
အစိုးရဆေးရုံများ ကုန်ကျစရိတ်များအစိုးရပိုင် ဆေးရုံများသို့ တက်ရောက် ကုသနေသည့် လူနာရှင် အများစုတွင် ဆေးဝါးကုန်ကျစရိတ် ကြီးမားမှုကြောင့် ကုသရေးတွင် အခက် အခဲများ ကြုံနေရကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်သူ လူနာရှင်များက အောက်တိုဘာ ၇ ရက်နေ့တွင် လူထုပုံရိပ်သို့ပြောသည်။
"ကျွန်မ ယောကျာ်းက ၁ လပိုင်းထဲက လာတက်ရတယ်။
ဆေးရုံ တက် ဖို့အတွက် အိမ်ကို ၈ သိန်းနဲ့ရောင်းခဲ့ ရတယ်။ ပထမအဆောင် မှာတုန်းက ဆရာဝန် လည်းကောင်းတယ်၊ စရိတ် လည်းသက်သာ တယ်။ ဒုတိယ အဆောင်ရောက်တော့ ဆရာဝန်တွေက မကောင်းဘူး။ စရိတ်တွေလည်း ကြီး တယ် အခုလည်း ပိုက်ဆံမလောက် လို့ ရွာကို ဖုန်းဆက်ရတယ်" ဟု ဧရာဝတီတိုင်း ရေကြည်မြို့နယ် တွင်နေသူ ဒေါ်သန်းမြင့် ကပြောသည်။
နယ်မှ တက်ရောက်ကြသော လူနာရှင်အများစုသည် သွားရေးလာ ရေး အခက်အခဲ တွေ့ကြုံနေရကြောင်း၊ ဆေးဝါးကုန်ကျစရိတ် မှာလည်း များခြင်း ကြောင့် ငွေကြေး မလုံလောက်သည့် ပြဿနာများ ရှိလာကြောင်း ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင် နေသူ ဒေါ်သင်းသင်းက ဆိုသည်။ သင်္ဃန်းကျွန်းဆေးရုံတွင် တက်ရောက် လျက်ရှိသော လူနာရှင် ကလည်း "အဆင်မပြေလို့ ပုဂ္ဂလိက ဆေးရုံမှာ မထားဘဲနဲ့ အစိုးရဆေးရုံ မှာ သွားထားတာ စရိတ်က သိပ်မကွာဘူး။
တချို့သူနာပြုလေးတွေက သဘော ကောင်းပေမယ့် တချို့ သူနာပြုတွေက ဆက်ဆံရေးမကောင်းဘူး။ ပိုက်ဆံရှိမှ လူနာလို့ထင်ထားတာ၊ ပိုက်ဆံမရှိရင် လူနာလို့ မသတ်မှတ်ဘူးလား" ဟု ပြောသည်။
လူနာရှင်များ ဆေးဖိုးကုန်ကျ စရိတ်များ၍ အခက် ကြုံနေရခြင်းနှင့်ပတ်သက်၍ ဒေါက်တာ နိုက်တင်ဂေးနှင့် ဆက်သွယ်မေးမြန်း ရာတွင် "ဆေးရုံမှာ Social Worker သိပ်မတွေ့ရဘူး။
တကယ်မတတ်နိုင် တဲ့သူတွေကို Social Worker က ဆောင်ရွက်ပေးရမှာ၊ တကယ်တမ်းက ဆိုင်းဘုတ်နဲ့ အခန်းမတွေ့ရဘူး။ ငွေ ကုန်ကျစရိတ် များတယ်ဆိုတာက ရောဂါပေါ် မူတည်ပါတယ်။ အဓိက, က ရောဂါကုသရေး၊ ရှာဖွေရေးမှာ အဆင့်များပြီး ရှုပ်ထွေးရင် ကုန်ကျ စရိတ်များတယ်။ ဆရာဝန်ရဲ့ ထောက် ခံချက်ပါရင် တစ်ဝက်ရပါတယ်"ဟု ၄င်းက သုံးသပ်ပြောကြားသည်။
Source by :http://yoyarlay.com/
0 comments:
Post a Comment