အမေရိကန်နိုင်ငံရှိ သမ္မတရုံးစိုက်ရာ အိမ်ဖြူတော်၏ ကွန်ပျူတာ ကွန်ရက် စနစ်အား ဟက်ကာများ၏ ထိုးဖောက် တိုက်ခိုက်မှုများ ခံခဲ့ရသည်ဟု အိမ်ဖြူတော်က အတည်ပြုပြော ကြားလိုက်သည်။
အိမ်ဖြူတော်၏ ကွန်ပျူတာ ကွန်ရက်အား သတင်း အချက်အလက်များ ရယူရန် တိုက်ခိုက်သည့် ပုံစံမျိုးဖြစ်ကာ ၎င်းတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သည့် အဖွဲ့အစည်းရှိနေသည်ကို ယခုထိ မ
သိရှိရသေးပေ။
အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေက ယင်းသို့သော တိုက်ခိုက်မှုများမှာ မကြာခဏဖြစ် လေ့ရှိပြီး ၎င်းဟက်ကာများ၏ ကြိုးပမ်းမှုများကြောင့် ထိခိုက်နစ်နာမှု မရှိခဲ့ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်တွင် အိမ်ဖြူတော် ကွန်ပျူတာ ကွန်ရက်စနစ်အတွင်းမှ မည်သည့် အချက်အလက်မျှ ခိုးယူ ခံခဲ့ရခြင်း မရှိကြောင်းနှင့် မိမိတို့ ကွန်ရက်စနစ်အား ချိုးဖောက်ရန် ကြိုးပမ်းမှုများသည် မည်သည့်အခါကမျှ အကျိုးသက် ရောက်မှု မရှိခဲ့ဟု ကာနေးက ပြောကြားခဲ့သည်။
နည်းပညာ ကျွမ်းကျင်သူများက ယခုတိုက်ခိုက်မှုသည် တရုတ်နိုင်ငံမှ ဖြစ်သည်ဟု ဆိုသော်လည်း အိမ်ဖြူတော်က အတည်ပြု ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
Source by :Royal Hero Media
0 comments:
Post a Comment