Home » » ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိ လက်ရောက်စော်ကားမှု (ပါးရိုက်မှု)အပေါ် ၀န်ချတောင်းပန်

ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိ လက်ရောက်စော်ကားမှု (ပါးရိုက်မှု)အပေါ် ၀န်ချတောင်းပန်

Written By မောင်စေတနာ on Wednesday, October 24, 2012 | 10:20:00 AM


ကိုယ်ထိ လက်ရောက်စော်ကားခဲ့(ပါးရိုက်)မှု အပေါ်ဝန်ချတောင်းပန် ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိ လက်ရောက် စော်ကားခဲ့မှုအပေါ် ကျူးလွန်ခဲ့သူ ဂျပန်နိုင်ငံသားမှ ၀န် ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေ ပေးအပ်ခဲ့ သည့် သိန်း ၁၃၀ အနက် သိန်း၁၀၀ အား လူမှုအဖွဲ့အစည်း များသို့ ပြန်လည် လှူဒါန်းခဲ့ကြောင်း အော့ခ်ခစ်ဟိုတယ် ၀န်ထမ်း မအေးအေးကြည် က ပေါ်ပြူလာ နယူးစ်သို့ပြောသည်။ 

 “သိန်း ၁၃၀ မှာ သိန်း ၃၀ က တရားရေးစရိတ်အဖြစ် ဟိုတယ်က စိုက်ပေးထားတဲ့ငွေမို့ ဟိုတယ်ကို ပြန်ပေးတာပါ။ ကျန်တဲ့သိန်းတစ်ရာ ကို ညီမပိုင်ငွေမို့အားလုံးလှူဒါန်းခဲ့ပါတယ်” ဟု မအေးအေးကြည် ကပြောသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်က ဟိုတယ်သို့ လာရောက်တည်းခို သည့် ဂျပန်နိုင်ငံသား မစ္စတာ အိုကာအာဂျီတာ ကာရှီမှ ပြင်ပမှ အမျိုးသမီးတစ်ဦးကို ဟိုတယ်သို့ခေါ်ဆောင် လာသည့် အတွက် ဟိုတယ် စည်းကမ်းနှင့် မညီသဖြင့်တားမြစ်ခဲ့သည်တွင် ဂျပန်နိုင်ငံသားမှ မအေးအေးကြည်အား ကိုယ်ထိလက်ရောက် (ပါးရိုက်ခဲ့) စော်ကားခဲ့ခြင်းအတွက် နှစ်ဦးနှစ်ဖက် တရားရင်ဆိုင် ခဲ့ခြင်းဖြစ်သည်။ 

 “အခုလို ၁၀ လကျော် တစ်နှစ်နီးပါး ဘာကြောင့် တရားရင်ဆိုင်ခဲ့ရသလဲဆိုရင် ညီမလိုမဟုတ်ဘဲ ဆင်းရဲနွမ်းပါးပြီး ဘာမှ အသိဥာဏ်မရှိတဲ့ မိန်းကလေးတွေဆိုရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ စိတ်ခံစားမှုနဲ့လုပ်ဖြစ်တာပါ။ မြန်မာမိန်းကလေးကို ဘယ်နိုင်ငံခြားသားကမှ ကိုယ်ထိလက်ရောက် စော်ကားလို့မရဘူးဆိုတာကို သိစေချင်လို့ပါ” ဟု ၄င်းကပြောကြားသည်။ 

အဆိုပါ ကိစ္စရပ်များအတွက် ၀န်ချတောင်းပန်မှုကို အော့ခ်ခစ်ဟိုတယ် ခန်းမတွင် အောက်တိုဘာလ ၂၃ ရက်က မီဒီယာအချို့နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ ရှေ့မှောက်တွင်ဆောင်ရွက်ခဲ့ပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့် ဂျပန်နိုင်ငံသား မစ္စတာ အိုကာအာဂျီတာကာရှီ မှ ယခုလို ဂျပန်နှင့်မြန်မာချစ်ကြည် ရင်းနှီးမှုတည်ဆောက်နေသည့်အချိန်တွင် ယခုကဲ့သို့ မှားယွင်းမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ခွင့်လွှတ်ပေးပါရန် တောင်းပန်ပါကြောင်း ကာယကံရှင် မအေးအေးကြည်အား တောင်းပန်စကားဆိုခဲ့သည်။ 

 “လူအများရှေ့မှာ အခုလိုတောင်းပန်တဲ့အတွက် ညီမအနေနဲ့ကျေနပ်ပါတယ်” ဟု မအေးအေးကြည်က အဆိုပါကိစ္စအပေါ် သူ့ခံစားမှုကိုပြော သည်။ နစ်နာကြေးရရှိခဲ့သည့် ငွေများအနက် ငွေသိန်း ၁၀၀ အား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ် အမျိုးသမီးရေး ရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ နှင့်ယင်းလက်အောက်ရှိ သားဖွားခန်းတည်ဆောက်ရေးအတွက်၊ မျက်မမြင်ကျောင်း၊နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ နာရေးကူညီမှုအသင်း၊ မြသိန်းတန်ဘုန်းတော်ကြီးကျောင်းနှင့် လက်ခုပ်ကုန်းတိုက်နယ်ဆေးရုံ များသို့ ငွေကျပ် ၁၀ သိန်းစီ အသီးသီးပေး အပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ 

Source by :http://yoyarlay.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။