ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ကို ၂၀၁၃ မေလကုန်တွင် အပြီးသတ် စာချုပ်ချုပ်ဆို၍ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပို့ဆောင်
ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင် ညွှန်ကြားရေးမှူး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင်ဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွင် ပုဂ္ဂလိက လုပ်ဆောင်ရန် ပဏာမ အရည်အချင်း စစ်ဆေးခြင်းအနေဖြင့် လျှောက်လွှာတင်သွင်းမှုကို ဒီဇင်ဘာ ၅ ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၆ ရက်မှ ၂၈ ရက်အတွင်း အရည်အချင်း စစ်ဆေးပြီး အောင်မြင်သော ကုမ္ပဏီများမှ တင်ဒါခေါ်ယူခြင်း၊ မတ်လအတွင်း စီမံကိန်း ဆောင်ရွက်ရန် တင်ဒါများ စိစစ်ရွေးချယ်ခြင်း ပြုလုပ်သွားမည်ဟု သိရသည်။
“မေလကုန်မှာတော့ အပြီးသတ်စာချုပ် ချုပ်ဆိုပြီး လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးသွားမှာပါ” ဟု ညွှန်ချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် လေယာဉ်ကွင်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးနောက် ကုမ္ပဏီအဖွဲ့အစည်း တစ်ခုအဖြစ်သာ ရပ်တည်သွားတော့မည် ဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ပြီးနောက် လက်ရှိဝန်ထမ်းများကို ဆက်လက်ထားရှိသွားမည်ဖြစ်ကာ ကုမ္ပဏီမှ လစာပေး ဝန်ထမ်းအဖြစ် ငါးနှစ်ခန့်သွားရမည်ဟု သိရသည်။ ရန်ကုန်လေဆိပ်သည် လက်ရှိအချိန်တွင် ခရီးသည် ဝင်ထွက်မှုမှာ ၂ ဒသမ ၈ သန်းရှိပြီး ထပ်မံတိုးချဲ့ တည်ဆောက်မည်ဆိုပါက ၅ ဒသမ ၅ သန်းအထိ ဝင်ထွက်နိုင်သော အဆင့်အထိသာ တာဝန်ယူ လုပ်ဆောင်သွားမည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source by : International News fir Myanmar
0 comments:
Post a Comment