
မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအား ခရီးသွားသော အချိန်တွင် ဘေးရန်ကင်းဝေးစေရန်အတွက် အထူးသတိပေးချက် အနေဖြင့် အသိပေးအပ်
ပါသည်။ယခုလပိုင်းအတွင်း ကေအယ် ကိုတာရာယာ တစ်ဝိုက်တွင် ရဲများ ကိုတာရာယာ ရထားဂိတ် ၊ ကားဂိတ် ၊ လမ်းထောင့်များ ၊ ချိုင်းနားတောင်း ၊ ပါစာစီနီး ၊ မိုင်ဒင်း ၊ မြန်မာဆိုင်တန်း ဖက်များတွင် ရဲများ နှင့် ရေလာများ ၊ နှင့် အစုလိုက် ရှိနေတတ်ပြီး ခရီးသွား လာသူများကို စစ်ဆေးကာ အထောက်အထား မခိုင်လုံပါက ဖမ်းဆီးပြီး ငွေတောင်း တတ်ကြောင်း
တွေ့ရှိရပါသည်။
မနေ့က ကျွန်တော်တို့ ကလန်းကားနဲ့ ကေအယ်လာတယ် " ကိုတာရာယာရှေ့မှာ ကားရပ်တော့ ကားပေါ်ကဆင်းတာပဲ ရှိသေးတယ်။ လူ၃ယောက် ကျွန်တော်တို့ဆီ လာပြီးအိုင်စီလို့
ပြောပါတယ်။ သာမန်အဝတ် အစားဝတ်ပြီး သူကရဲကဒ်ပြား ထုပ်ပြပြီး ရဲဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်တို့ သူငယ်ချင်း ၃ ယောက်မှာ တစ်ယောက်က ဘာမှမရှိဘူး ၂ယောက်က စာအုပ်ရှိတယ်။ မရှိတဲ့သူငယ်ချင်းကို လက်ထိပ်ခတ်လိုက်ပြီး ကိုတာရာယာကုန်တိုက် လမ်းထောင့်မှာ ခဏထားပြီး သူတို့ချင်း ဖုန်းပြောနေပါတယ်။ ခဏနေတော့ ကားနဲ့တိုင်းစကွဲနားက ရဲစခန်းထဲ ခေါ်သွားပြီး ပိုက်ဆံ ၁၃၀၀ ပေးရမယ် ပြောပါတယ်။
ကျွန်တော်တို့ ၃ယောက်ပိုက်ဆံစုလိုက်တော့ ၁၁၀၀ ရတာနဲ့ ၉၀၀ ပဲယူဖို့ပြောပြီး ကျန်တာက ငါတို့အိမ်ပြန်ဖို့ လမ်းစရိတ်လို့ပြောတော့ ၉၀၀ နဲ့အဆင်ပြေသွားပါတယ် ဟု '' ပီနန်မှ ကေအယ်သို့ လာရောက်သော ကိုဇော်သူအောင်မှ ပြောဆိုခဲ့သည်။ အရင်ကျွန်တော် သူငယ်ချင်းတစ်ယောက်ဆို အချုပ်ထဲ နှစ်ပတ် နေရသေးတယ် ပိုက်ဆံလည်း ၃၀၀၀ ပေးရသေးတယ် ဒါကြောင့်ဒီလိုကိစ္စများ မဖြစ်အောင် သတိထား သွားလာဖို့ လိုအပ်တယ်ဟု" ၎င်းမှ ဆက်လက် ပြောဆိုခဲ့သည်။
နေ့စဉ် ကေအယ်လာရင်း ရွှေမြန်များ အနည်းအများဖြင့် အဖမ်းအဆီး ခံနေရပါကြောင့် ကြိုတင်ကာကွယ်ပါ။ အကြောင်း အမျိုးမျိုးကြောင့် ကေအယ်သို့ သွားလာပါက လိုအက်သော စာရွက်စာတမ်းများ အထောက်အထား ခိုင်လုံစွာဖြင့် သွားလာကြပါရန် အသိပေးအပ်ပါသည်။
ရဲများ ရဲကားများနှင့် ထိပ်တိုက် မတွေ့စေပဲ ရှောင်ပြီး သွားလာကြပါရန် အကယ်၍ ထိပ်ထိုက် ရင်ဆိုင်ရပါက မိမိပုံမှန်သွားနေကြအတိုင်း သွားလာကြပါရန်နှင့် ကေအယ် အနီးတစ်ဝိုက်တွင် နံနက်ပိုင်း အချိန်များနှင့် ညနေပိုင်း အချိန်တွင် ကိုတာရာယာ ကုန်တိုက် အနီးနှင့် ကေအယ်မြန်မာ ဆိုင်များ တည်ရှိရာ လမ်းထောင့် များတွင် ယခင်ထက် ရဲများပေါများနေပြီး ခရီးသွားလာ နေသူများကို စစ်ဆေးပြီး ငွေတောင်းတတ်ကြောင်း သတိပေးအပ်ပါသည်။
မလေးရှားနိုင်ငံ အတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက် အထားမရှိသူ (မခိုင်လုံသူ) အိုဗာစတေး သမားများ အနေဖြင့် ကေအယ်နှင့် အခြား နေရာများသို့ သွားလာပါက သတိဖြင့် နေထိုင် သွားလာကြပါရန် ဘေးရန် ကင်းဝေး စေရန်အတွက် အထူးသတိပေး အပ်ပါသည်။ နောက် .... ရရှိလာသော သတင်းများကို အချိန်မှီ တင်ဆက်ပေးသွားပါမည်။
အောက်ပါ Facebook လိပ်စာတွင် မန်ဘာဝင် ထားခြင်းဖြင့် အရေးပေါ် မလေးရှား သတင်းများ ၊ သတိပေးချက်များ ၊ စာပေ ၊ နည်းပညာ ၊ ဖျော်ဖြေရေး ၊ အင်တာဗျူး ၊ ဗဟုသုတများ စတဲ့ အချက်အလက်များကို ဖတ်ရှုနိုင်ပါသည်။ မိမိလိုအပ်သော အခက်အခဲများ အကူအညီများ ရယူလိုပါက အောက်ပါနေရာတွင် ဝင်ရောက်၍ နည်းပညာများ နှင့် အထွေထွေ လမ်းညွန်ချက်များကို အကူအညီ ရယူနိုင်ပါသည်။
https://www.facebook.com/groups/371667429581990/members/ ကိုနှိပ်ပြီး အလွယ်တကူ မန်ဘာ ဝင်နိုင်ပါသည်။
နေဇော်လင်း
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/search/label/Malaysia
0 comments:
Post a Comment