Home » , » ဘရာဇီးနိုင်ငံထုတ် EMBRAER 190 လေယာဉ်သစ် နှစ်စင်း မကြာမီ ရောက်ရှိမည်

ဘရာဇီးနိုင်ငံထုတ် EMBRAER 190 လေယာဉ်သစ် နှစ်စင်း မကြာမီ ရောက်ရှိမည်

Written By မောင်စေတနာ on Sunday, December 9, 2012 | 4:46:00 PM



ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့လေကြောင်းမှ သက်တမ်းရင့် လေယာဉ်များနေရာတွင် လေယာဉ်သစ်များ အစားထိုး ပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက် လျက်ရှိရာ ပထမအစင်း EMBRAER 190 လေယာဉ်သစ် အားမြန်မာ့လေကြောင်း ဦးဆောင်ညွှန်ကြား ရေးမှူးဦးသန်းထွန်း ဦးဆောင်သည့် အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်က သွားရောက်လက်ခံပြီး ဒီဇင်ဘာ ၉ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက် ပြည် နယ် Rome မြို့မှ စတင်ပျံသန်း သယ်ဆောင် လာမည်ဖြစ်ကာ ရန်ကုန်မြို့သို့ ဒီဇင်ဘာ ၁၂ ရက်ခန့်တွင် ရောက်ရှိလာမည်ဖြစ် သည်။ 

ဒုတိယအစင်း EMBRAER 190 လေယာဉ် သစ်အား မြန်မာ့လေကြောင်း အထွေထွေမန်နေဂျာ ဦးဆောင် သော အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်တွင် သွားရောက်လက်ခံပြီး ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ရန်ကုန်မြို့သို့ ခန့်မှန်းရောက်ရှိမည် ဖြစ်သည်။ အဆိုပါ EMBRAER 190 ယာဉ်ကို ဘရာဇီးနိုင်ငံ SAO JOSE JOS မြို့ရှိ EMBRAER 190 လေ ယာဉ်ကုမ္ပဏီမှ ထုတ်လုပ်ပြီး အမေရိ ကန်နိုင်ငံ General Electric(GE) ကုမ္ပဏီမှ ငှားရမ်းခဲ့သော လေယာဉ်သစ် ဖြစ်သည်။ 

ခရီးသည် ၁ဝဝ တင်ဆောင် နိုင်ပြီး လေယာဉ်အင်ဂျင်စွမ်းရည်ကောင်း မွန်သည်။ အမေရိကန်နိုင်ငံ General Electric(GE) ကုမ္ပဏီမှ ထုတ်လုပ်သော GE-CF ? 34-8E အင်ဂျင်စက်များကို တပ်ဆင်အသုံး ပြုထားသဖြင့် ဈေးကွက် အသာစီး ရရှိခဲ့သည်။ 

ထို့အပြင် Air Bus-A 320 လေယာဉ်များထက် ထိုင်ခုံနေရာ ကျယ်ဝန်းခြင်း၊ ပစ္စည်းထားသိုရန် နေရာ ကျယ်ဝန်းသဖြင့် အခြားသော Regional Jet ထက် သာလွန် ကောင်းမွန်ခြင်း၊ ထုတ်လုပ် ရောင်းချနေသည့် လေယာဉ် အပိုပစ္စည်းများမှ ၉ဝ ရာခိုင်နှုန်းမှာ ယခု ရောက်ရှိမည့် EMBRAER 190 လေယာဉ် Models အမျိုး အစားများတွင် တပ်ဆင် အသုံးပြုနိုင်ခြင်း၊ လေယာဉ် အပိုပစ္စည်းများ ဈေးနှုန်းသက်သာခြင်း၊ လေယာဉ် ထိန်းသိမ်းစရိတ် သက်သာခြင်း၊ လေယာဉ်ပျံသန်းမှု သမိုင်းတစ် လျှောက်တွင် လေယာဉ် မတော်တဆ ထိခိုက်မှု တစ်ကြိမ်တည်းသာ ဖြစ်ခဲ့ခြင်း စသည့် အားသာချက်များကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လေကြောင်း လိုင်းများမှ မျက်စိကျ စိတ်ဝင်စား လာခဲ့ကြသည်။

 မြန်မာ့လေကြောင်း အနေဖြင့်အဆိုပါ EMBRAER 190 ကုမ္ပဏီမှ ထုတ်လုပ် သည့် E-190 လေယာဉ်သစ်နှစ်စင်း ကို အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၊ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ပြည်တွင်းရှိ Fokker F-28 လေယာဉ်ဆင်းသည့် လေဆိပ်များသို့ ပျံသန်း ပြေးဆွဲမည် ဖြစ်သည်။ မြန်မာ့ လေကြောင်းတွင် လက်ရှိ F-28, ATR, MA-60, Beach 1900 စသည့် လေယာဉ် လေးမျိုးနှင့် ပျံသန်း ပြေးဆွဲနေခဲ့ရာ သက်တမ်းရင့် F-28 လေယာဉ်များမှာ သက်တမ်းရင့်လာပြီး ဖြစ်သဖြင့် EMB- RAER 190 လေယာဉ် သစ်များဖြင့် အစားထိုး ပြေးဆွဲနိုင်ရန် လေယာဉ်သစ် များကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ 

EM- BRAER 190 လေယာဉ်မောင်းနှင်နိုင် ရန် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ FSI ကျောင်း၌ Simulator များတွင် လေယာဉ်မှူး များနှင့် အင်ဂျင်နီယာများသည် တက် ရောက်သင်ကြားလျက်ရှိသည်။ အဆိုပါ EMBRAER လေယာဉ် ဈေးနှုန်းများမှာ လေယာဉ် တစ်စင်းလျှင် အမျိုးအစားအလိုက် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၅ သန်းမှ သန်း ၄ဝ အထိ ဈေးနှုန်းရှိကြောင်း သိရှိရသည်။ 

Source by :Myawady Media
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။