အဖက်ဖက်မှ ကူညီပေးတဲ့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ကိုလည်း အထူး ပဲကျေးဇူးတင်ပါကြောင်း မျိုးဆက်သစ် အွန်လိုင်းပရဟိတ အဖွဲ့အား ဦးဆောင်နေသူ မောင်စွယ်စုံကျမ်းမှ ပြောခဲ့သည်။
မျိုးဆက်သစ် အွန်လိုင်းပရဟိတအဖွဲ့ကို မောင်စွယ်စုံကျမ်းမှ ဦးဆောင်လျက်ရှိနေပြီး မြန်မာပြည်ရှိ လိုအပ်သော နေရာများသို့ အလှူအတန်းပြုလုပ်နေသော
အဖွဲ့လည်း ဖြစ်သည်။
ဘလော့ဂါ မောင်စွယ်စုံကျမ်းသည် အင်တာနက် စာမျက်နှာတွင် အခြေခံ နည်းပညာများကိုလည်း မျှဝေနေသူ တစ်ယောက်တည်း ဖြစ်သည်။
ယင်းတွေ့ဆုံပွဲ အခမ်းအနားကို မျိုးဆက်သစ် ပရဟိတ အဖွဲ့မန်ဘာများနှင့် အလှူရှင်များ ၄၀ ခန့်လာရောက်ခဲ့ပြီး နေ့လည် ၃ နာရီအချိန်တွင် တွေဆုံပွဲ အခမ်းအနားကို ရပ်နားခဲ့ကာ နည်းပညာ ဝါသနာပါသော မျိုးဆက်သစ် အဖွဲ့ဝင်များနှင့် အလှူရှင်များအား နည်းပညာများ ပြသခြင်း ၊ ဆော့ဝဲလ်များ ထည့်သွင်းပေးခြင်း စသည်များကိုလည်း အခမဲ့ သင်ပြ ပြုလုပ်ပေးခဲ့သည်။
(သတင်း ၊ ဓာတ်ပုံ)
နေဇော်လင်း
Free Online Radio Media (Malaysia News)
0 comments:
Post a Comment