Home » , , » ကားမောင်းနိုင်ရန် သင်ယူနေသည့် နယူးဇီလန်မှ ကယ်ဆယ်ရေးခွေးများ

ကားမောင်းနိုင်ရန် သင်ယူနေသည့် နယူးဇီလန်မှ ကယ်ဆယ်ရေးခွေးများ

Written By မောင်စေတနာ on Sunday, December 9, 2012 | 4:20:00 PM



နယူးဇီလန်နိုင်ငံမှ တိရစ္ဆာန်လေ့ ကျင့်သင်ကြားပေးရေး အဖွဲ့တစ်ဖွဲ့သည် ကယ်ဆယ်ရေးတွင် အသုံးပြုသည့် ခွေးသုံးကောင်အား ကားမောင်း တတ်စေရန် လေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်မှာခွေးများ၏ မှတ်ဉာဏ်များ ပိုမိုတိုးတက် လာစေရန်ဖြစ်ပြီး အိမ်မွေး ခွေးချစ်သူများ အနေဖြင့် ယခုကဲ့သို့ တိရစ္ဆာန်လေးများကို သင်ကြားေ ပးရန် တိုက်တွန်းလိုခြင်း ဖြစ်ကြောင်း သိရသည်။ 

မွန်ကီ၊ ပေါ်တာနှင့် ဂင်းနီအမည်ရှိ အဆိုပါ ခွေးသုံးကောင်သည် ကားမောင်းနိုင်ရန် သီတင်းပတ်အနည်း ငယ်ကြာ လေ့ကျင့်ခဲ့ရကြောင်း၊ ရက်အနည်းငယ်အကြာတွင် ၎င်းတို့သည် ကားစတီယာရင်ကို ထိန်းနိုင်ခဲ့ပြီး ဂီယာကိုပင် ပြောင်းနိုင်သည့် အပြင် ဘရိတ်ကိုလည်း ကောင်းကောင်း အသုံးပြုလာနိုင်ပြီ ဖြစ်သည်။ 

၎င်းတို့အား ကားအတုဖြင့် စတင် လေ့ကျင့်ပေးခဲ့ကြောင်း၊ ၎င်းတို့၏ အမူ အကျင့်များဖြင့် လွယ်ကူသော ကား မောင်းသင်နည်းကို အသုံးပြုခဲ့ကြောင်း တိရစ္ဆာန် လေ့ကျင့်သင်ကြားရေးဆိုင် ရာကျွမ်းကျင်သူ မာ့ခ်ဗက်တီက ပြော ကြားခဲ့သည်။ 

၎င်းတို့အား အစဉ်လိုက်သင်ကြား နည်းမျိုးကို အသုံးပြုပြီး အမူအကျင့် ၁ဝ မျိုးဖြင့် သင်ကြားပေးခဲ့ခြင်းဖြစ် ကြောင်း၊ နေရာယူခြင်းကို ဦးစွာသင် ကြားပေးခဲ့ပြီး ဘရိတ်နင်းခြင်း၊ ဂီယာကိုင်ခြင်း၊ ကားဟွန်းတီးခြင်း၊ စတင် မောင်းနှင်ခြင်းနှင့် ရပ်နားခြင်းတို့ကို သင်ကြား ပေးခဲ့ရကြောင်း ဗက်တီက ပြောကြားခဲ့သည်။ 

ကားမောင်း သင်ထားသော အဆိုပါ ခွေးသုံးကောင်၏ အရည်အချင်းအား စမ်းသပ်မှုပြုလုပ်ပြီး လာမည့် သီတင်းပတ်၌ နယူးဇီလန် ရုပ်သံတွင် ပြသသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ 

Source by :Myawady Media
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။