Home » , , » ကိုယ့်တိုင်းပြည်ကောင်းဖို့ လုပ်ပေးရာမှာ အော်စကာဆုရဖို့ မလိုပါဘူး Charlize Theron

ကိုယ့်တိုင်းပြည်ကောင်းဖို့ လုပ်ပေးရာမှာ အော်စကာဆုရဖို့ မလိုပါဘူး Charlize Theron

Written By မောင်စေတနာ on Sunday, September 9, 2012 | 4:14:00 PM



ကိုယ့်တိုင်းပြည်ကောင်းဖို့ လုပ်ပေးရာမှာ အော်စကာဆုရဖို့ မလိုပါဘူး Charlize Theronရုပ်ရှင် သရုပ်ဆောင် ချားလ်(ဇ်) သီယွန်ကို တောင်အာဖရိက ဂျိုဟန်နာ စဘတ်ရှိ ဘီနိုနီမြို့ငယ်လေး မှာ ၁၉၇၅ ဩဂုတ်လ ၇ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်က ပြင်သစ်၊ မိခင်က ဂျာမန်သွေးစပ်ပါတယ်။ ၁၆နှစ်အရွယ်မှာ မော်ဒယ်အဖြစ် ခြေလှမ်းစခဲ့ပြီး နောက်နှစ်မှာ ဥ ရောပကိုသွားရာကနေ နယူး ယောက်ကိုရောက်လာခဲ့ပါတယ်။ မော်ဒယ်လောကကို စွန့်ခွာပြီး သ ရုပ်ဆောင်လိုင်းထဲဝင်ဖို့ ဟောလိ ဝုဒ်ကိုရောက်လာပေမယ့် အစပိုင်း မှာအောင်မြင်မှုမရခဲ့ပါဘူး။

ကြိုး စားရင်း သရုပ်ဆောင်ခွင့်ရလာပြီး ၂၀ဝ၃ ခုနှစ်မှာMonster ဇာတ် ကားနဲ့ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်အော်စကာဆုနဲ့ ရွှေ ကမ္ဘာလုံးဆုရခဲ့ပါတယ်။ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကြောင့် မဂ္ဂဇင်း၊ စာစောင်တွေမှာ ခေါင်းစဉ် အမျိုးမျိုးနဲ့ ရွေးချယ်မှုတွေခံထားရသူပါ။ သူ့ရဲ့မွေးဇာတိနဲ့ပတ်သက် ပြီး..“တောင်အာဖရိကနိုင်ငံသူဖြစ် ရတာကိုဂုဏ်ယူပါတယ်။ ဒီအ ကြောင်းနဲ့ပတ်သက်လို့ ကျွန်မလူ တွေအပေါ် ရိုးသားမှုရှိပါတယ်။

အ စွမ်းရှိသလောက် တတ်နိုင်သ လောက်လုပ်ပေးဖို့ ကတိပေးပါ တယ်။ ကိုယ့်တိုင်းပြည်ကောင်းဖို့ လုပ်ပေးရာမှာ အော်စကာဆုရဖို့မ လိုပါဘူး။ ကျွန်မတို့အားလုံးလုပ်နိုင် ပါတယ်”။ သူ့မိခင်အကြောင်းပြော ပြရာမှာ..“အမေက ကျွန်မအ တွက် အလွန်ထူးခြားတဲ့စံနမူနာဖြစ် ပါတယ်။ အမေမပါဘဲနဲ့ ကျွန်မရဲ့ ဘဝကို ဖြတ်သန်းရမလဲဆိုတာ မ စဉ်းစားရဲဘူး။ ကျွန်မ ခုလိုဖြစ်လာ ရတာ အမေ့ရဲ့ဩဇာလွှမ်းမိုးမှု ကြောင့်ပါပဲ။

ကျွန်မရဲ့ဘဝကို ခုချိန် မှာ ပြန်စဉ်းစားလိုက်တဲ့အခါ အရာ ရာကိုကိုင်တွယ်ရင်ဆိုင်နိုင်တယ်ဆို တာက မိခင်ရဲ့ပြုစုပျိုးထောင်မှု ကြောင့်ဖြစ်တယ်ဆိုတာ နားလည်သဘောပေါက်ပါတယ်။ ကျွန်မရဲ့ လုပ်ဆောင်မှုနဲ့ ဆုံးဖြတ်ချက်တွေ အတွက် ကျွန်မမှာသာတာဝန်ရှိပါ တယ်”။ သူ့ဘဝနဲ့ပတ်သက်ပြီး.. “ကျွန်မရဲ့ဘဝက အလွန်ရိုးစင်းပါ တယ်။ ရုပ်ရှင်ကားကြီးတွေရိုက်ပြီး ပိုက်ဆံတွေအရမ်းချမ်းသာဖို့မဟုတ် ပါဘူး။

ကျွန်မမှာရွက်လှေ ဒါမှမ ဟုတ် ကိုယ်ပိုင်လေယာဉ်ပျံမရှိပါ ဘူး။ ဒါတွေအတွက် ပူပန်စရာမလို ပါဘူး။ ဈေးကြီးတဲ့အိမ်ကိုဝယ်ပြီး အြွေကးတွေပြန်ဆပ်နိုင်ဖို့ အလုပ် တွေဖိလုပ်ဖို့မလိုပါဘူး။ ကိုယ့်ရဲ့ဘဝ မှာ ရိုးရိုးသားသားနေနိုင်ဖို့က အ ရေးကြီးပါတယ်”။ အသက်အရွယ်နဲ့ ပတ်သက်လို့..“အသက်ကြီးလာ တော့ မျက်နှာမှာဇရာအစင်းတွေ ပေါ်လာတယ်။ ရင်သားတွေတွဲကျ လာတယ်။ ဒါပေမဲ့ အသိÓဏ်တွေ ရလာတယ်။ ဒါကတော့ မဆိုးပါ ဘူး”။

Source by :www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။