ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသား ရေးရာဝန်ကြီးဌာနများ ပါဝင်ခွင့်ရတော့မည်တိုင်းရင်းသားရေးရာ ၀န်ကြီး များကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် ပါဝင် ခွင့်ပြုမည် ဖြစ်ကြောင်း သမ္မတက တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် တွေ့ဆုံ ရာတွင် ပြောကြား ခဲ့ကြောင်း ရှမ်းပြည်နယ်၊ ကချင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဒူးဝါးဇုတ်ဒေါင်က ပြောသည်။
"ပြည်သူ့ကိုယ်စား တောင်းဆို တာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ပြီး တိုင်း ပြည်သူတွေ က မေးကြတယ်။ ဘာအကြောင်းတွေ ဆွေးနွေးသွားလဲ။ ဘာကြောင့် အဖြေမရသေး တာလဲ မေးရင် အရင်က မပြောပြတတ်ဘူး။ ပါဝင်ခွင့်ပေးမယ်ဆိုရင် စေ့စပ်ညှိနှိုင်းပေးနိုင်သလို ပြည်သူတွေကိုလည်း ပြောပြနိုင် မယ်"ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးတို့သည် ယနေ့နေ့လည်တွင် နေပြည်တော်တွင် ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တိုင်းရင်းသားရေးဝန်ကြီးများက ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ပါဝင်ခွင့်ရရှိရေးနှင့် အဆောင်အယောင်နှင့် လုပ်ပိုင်ခွင့်များပါဝင်သော အချက်ငါးချက်ကို တောင်းဆိုရာ သမ္မတက လိုက်လျောခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ သမ္မတနှင့် မတွေ့ဆုံမီတိုင်းရင်းသားရေးရာဝန်ကြီးများသည် စက်တင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့ရှိ အင်းလျား လိတ်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
Source by :http://www.yoyarlay.com

0 comments:
Post a Comment