Home » , » လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒဏ်ရာရသူများအား စရိယာရာမကျောင်း ဆရာတော်နှင့် ဒါယကာ ဒါယိကာများမှ အလှူတော်ငွေ(၂၃)သိန်းလှူဒါန်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒဏ်ရာရသူများအား စရိယာရာမကျောင်း ဆရာတော်နှင့် ဒါယကာ ဒါယိကာများမှ အလှူတော်ငွေ(၂၃)သိန်းလှူဒါန်း

Written By မောင်စေတနာ on Sunday, December 2, 2012 | 4:15:00 PM


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများတွင် ဒဏ်ရာရခဲ့သော ရဟန်းရှင်လူအပေါင်းတို့ အားဆေးဝါးကူညီမှုအတွက် အလှူတော်ငွေ (၂၃) သိန်း စရိယာရာမကျောင်း ဆရာတော်နှင့် ဒါယကာ ဒါယိကာမ အပေါင်းတို့၏ ထက်သန်သော သဒ္ဓါတရားများကို အခြေခံလျှက် ၂၉.၁၂.၂၀၁၂ ည ၃ နာရီအချိန်တွင် ဖြစ်ပွါးခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှ ထိခိုက်ဒဏ်ရာ ရရှိကြကုန်သော သံဃာတော် အရှင်မြတ်များအတွက် လိုအပ်သော ဆေးဝါးများနှင့် အသုံးအဆောင် ပစ္စည်းများအလို့ငှါ ရည်သန်၍ အလှူတော်ငွေများ ကောက်ခံခဲ့ရာ ၂.၁၂.၂၀၁၂ နေ့တွင် ဇီဝိတဒါန အလှူတော်ငွေ (၂၃) သိန်းတိတိကို အလှူခံရရှိပါကြောင်း ကုသိုလ်ရှင် အပေါင်းတို့အား အသိပေးအပ်ပါသည်။ 

 ( ယနေ့ညနေ ၅ နာရီတွင် မလေးရှားရောက် ရွှေမြန်မာ ညီကိုမောင်နှမများ၏ အလှူတော်ငွေ (၂၃) သိန်းကို " မြန်မာ့လူမူဘ၀ ဖွံ့ဖြိုးတိုးတတ်ရေး ကွန်ယက်" တာဝန်ခံ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ထံ သို့ ပေးပို့ပါမည်) 

(တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နှောင်း ဆက်တိုင်း ကောင်း၏) မဟာဂန္ဓာရုံ ဆရာတော် (မလုပ် မပြော၊ လုပ်မှပြော၊ သဘောစင်လှစေ၊ အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ) မင်းကွန်းဆရာတော်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။