သွားနှင့်ခံတွင်း သန့်ရှင်းစေရန် အလေးဂရုပြုသင့်
သွားဘက်ဆိုင်ရာ ပြောင်းလဲမှုကို လိုက်နာကျင့်သုံး နေထိုင်ခြင်းသည် လူသား တို့၏ ဘဝသက်တမ်း ဆွဲဆန့်နိုင်ရေး အတွက် တစ်စိတ်တစ်ပိုင်းမှ အရေးပါသော ကျန်းမာရေး စောင့်ရှောက်မှု နည်းဖြစ်သည်။ ခံတွင်း ကျန်းမာရေး ကောင်းမွန်မှုကြောင့် ခန္ဓာကိုယ်အတွင်း ကျန်းမာရေး ကောင်းမွန် မှုကို ရရှိခံစားရမည် ဖြစ်သည်။
ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ထားသော ခံတွင်း ကျန်းမာရေးသည် ပါးစပ် ထဲတွင် နှုတ်ခ
မ်းကွဲ၊ အာခေါင်ကွဲမရှိ၊ ကင်ဆာရောဂါ၊ နာတာရှည်ရောဂါ၊ သွားဖုံးရောင် ရောဂါများလည်း မရှိ၊ သွားပိုးစားရောဂါ၊ သွားနုတ် ထားခြင်း မရှိ၊ ရောင်ခြင်း၊ နာခြင်းလည်း မရှိခြင်းနှင့်အတူ သွားသည် သွားအတိုင်း ကျန်းမာနေလျှင် ခံတွင်းကျန်းမာရေး ကောင်းမွန်သည်ဟု သတ်မှတ်ပါသည်။
သွားဘက်ဆိုင်ရာ ရောဂါသည် အရွယ်မရွေး၊ ကြီးငယ်မရွေး နာခြင်း၊ ကိုက်ခြင်း ဖြစ်တတ်ပြီး ခံစားမှုပေါင်း များစွာကို ခံစားကြရသည်။ သွားသည် သွားပိုးကြောင့် အပေါက်ဖြစ်လာသည် မဟုတ်ဘဲ သွားမျက်နှာပြင်များ ဆွေးမြေ့ရာမှ အပေါက်ဖြစ်လာပြီး စာကြွင်း၊ စားကျန်များကို သွားမတိုက် မသန့်စင်သောအခါ အချိန် ကြာလာသည်နှင့် အမျှ သွားပေါ်မှ ကြွေသွားလွှာများ ဆွေးမြေ့ကာ အပေါက် ဖြစ်သွားသည်။
ဤသို့ဖြင့် သွားပေါက်အတွင်း ဗက်တီးရီးယားပိုး ဝင်ရောက်ပြီး သွားကိုက်၊ သွားနာရောဂါများနှင့် အတူ နောက်ဆက်တွဲ ရောဂါများ ဖြစ်လာရသည်။
ထို့ကြောင့် သွားကို ညအိပ်ရာမဝင်မီနှင့် မနက်အိပ်ရာထချိန်၊ အစာစားပြီး ချိန်တို့တွင် တစ်ကြိမ်စီ တိုက်ပေးရမည် ဖြစ်သည်။ သွားတိုက်ရာတွင်လည်း ကန့်လန့်ဖြတ် မတိုက်ဘဲ အထက်အောက် အနည်းဆုံး သုံးမိနစ်ကြာ တိုက်ရမည် ဖြစ်သည်။
သို့ဖြစ်ရာ သွားဘက်ဆိုင်ရာ ပြောင်းလဲခြင်းကို လိုက်နာကျင့်သုံးခြင်းဖြင့် မွေးကတည်းက ကောင်းမွန်စွာ ပါလာသော သွားသည် သက်တမ်းစေ့စွာ ထိထိရောက်ရောက် အသုံးပြုနိုင်ပြီး သွားရောဂါ များနှင့်လည်း ကင်းဝေး နိုင်မည် ဖြစ်ပါသည်။
Source by :Royal Hero Media
0 comments:
Post a Comment