Home » , » မြန်မာနယ်ထဲ လက်နက်ကိုင်၊ ရာဘာစိုက်တဲ့ ထိုင်းလုပ်ငန်းရှင်များ

မြန်မာနယ်ထဲ လက်နက်ကိုင်၊ ရာဘာစိုက်တဲ့ ထိုင်းလုပ်ငန်းရှင်များ

Written By မောင်စေတနာ on Wednesday, July 11, 2012 | 12:53:00 AM



လက်နက်နဲ့ထိုင်း ၆၁ ဦး ဖမ်းမိတယ် ဆိုတဲ့ နယ်စပ်ဒေသ၀န်းကျင်

မြန်မာနိုင်ငံထဲမှာ ရော်ဘာခြံလုပ်ငန်း တရားမ၀င် လာလုပ်တဲ့ ထိုင်းတွေကို ဖမ်းထားတယ် တဲ့။

ဒီလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ဖမ်းဆီးရမိသမျှကို အခုလို တွေ့ရပါတယ်။

နေရာ - တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ခမောက်ကြီးမြို့နယ်ခွဲ
ထိုင်းနိုင်ငံသား ၆၁ ဦး
ရော်ဘာစိုက်ဧကပေါင်း ၁,၅၀၀ ခန့်

M 16 - ၅ လက်
AR 15 - ၂ လက်
AK 47 - ၂ လက်

ဝင်ချက်စတာ သေနတ် - ၅ လက်
ပွိုင့် ၃၈ ခြောက်လုံးပြူး - ၃ လက်
ပွိုင့် ၃၅၇ ခြောက်လုံးပြူး - ၁ လက်

လုပ်သေနတ်ရှည် - ၉ လက်
လုပ်သေနတ်တို - ၂ လက်
မိုင်း - ၁ လုံး

လက်ပစ်ဗုံး - ၁ လုံး
၅ ဒသမ ၅၆ ကျည် - ၄၂ တောင့်
AK 47 ကျည် - ၁၁ တောင့်

ပွိုင့် ၃၈ ကျည် - ၃၆ တောင့်
လုပ်သေနတ်ကျည် - ၁၂၅ တောင့်
ကျည်အိမ်မျိုးစုံ - ၃၂ ခု

မြေထိုးစက် - ၃ စီး
ယာဉ်ငယ်မျိုးစုံ - ၁၇ စီး

ဘက်ဟိုးယာဉ် - ၅ စီး
ဆိုင်ကယ် - အစီး ၂ဝ

ထိုင်းတွေက ဘန်ကောက်မြို့ပေါ်မှာတောင် လက်နက်တွေ ဆောင်ထားကြတာ နယ်စပ်မှာ ဒီလိုလက်နက်တွေ ကိုင်တာ မဆန်းဘူးလို့ ဆိုရပါမယ်။

ထိုင်းစာနယ်ဇင်းတွေမှာတော့ ဒီထက်ပိုပြီး ရေးထားပါတယ်၊ ဖမ်းမိတာ လက်နက်တွေတင်မကဘူး၊ စိုက်ပျိုးထားတဲ့ ဆေးခြောက်ပင်တွေကိုပါ မိတယ် တဲ့။ ထိုင်း ဒုဝန်ကြီးချုပ် Yutthasak Sasiprapa ကို ကိုးကား ရေးထားကြတာပါ။

မြန်မာအစိုးရသတင်းမှာတော့ မူးယစ်ဆေးကိစ္စ မတွေ့ရပါ။ ထိုင်းသတင်းတွေ မှန်တယ် ဆိုရင်တော့ ဖမ်းတဲ့သူတွေက ဆေးခြောက်ပင်တွေကို စာရင်းဖျောက်လိုက်တာလည်း ဖြစ်နိုင်သလို ဒီအကြောင်းကို ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။

ဒီရက်ပိုင်းမှာပဲ ထိုင်း ဒုကာချုပ်နဲ့အဖွဲ့ မြန်မာပြည်ကို ရောက်သွားပါတယ်။ သူက သမ္မတဦးသိန်းစိန်၊ မြန်မာကာချုပ် တို့နဲ့လည်း တွေ့ပါတယ်။

ဒီလောက် အဆင့်မြင့်တဲ့ ဧည့်သည်အဖွဲ့ရဲ့ ခရီးစဉ် ဆိုတာ ကာလအတန်ကြာကတည်းက ပြင်ဆင် ညှိနှိုင်းရပါတယ်။

ဒီဧည့်သည်တွေ လာခါနီး ရက်ပိုင်းအလိုမှ ဒီအဖမ်းအဆီးတွေ ပေါ်ပေါက်လာတာပါ။

နယ်စပ်ကလုပ်ငန်းအများစုဟာ နယ်မြေခံလက်နက်ကိုင်အဖွဲ့များကို ဆက်ကြေးပေး လာဘ်ထိုးပြီး လုပ်ရလေ့ ရှိပါတယ်။

အခုလို ဖမ်းလိုက်တာဟာ
- ဆက်ကြေးမရတာကြောင့်လား?
- ထိုင်းစစ်ဘက်ခေါင်းဆောင်ခရီးစဉ်အတွင် စကားပြောဆွေးနွေးတဲ့အခါ ဒီလူတွေကို လွှတ်ပေးတဲ့နည်းနဲ့ လက်ဆောင်ပေးချင်တာလား?
- ဖမ်းတာနဲ့ ခရီးစဉ်က မတော်တဆ တိုက်ဆိုင်သွားတာများလား?
ဆိုပြီး စဉ်းစားစရာ ဖြစ်လာပါတယ်။

ဒီလ ၂၂ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ရဲ့ ဘန်ကောက် ၃ ရက် ခရီးစဉ် ရှိတယ်လို့ သိရပါတယ်။

သို့သော်လည်း ကော့သောင်းဒေသမှာ ဖမ်းထားတဲ့ ထိုင်းတွေ လွတ်မြောက်ရေးအတွက်ထိပ်ပိုင်းခေါင်းဆောင်အဆင့်မှာ ဆွေးနွေးတာထက် အဲဒီ နယ်စပ်ဒေသမှာ ရှိတဲ့ အာဏာပိုင်တွေချင်း ညှိနှိုင်းရင် ပိုအဆင်ပြေမယ်လို့ ထိုင်းဒုဝန်ကြီးချုပ်က သတင်းထောက်များကို ပြောပါတယ်။

ထိုင်းနိုင်ငံသားတွေ ဆီအုန်း၊ ရာဘာ စိုက်နိုင်ဖို့ မြန်မာပြည်ထဲမှာမြေနေရာ ငှားရမ်းဖို့ စီစဉ်မယ်လို့လည်း ပြောပါတယ်။

အခု မြန်မာပြည်မှာ အထိန်းသိမ်းခံနေရသူတွေဟာ နယ်စပ်ကထိုင်းတွေ မဟုတ်ဘဲ ဒေသအသီးသီးက ထိုင်းတွေဖြစ်ပါတယ် တဲ့။

ရာဘာစိုက်ဧက ၁၅၀၀ နဲ့ လက်နက်တွေ တွေ့တယ် ဆိုတဲ့ မြန်မာအစိုးရရဲ့ မူရင်းသတင်းကိုhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFDQKMO0p0IJnyvMo6NGtabXGQU0fUBKJ9gKBPlf4rxsauYan67NYVl38shN_1Xdahj17RIMrpmu-_qLEwNCgWnUzEfqh_wbaFLsOoAzxrv8e1GCiLDgE3APaIT1lepfjte6tf4DZRSYGT/s1600/308893_121658177943615_1487992863_a.jpg မှာ ဖတ်နိုင်ပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။