Home » , , » မလေးရှားနိုင်ငံရောက် ရွှေမြန်မာများဖတ်ဖို့ အထူးသတိပေးချက်(၁၂)

မလေးရှားနိုင်ငံရောက် ရွှေမြန်မာများဖတ်ဖို့ အထူးသတိပေးချက်(၁၂)

Written By မောင်စေတနာ on Thursday, March 7, 2013 | 5:11:00 PM



မလေးရှားနိုင်ငံရောက် ရွှေမြန်မာများဖတ်ဖို့ အထူးသတိပေးချက်(၁၂) 

KL က မြန်မာဆိုင်တွေဘက် သွားမယ်ဆို အထူးဂရုပြုစိုက်ဖို့ (မလေးရှားရောက် မြန်မာတွေ အားလုံးဖတ်သင့်သည်) ပထမဆုံး မလေးရှားကို ရောက်နေတဲ့ မြန်မာတွေကို ပြောချင်တာ နိုင်ငံခြားမှာ ကိုယ့်ပြည်ထက် လိမ်ညာမှုတွေပိုပေါ တယ်ဆိုတာ သိစေချင်ပါတယ်။ 

အထူးသဖြင့် ခုလတ်တလော တော်တော်များများ ၊ ခံနေရ၊ ကြုံတွေ့နေရတဲ့ ဖုန်းဝယ်တဲ့ ပြဿနာ အကြောင်းကို ရွှေမြန်မာများ သိစေရန် အတွက် အသိပေး တင်ပြလိုက်ပါတယ်။ 

အထူးသဖြင့် မလေးရှားနိုင်ငံ ကေအယ်မြို လယ်က ကိုတာရာယာ ကုန်တိုက်မှာ မြန်မာ လူမျိုးတွေရော၊ တခြား နိုင်ငံတကာက အလုပ်သမားတွေရော အလိမ်ခံရတာကို ပြောပြချင်တယ်။ 

ကိုတာရာယာ ကုန်တိုက်ထဲမှာ နေ့တိုင်းလိုလို ဝယ်တဲ့သူတွေ ပြဿနာ တက်နေတာကို ကြည့်ရင် ... ကုန်တိုက်ထဲက ဖုန်းဆိုင် တော်တော်များများဟာ လိမ်ညာရောင်းချနေတယ် ဆိုတာ သိသာပါတယ်။ ပထမဆုံး ဖုန်းဝယ်ဖို့ ဆိုင်ရှေ့ကောင်တာမှာ ရပ်ကြည့်တာနဲ့  အတင်းဆိုင်ရှေ့က မခွာချင်အောင် ဆက်ဆံပြောဆိုပါမယ်၊ ပြီးရင် အပြင်မှာ တကယ့်ပေါက်ဈေး မလေးငွေ ၇၀၀ ကျော်ဖုန်းကို ၂၅၀ ၊ ၃၀၀ လောက်ပြောမယ်။ 

ဝယ်တဲ့သူကဟ တန်တယ်ကွ ၊ ၂၀၀ လောက်နဲ့ ဖုန်းအကောင်းစားရမှာ အတွေးနဲ့  ဒါဆိုယူမယ်။ သူပြောတဲ့ငွေ ပေးလိုက်တယ်။ ရောင်းတဲ့သူက ဘောင်ချာ စာရွက်မှာ ကွန်ပျူတာနဲ့ ရေးပြီး လက်မှတ်ထိုးခိုင်းတယ်။ ၀ယ်တဲ့သူက စာရွက်ပေါ်က စာဖတ်မကြည့်ပဲ (ဖတ်လည်း နားမလည်အောင် ရေးထားတာလေ) လက်မှတ်ထိုး လိုက်ရော အဲ့မှာတင် သူတို့ဂွင်ထဲ တန်းကြသွားတာပဲ။ 

အဲ့မှာ ပြဿနာ စတက်တော့တာပဲ။ ခုနပေးလိုက်တဲ့ငွေက စရံဖြစ်သွားတယ်။ နောင်ထပ်တိုးတဲ့ အမျိုးအမည်မသိ စာရင်းတွေက ၈၀၀ ဖိုးလောက် စုစုပေါင်း ၉၀၀ ကျော် လောက်ကျသွားရော ၀ယ်တဲ့သူက ထပ်မပေးနိုင် ပေးနိုင်ရင်တောင် ဘယ်လိုမှ မတန်တဲ့ ဈေးဆိုတော့ စကားတွေ များပါလေရော သူတို့ ဆိုင်တွေအားလုံး ဆပ်ကြေးပေး ထားတဲ့ ဂိုဏ်စတား အဖွဲ့ အဲ့မှာရှိတယ်။

ပြဿနာဖြစ်ရင် သူတို့ကို ဆိုင်က ခေါ်လိုက်တယ်။ သူ့နိုင်ငံသား ဆိုရင်တော့ ငွေပြန်ပေးပြီး ကြေလည် သွားပေမယ့် နိုင်ငံခြားသားဆိုရင် နောက်ထပ် သူတို့တောင်းတဲ့ ပိုက်ဆံ မပေးနိုင်ရင် အရင်ပေးထားတဲ့ ငွေအဆုံး ၊ ငွေမပါလို့ ပြန်ယူမယ်ဆိုယူ သူငယ်ချင်းတွေ လှမ်းခေါ်ပြန်လာရှင်း ဒါပေမယ့် စာရွက်ပေါ်မှာ လက်မှတ်က ထိုးထားပြီးပြီ အဲ့မှာ သူပေးတဲ့ငွေက စရံစုစုပေါင်း ကျမယ့်ငွေက ၉၀၀ ကျော် ၊ ၉၀၀ကျော်ကျ အောက်ဆုံးမှာ မမြင်နိုင်တဲ့ နေရာမှာ ခပ်သေးသေးပဲ ရေးထားတယ်။ 

သူပေးလိုက်တဲ့ ငွေ ၂၀၀ ကျော်က ကြီးကြီးထိပ်ဆုံးမှာ အဲ့ထဲမှာ ပါတာတွေက ဖုန်းကုမ္ပဏီရဲ့  အခွန်တွေ ၊ အင်တာနက် တနှစ်စာ အသုံးပြုခ၊ အာမခံတွေ ဘာတွေမှန်းမသိတဲ့ ခေါင်းစဉ်တွေနဲ့ ရေးထားတာကို ၀ယ်တဲ့သူက သဘောတူပါတယ် ဆိုပြီး လက်မှတ်ထိုး လိုက်တော့ သွားရော အဲ့လိုမျိုး ခံနေရတာ နေ့တိုင်းလိုလိုပဲ .....

ဒါကြောင့် မလေးမှာ ဖုန်းဝယ်မယ်ဆို အထူးသဖြင့် ကေအယ် မြန်မာ ဆိုင်တန်းနားက ကိုတာရာယာ ကုန်တိုက်ကို ရှောင်ဖို့ နဲ့ တခြားနေရာတွေမှာ ၀ယ်ရင်လည်း ဒီလို အလိမ်မခံထိဖို့  ကိုယ့်ရွှေမြန်မာတွေ သိဖို့နဲ့ ဒီစာလေးကို ဖတ်မိတဲ့ သူတိုင်းကလည်း ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေ အလိမ်မခံရဖို့  ပြောပြလိုက်ပါ။ 

ဒုတိယ အချက်အနေနဲ့ သတိပေးချင်ပါတယ်။ ဒါလည်း ကေအယ်မြို့ထဲကို အမြဲသွားနေတဲ့ သူတွေတောင် ခံနေရတာမို့ပါ။ ဘာလည်းဆိုတော့ မိုင်းဒင်းကုန်တိုက် (MY DIN) အဲဒီ ကုန်တိုက်ရှေ့မှာ နေ့တိုင်း အချုပ်ကားလို သံဇကာတွေနဲ့ ကားတစီး အမြဲရပ်ထားပါတယ်။ အမှိုက်ပစ်တဲ့သူတွေ ၊ ဆေးလိပ်သောက်တာ ၊ ကွမ်းစားတာ ၊ ကွမ်းတံတွေးထွေးတဲ့ သူတို့ကို ဖမ်းပါတယ်။ မိရင် ပါမစ်ပါရင် ဒဏ်ကြေး မလေးငွေ ၅၀ ဆောင်ရပါတယ်။ 

ပါမစ် မရှိရင်တော့ ဖမ်းဆီး ခေါ်ဆောင်သွားတာပါ။ ဖမ်းတဲ့သူတွေက ယူနီဖောင်းမဝတ်ပဲ အရပ် ဝတ်နဲ့  အမှိုက်ပစ်နိုင်တဲ့ လုတွေနောက်က ကပ်လိုက်လာမယ်။ ပစ်လိုက်တာနဲ့ ဖမ်းရော ဖုန်းပိုက်ဆံထည့်တဲ့ ကဒ်တောင်မရဘူး ... 

ဖုန်းဆိုင်က ကဒ်ဝယ်ပြီဆို ဖမ်းမယ့်သူက နောက်က မယောင်မလည် လိုက်လာတော့တာပဲ ဖုန်းထဲပက်ဆံထည့်ပြီ ကဒ်လွှင့်ပစ်လိုက်ရင် သွားရောပဲ..အထူးသဖြင့် မိုင်ဒင်း တဖက်ခြမ်း မြန်မာဆိုင်တွေ ချဲဆိုင် (TO TO) ဆိုင်နားတွေမှာ ဖမ်းခံထိတာပဲ။ အဲ့တာလေးလည်း ဂရုစိုက်ပါ။ မြို့ထဲသွားမယ့် သူငယ်ချင်းတွေကို မသိသေးရင် ပြောပြလိုက်ပါ။ 

ကဲ .... နောက်ဆုံး ပြောချင်တာကတော့ အစ်ကို မြန်မာလား ဆိုတဲ့သူတွေပါပဲ။ ကေအယ် မြန်မာဆိုင်တန်း တစ်လျှောက် မူးရူးပြီး အရက်ဖိုး လိုက်တောင်းနေတဲ့ ကိုယ့်ရွှေမြန်မာတွေပါပဲ။ ယူအင်ကဒ် ကိုင်ပြီး ဘာမှအလုပ် မလုပ်ပဲ အလွယ်ငွေရမယ့် တစ်ယောက် တကျပ်ဆိုရင်တောင် အယောက် ၅၀ လောက်ဆို သူတို့တွက် နေ့တွက် ကိုက်တယ်ဆိုပြီး တောင်းနေကြတဲ့ သူတွေကို အဆိပ်ပင် ရေမလောင်းကြပါနဲ့ ... ...

 ဒီလို ပေးလိုက်တဲ့ငွေနဲ့  အရက်ပြန်သောက် မြို့လည်ကောင် လမ်းဘေး ပလက်ဖောင်းမှာ မူးရူးနေတာ တခြားနိုင်ငံသားတွေ မြင်ရင်ကိုယ့်မြန်မာ လူမျိုးလို့ ပြောရမှာတောင် ရှက်စရာပါပဲ .... နောက် .... တခုပေါ်လာလို့ ပြောရဦးမယ် ဒါလည်း အလှူခံခေါ် ဓားပြပဲ။ 

ကောင်မလေးတွေ အသက် ၂၂၊ ၂၃ ၀န်းကျင် ကမ္ဘောဒီးယားလား ၊ ထိုင်းမတွေလား မသိဘူး ပြီးတော့မှ မြန်မာတိုင်းရင်းသူတွေမှန်း သိရတယ်။ မြန်မာဆိုင် လှေကား အတက်အဆင်းတွေမှာ စာအုပ်လေးတွေနဲ့  မြန်မာလိုပြောပြီ အလှူခံပါတယ်တဲ့ ပြီးရင် လက်မောင်းကိုဆွဲမယ် စာအုပ်က မိဘမဲ့ပုံတွေပြမယ်။ တကျပ် နှစ်ကျပ်လှူရင် မရဘူး မြန်မာလိုဇွတ် ၁၀ ၊ တဆယ်နဲ့  ၊ အားနာတဲ့သူ မူးနေတဲ့ သူတွေတော့ နေ့တိုင်း ခံနေရတာပဲ အထူးသဖြင့် (Jalan Leboh Pudu ကမြန်မာဆိုင်တွေ) လှေကားမှာရှိပါတယ်။

နေ့စဉ် အလိမ်ခံနေ ရတာဟာ ကိုယ့်လူမျိုးတွေ အလို့လား ? အားနာတတ်လို့လား ? သက်သက် အလိမ်ခံချင်လို့လား ? ဆိုတာကို လူမျိုးတွေ သတိပြုဖို့ပါ ... ကဲ .... ဒီလောက်ပဲဗျာ ..... နောက်မှ .... ပြောချင်တာ လေးတွေ ထပ်ရေးမယ်။ မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ ဘေးရန်ကင်းဝေး ပါစေ သူငယ်ချင်း အားလုံး ပျော်ရွှင် ကြပါစေ။ 

Source by : https://www.facebook.com/photo.php?fbid=596645207030967&set=o.181036225325080&type=1&theater 

စပ်မိစပ်ရာ ဘလော့မှာ ဖော်ပြသော မူရင်း အတိုင်းကို လိုအပ်သော စာလုံးပေါင်းများနှင့် တကယ်ဖြစ်ပျက် နေသော အရာများကို ပြင်ဆင်ရေးသား တင်ပြထားပါသည်။ 

အောက်ပါ Facebook လိပ်စာတွင် မန်ဘာဝင် ထားခြင်းဖြင့် အရေးပေါ် မလေးရှား သတင်းများ ၊ သတိပေးချက်များ ၊ စာပေ ၊ နည်းပညာ ၊ ဖျော်ဖြေရေး ၊ အင်တာဗျူး ၊ ဗဟုသုတများ စတဲ့ အချက်အလက်များကို ဖတ်ရှုနိုင်ပါသည်။ 

မိမိ လိုအပ်သော အခက်အခဲများ အကူအညီများ ရယူလိုပါက အောက်ပါနေရာတွင် ဝင်ရောက်၍ နည်းပညာများ နှင့် အထွေထွေ လမ်းညွန်ချက်များကို အကူအညီ ရယူနိုင်ပါသည်။ https://www.facebook.com/groups/371667429581990/members/ ကိုနှိပ်ပြီး အလွယ်တကူ မန်ဘာ ဝင်နိုင်ပါသည်။ 

နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။