Home » , » ဧရာဝတီမှာ ၂၄နာရီမီးလင်းရေး

ဧရာဝတီမှာ ၂၄နာရီမီးလင်းရေး

Written By မောင်စေတနာ on Friday, May 4, 2012 | 1:06:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHT-QGC-MQNcWjYA3zYNosXZ2D1tFdXQSyUqTZ3j6cvlyxnOG3hqcXxv1tswJDN8o6r6E1dGp7cZgrULQU8YthKl_CBNNtUjjoOaEZL8oMuHmxVF-kconxyEapyZGW-YPzRGmXl6-pPPpg/s400/ctower.jpg

မြောင်းမြမြို့တွေမှာ တစ်နေ့ကို ၁နာရီလောက်ပဲ လျှပ်စစ်မီးရရှိပါတယ်။

ပုသိမ်မြို့မှာဆိုရင်လည်း တစ်နေ့ ၆နာရီလောက်သာ လျှပ် စစ်မီးရရှိပါတယ်။ မြို့နယ်လျှပ်စစ်ရုံးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ လျှပ်စစ်ဓာတ်အားမလုံလောက်လို့ မီးဖြတ်ထားတာလို့သိရပါတယ်။

မြို့နယ် လျှပ်စစ်ရုံးက တာဝန်ရှိသူတစ်ဦးကတော့ ရန်ကုန်ကိုလျှပ်စစ် ဓာတ်အားတွေပို့နေရလို့ ဒီဘက်ကိုဖြတ်ထား ရတာ။ ရန်ကုန်မှာက ၂၄နာရီ မီးမပေးနိုင်ရင် ၂၄နာရီ လျှပ်စစ်ဓာတ် အားရရှိရေး အဖွဲ့တွေက လှုပ်ရှားမှု တွေလုပ်ဆောင်မယ် လို့လှုံ့ဆော်နေတာကြောင့် ဧရာဝတီတိုင်း ဘက်ကိုဖြတ်ထားပြီး ရန်ကုန်ဘက်ကို မီးပေးနေရတာလို့ပြောပါတယ်။

အဲဒါကြောင့် ဧရာဝတီတိုင်းသားတွေလည်း ငြိမ်ခံမနေဘဲ ဧရာဝတီတိုင်းမြို့တော်ပုသိမ်နဲ့ အခြားမြို့တွေမှာ ၂၄ နာရီမီးရရှိရေးအတွက် ၀ိုင်းဝန်းလုပ်ဆောင်သွားဖို့နဲ့ လာမယ့် မေလ(၂)ရက်နေ့အထိမှ မီးမမှန်ရင် မြို့နယ်လျှပ်စစ်ရုံးရှေ့တွေနဲ့ အစိုးရအဖွဲ့ရုံးရှေ့တွေမှာ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြကြဖို့ ဧရာဝတီ မီးလင်းရေးအဖွဲ့က တိုက်တွန်း လိုက်ပါတယ်။

အခု mail ကိုလည်းတတ်နိုင်သလောက်ဖြန့်ဝေပေးဖို့နဲ့facebook တွေမှာshare ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဧရာဝတီတိုင်း လျှပ်စစ်မီးအကြောင်း နောက်ဆက်တွဲ ရောက်လာတဲ့ စာတစောင်

ဧရာဝတီတိုင်းမြို့တော်ပုသိမ်မြို့အပါအ၀င်မြို့တော်တော် များများမှာ လျှပ်စစ်မီးဆိုးဆိုး ၀ါးဝါးပြတ် တောက်လျက်ရှိပါတယ်။

အိမ်မဲမြောင်းမြ ဘက်တွေမှာဆို တနေကုန်မှာ တစ်နာရီလောက်ပဲလျှပ်စစ်မီးရရှိပါတယ်။ မီးရရှိချိန်မှာလည်း လျှပ်စစ်မီး ကိုဝိုင်းအသုံးပြုကြတဲ့အတွက် ၀န်မနိုင်ဘဲ မီးလာချိန်တစ်နာရီမှာတောင် မီးက ၁၀ခါလောက်ပြတ် နေပါတယ်။

ပုသိမ်မြို့မှာဆိုရင်လည်း တစ်နေ့ ၆နာရီပြတ် ၁၂နာရီလာဆိုပေမယ့် ၁၂ နာရီလာတဲ့အချိန်မှာ ၁၂ နာရီအပြည့်မလာဘဲ လာလိုက်ပြတ်လိုက်နဲ့ မီးလာချိန် ၆နာရီလောက် တောင်မရှိပါဘူး။ အခုအချိန်ဟာ အလွန်ပူပြင်းတဲ့နွေရာသီဖြစ်တာကြောင့် လျှပ်စစ်မီးပြတ်တောက်နေတာဟာ မီးဘေးအန္တရာယ်စိုးရိမ်ရသလို ရာသီဥတုကပူ မီးကပြတ်တော့ မြို့နေ ပြည်သူလူထုတွေ လူမှုဒုက္ခတွေကို ကိုယ်ရောစိတ်ပါ နွမ်းနယ်ခံစားနေရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးက ဦးအောင်တင်မြင့်က ရပ်ကွက်ဘက်ကိုစည်းရုံးရေးဆင်းတော့ ဘာအဆင်မပြေတာရှိလဲမေးတော့ ပြည်သူလူထုက လျှပ်စစ်မီး အလုံအလောက်မရရှိဘူးလို့ပြောတော့ လျှပ်စစ်မီးအလုံအလောက်ရဖို့ သူတာဝန်ယူဖြေရှင်းပေးမယ်ဆိုပြီး အခုမဲရှုံးတော့ လူတောင်မတွေ့ရတော့ပါဘူး။

လျှပ်စစ်မီးမလုံလောက်မှုကြောင့် မီးအားလျှော့တယ်လို့ပြောပေမယ့် မီးအားဆွဲများတဲ့ လမ်းမီးတိုင်က ဆိုဒီယမ်မီးတွေ၊ စက်ရုံ အလုပ်ရုံတွေနဲ့ ကိုယ်ပိုင်trasnformer ရှိတဲ့လုပ်ငန်းရှင်တွေရဲ့ အိမ်တွေ အလုပ်ရုံတွေမှာတေ့ မီးတွေ ထိန်ထိန်ငြီးနေပါတယ်။

အခုချိန်မှာ နည်းပညာတက္ကသိုလ် ကျောင်းသားတွေ စာမေးပွဲဖြေဆိုချိန်နဲ့တိုက်ဆိုင်နေတာကြောင့် မီးပျက်နေတာဟာ ကျောင်းသားတွေအတွက် အတော်လေးဒုက္ခရောက်နေကြပါတယ်။

မြို့နေ နည်းပညာတက္ကသိုလ် ကျောင်းသားတွေကတော့ နောက်တစ်ရက်နှစ်ရက် သူတို့စာမေးပွဲဖြေဆိုချိန် ထိမီးက အခုလိုပဲမီးဆက်လက်ပြတ်နေမယ်ဆိုရင် မြို့နယ်လျှပ်စစ်ရုံးကို ငြိမ်ချမ်းစွာ လှည့်လည် ဆီတန်းဆန္ဒပြဖို့ စည်းရုံးစီစဉ်ထားကြပါတယ်။

ပုသိမ်မြို့အပါအ၀င် ဧရာဝတီတိုင်းက မြို့တော်တော်များများမှာ လျှပ်စစ်မီးဆိုးဆိုးဝါးဝါးပြတ်တောက်နေလို့ မြို့နေပြည်သူ တွေ အတိဒုက္ခရောက်နေလို့ ဒီသတင်း ကို ကျေးဇူးပြုပြီးဖော်ပြပေးပါခင်ဗျာ။

တာဝန်မယူတဲ့ ပုသိမ်မြို့ကလျှပ်စစ်ဝန်ထမ်းများအကြောင်း ပေးစာ

ဒီရက်ပိုင်း ပုသိမ်မြို့အပါအ၀င် ဧရာဝတီ တိုင်းကမြို့တော်တော်များများမှာ လျှပ်စစ်မီးတွေ ဆိုးဆိုးဝါးဝါးပြတ် နေပါတယ်။

ပုသိမ်မြို့မှာ မီးက၆နာရီဖြတ်၁၂နာရီလာတယ်ဆိုပေမယ့်မီးလာတဲ့ အချိန်တွေမှာ ဘယ်တော့မှ မီးအပြည့်အ၀ မရှိပါဘူး။

မီးအား တွေသုံးမရအောင် နည်းတယ် လိုင်းရှော့တွေဖြစ်တယ်အဲလိုဖြစ်လို့၂၅၁၃၆မြို့နယ်လျှပ်စစ်ရုံး ကိုဆက်သွယ် မေးမြန်းရာ မှာတော့ "၀န်မနိုင်လို့ မီးဖြတ်ထားတယ် တနေ့ ၆နာရီ ဖြတ်ခွင့်ရှိတယ်" လို့သာ တာဝန်မယူဘဲ ခပ်ရိုင်းရိုင်း ပြောဆိုပါတယ်။

မီးလာချိန်မှာ မီးပျက်လို့ မေးရင်လည်း သူတို့က မိုက်မိုက်ရိုင်းရိုင်းတွေပြောတယ်။

မနေ့ကဆို မီးလာချိန်မှာ မီးမလာလို့ ဖုန်းဆက်မေးတာ ပထမကိုင်တဲ့တစ်ယောက်က "လာကြည့်ပေးမယ်" ပဲပြောတယ်။ အဲဒါနဲ့ ၂နာရီ လောက်သာကြာသွားတယ် မီးကမလာဘူး။ အဲဒါနဲ့ စိတ်ဆိုးဆိုးနဲ့ ထပ်ဆက်တော့ "တစ်မြို့လုံးပြတ်နေတာ ပြတ်မှာပေါ့ ဧရာဝတီ တစ်တိုင်းလုံး ဘယ်မြို့မှမလာဘူး သဘောပေါက်တယ်နော်" တဲ့။ ဒီလောက်မိုက်ရိုင်းပြီး တာဝန်မယူတဲ့ ၀န်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်။

တစ်နေ့ကို မီး၆နာရီဖြတ်ခွင့်ရှိတယ်ဆိုတဲ့စကားကို တော်တော် ဂုဏ်ယူပြီးပြောနေကြတာ။ သူတို့ကိုပဲ နိုင်ငံတော်သမ္မတကပဲ အာဏာပေးထား သလိုလို ၀န်ကြီးကပဲ အာဏာကုန်ပေးထားသလိုမျိုးကိုပြောနေတာ။

ပုသိမ်မြို့မှာ လျှပ်စစ်မီးဆိုးဆိုးဝါးဝါးပြတ်နေတာတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေမခြေမငံပြောဆို နေတာတွေကို သက်ဆိုင်ရာအထက်လူကြီးတွေသိရှိအရေးယူနိုင်ဖို့ တင်ပြလိုက်ပါတယ်။

(ဧရာဝတီတိုင်း လျှပ်စစ်မီးအကြောင်း ပေးစာ ၃ စောင်ကို ပူးတွဲဖော်ပြလိုက်တာဖြစ်ပါတယ်)

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။