>

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိ အိမ်ခြံမြေဈေးကွက်များသည် ယခုနှစ် အောက်တိုဘာလကုန်ပိုင်း အတွင်း ဈေး(၂)ဆ
မြင့်တက်လျှက်ရှိနေကြာင်း အိမ်ခြံမြေအကျိ
ုးတော်ဆောင်များထံက သိရသည်။
ယခုလ တတိယပတ်အတွင်း အိမ်ခြံမြေဈေးကွက်မှာ ပေ (၄၀x၆၀)ပတ်လည် ကျပ်သိန်း(၉၀၀) ဈေးရှိ အိမ်ခြံမြေသည် ယခု ကျပ် သိန်း (၁၅၀၀)ဖြင့် အရောင်းအ၀ယ် ဖြစ်နေခြင်းဖြစ်သည်။
တပ်ကုန်းရပ်ကွက် လမ်းမကြီးတစ်လျှောက်ရှိ အိမ်ခြံမြေများလည်း အဝေးပြေးမော်တော်ယာဉ် ရပ်နားစခန်း ပြုလုပ်မည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ရက်ပိုင်းအတွက် ပေ (၈၀) ပတ် လည်ရှိ
မြေကွက်သည် လက်ရှိကျပ်သိန်း(၁)သောင်း ၀န်းကျင်ပတ်လည် အထိ ဈေးကွက်မြင့်တက် နေသည်။
“ယခုရက်ပိုင်း တစ်ရက်၊ နှစ်ရက် အတွင်းမှာပဲ ကားကြီးကွင်းပြောင်းမယ်
ဆိုပြီး တပ်ကုန်းရပ် ကွက်မှာ အ၀ယ်လိုက်နေတယ်။”ဟု ၀ါရင့်အိမ်ခြံမြေ
အကျိုးဆောင် ဒေါ်ရွယ်ဖရာက ပြောသည်။
ထို့ပြင် မြစ်ကြီးနားဈေးကြီးအနီးရှိ မြေဈေးမှာလည်း ပေ (၈၀) ပတ်လည်တွင် ကျပ် သိန်း (၂) သောင်းဝန်းကျင်ထိ အရောင်း ညအ၀ယ်ဖြစ်နေခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့လက ဈေးအနီးက ပေရှစ်ဆယ်ပတ်လည် မြေတစ်ကွက်ကို ကျပ်သိန်းနှစ်သောင်းနဲ့ လာ ၀ယ်တာပိုင်ရှင်က မရောင်းဘူး”ဟု အိမ်ခြံမြေအကျိုးဆောင် ကိုတူးက ပြောသည်။
စီတာပူ ရပ်ကွက်ရှိ လမ်းမကြီးတစ်လျှောက်တွင်လည်း ပေ (၈၀) ပတ်လည် အိမ်ခြံမြေ တစ်ကွက် လျှင် ကျပ် သိန်း (၃)ထောင်ရှိ ပေါက်ဈေးရှိနေသည်။
မြစ်ကြီးနားမြို့ရှိ ရပ်ကွက်ငယ်များဖြစ်သည့် ရာဒါကောင့်ရပ်ကွက်နှင့် ထီဝင်းရပ်ကွက်များတွင် ပေ (၈၀) ပတ်လည် မြေတစ်ကွက်လျှင် ကျပ် သိန်း (၁၀၀ မှ ၃၀၀) ကြား အရောင်းအ၀ယ်ဖြစ်နေ ကြောင်းကိုလည်း သိရသည်။
လုဆိုင်း- ကချင်ပြည်နယ်(မြစ်မခ)
Source by : Shwe MyitMakha Media Group




.jpg?width=750)

0 comments:
Post a Comment