Home » , » သီချင်းရေးရင် အသည်းကွဲ သီချင်းပဲ ထွက်တယ် ဆိုတဲ့ ဆိုတေး

သီချင်းရေးရင် အသည်းကွဲ သီချင်းပဲ ထွက်တယ် ဆိုတဲ့ ဆိုတေး

Written By မောင်စေတနာ on Friday, May 4, 2012 | 9:33:00 AM

http://www.yoyarlay.com/images/yyl/2012/5/3/p_4_17_2.jpg

သီချင်းရေးရင် အသည်းကွဲ သီချင်းပဲ ထွက်တယ် ဆိုတဲ့ ဆိုတေးအဆိုတော် ဆိုတေး၏ မီးအိမ်ရှင် ဗီစီဒီသည် မေလ ၂၀ ရက်တွင် ထွက်ရှိမည်ဖြစ် ပြီး ဒုတိယ စီးရီးမှာ ၂၀၁၃ မှသာ ထွက်နိုင်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။ လတ်တလော နာမည်ရလာသည့် တေးသံရှင်ဆိုတေး၏ မီးအိမ်ရှင် စီးရီး ဗီစီဒီနှင့်ပတ်သက်၍ ၄င်းက "အဓိက ကတော့ ပရိသတ်ကို အရုပ်နဲ့ တွဲပြီး ကြည့်စေ ချင်တာပါ။

ကျွန်တော့် အိုင်ဒီယာလေးတွေကို ဒါရိုက်တာကို ပြောပြပြီးရိုက်ထားတာပါ။ ကျွန်တော့်သီချင်းတွေက အသည်းကွဲသီချင်းတွေ၊ အေးတာလေးတွေ များတယ်။ ကျွန်တော် ကိုယ်တိုင်ကတော့ သုံးပုဒ်လောက် သရုပ်ဆောင်ထားတယ်။ ပြီးတော့ ပရိသတ်တွေ လက်ခံတဲ့ မီးအိမ်ရှင်တို့၊ ရွှေအိပ်မက်တို့ကိုတော့ ကိုရဲလေးတို့၊ ကိုဥာဏ်လင်းအောင်တို့၊ မမေကဗျာတို့ သရုပ်ဆောင်ထားကြတယ်။

ကျန်တာတွေက ကျွန်တော် အဆိုကဒ်တွေနဲ့ ရိုက်တာလည်း ပါမယ်" အလွမ်းအဆွေးသီချင်းများ အရေးများသည်နှင့်ပတ်သက်၍မူ ၄င်းက "ကျွန်တော့် မု(ဒ်)ကိုက အသည်းကွဲမု(ဒ်)ဖြစ်နေတာ။ အမြဲတမ်းကြီး အသည်းကွဲနေတာ မဟုတ်ပေမယ့် ရေးလိုက်ရင် အသည်းကွဲတဲ့ ဘက်ကို ရောက်ရောက် သွားတယ်။ ကျွန်တော်က အမြူးရေးတဲ့ဘက်ကို သိပ်ပြီး အားမသန်ဘူး။

သီချင်း ချရေးပြီဆိုတာ နဲ့ လူကဆွေးသွားပြီး အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေးတွေပဲ ဖြစ်သွားရော။ ကျွန်တော် သီချင်းအမြူး လေးတွေလည်း ဆိုဖြစ်ပါတယ်။ ဒါပေမဲ့ ပရိသတ်က အဆွေးသီချင်း လေးတွေကို ပိုပြီး လက်ခံကြတယ်လို့ ထင်တယ်"ဟု ပြောပါသည်။ လက်ရှိတွင် အဆိုတော် အသစ်အတော်များ များအတွက် သီချင်း များရေးပေး ဖြစ်နေပြီး ၄င်း၏ဒုတိယအခွေအတွက် သီချင်းများစုဆောင်းနေကြောင်းသိရသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။