Home » , , » ဘတ်သန်း(၁၂၀)ဖိုး မြင်းဆေးများ ထိုင်းဘက်တွင် ဖမ်းမိ

ဘတ်သန်း(၁၂၀)ဖိုး မြင်းဆေးများ ထိုင်းဘက်တွင် ဖမ်းမိ

Written By မောင်စေတနာ on Saturday, October 27, 2012 | 2:34:00 PM


မြန်မာနိုင်ငံဘက်ခြမ်းမှ ဘန်ကောက်မြို့သို့ ပို့ဆောင်မည့် ထိုင်းဘတ်ငွေ သန်း(၁၂၀)တန်ဖိုး မြင်းဆေး (ခေါ်) ရာဘဆေးပြား (၄)သိန်းနှင့် ထိုင်းနိုင်ငံသား ၆ ဦးအား ထိုင်းအာဏာပိုင်များက ချင်းရိုင်ခရိုင်တွင် ဖဖ်းဆီးခဲ့ကြောင်း သိရသည်။ 

“ချင်းရိုင်းခရိုင်ထဲက မယ်ဖလုံမှာ မုံးလူမျိုးတွေနဲ့အတူ မူးယစ်ဆေးတွေ ဖမ်းမိတာ ဖြစ်ပါတယ်၊ မူးယစ် ဆေးတွေကိုတော့ မြန်မာနိုင်ငံ ဖက်ခြမ်း ကနေ သယ်ယူလာကြတာ၊ အဲ့ဒီနယ်စပ်မှာ ၀င်ထွက်နေကြတာ အနီးစပ်ဆုံးက ယိဆေးအဖွဲ့ပဲရှိတယ်” လို့ ထိုင်းဘာသာစကားနဲ့ ပြောခဲ့ပါတယ်။ ချင်းရိုင်းခရိုင်က မယ်ဖလုံ စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ (၂၄)ရက်နေ့က မုံးလူမျိုး (၆)ယောက်မှ ရှမ်းပြည်နယ် မိုင်းတုန်မြို့နယ်အတွင်းရှိ ပြည်သူစစ်ခေါင်းဆောင် ဦးယိဆေးတပ်ဖွဲထိန်းချူပ်နယ်မြေမှ ယူဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။ 

ရှမ်းပြည်နယ် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်အသက် ၆၆ နှစ်အရွယ်ရှိ ဦးယိဆေးသည် မူးယစ်ဆေးကုန်ကူး မှုတွင် ထိပ်တန်း ပါဝင်သူအဖြစ် ထိုင်းမှအစိုးရကနေ ဧပြီလအတွင်းကဖမ်းဝရမ်းစာရင်း ၂၅ ဦးထဲမှာ ပါဝင်၍ ထိုင်းဘတ်ငွေ တစ်သန်းဆုငွေ ထုတ်ပြန်ခံထားရသူဖြစ်သည်။ ထိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် ထိုင်းမြန်မာနယ်စပ်တွင် မြင်းဆေး အလုံးရေ (၅)သန်းရောက်ရှိနေကြာင်း ထိုင်းစစ်တပ်မှ သတင်းပေးများထံ သတင်းရရှိထားပြီး သတင်းပေးတွေထံက သတင်းရရှိထားပြီး လုံခြုံရေး တင်းတင်းကြပ်ကြပ်ချ ထားချိန်တွင် အခုကဲ့သို့ ဖဖ်းဆီး ရမိ ခြင်းဖြစ်သည်။ 

“ဒီဘိန်းကတော့ ၄၉ မြို့နယ်က မနှစ်က စိုက်နေတဲ့ဟာတွေက အခု ဒီနှစ်လည်း အခုထိ သတင်းရ နေတုန်းဖြစ်တယ်၊ သို့သော်လည်းပဲ တချို့နေရာတွေကတော့ ကချင်နဲ့ ဗမာ့တပ်မတော်နဲ့ တိုက်တဲ့ နေရာတွေကြတော့ နည်းနည်းလေး လျှော့တဲ့ဟာ ရှိတယ်၊ သို့သော်လည်းပဲ အဲ့ဒီမှာ လျှော့တဲ့ဟာ ဒီပြင့်မှာ လာတိုးတယ်။ သို့သော်လည်းပဲ ဒီဥစ္စာတွေက အနည်းအကျဉ်းတွေပဲ ဒါတွေက။ အများတော့ မဟုတ်ဘူး၊ အများကတော့ အရင်က အတိုင်းပါပဲ။” 

ရှမ်းပြည်နယ်မူးယစ် ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် ဦးခွန်ဆိုင်း ပြောသည်။ အာဖဂန်နစ္စတန် နိုင်ငံပြီးပါက မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုဒုတိယ အများဆုံး နိုင်ငံအဖြစ် ဆက်တည်ရှိနေကြောင်း သိရသည်။ တစ်နှစ်လျှင် ကိုကင်းသုံးစွဲမှုကြောင့် လူဦးရေ ၂သိန်းနီးပါး သေဆုံးမှုရှိနေကြောင်းကိုလည်း UNODCမှ ၂၀၁၂ခုနှစ်အတွက် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ 

Source by :Shwe MyitMakha Media Group
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။