Home » » နေတိုးနှင့်တွေ့ဆုံခြင်း ကျွန်တော်ဒီ အနုပညာအလုပ်ကို လုပ်တာ တာဝန်ကြီးတစ်ခုအနေနဲ့ မသတ်မှတ်ထားပါဘူး၊ မြတ်နိုးလို့ လုပ်တာပါ။

နေတိုးနှင့်တွေ့ဆုံခြင်း ကျွန်တော်ဒီ အနုပညာအလုပ်ကို လုပ်တာ တာဝန်ကြီးတစ်ခုအနေနဲ့ မသတ်မှတ်ထားပါဘူး၊ မြတ်နိုးလို့ လုပ်တာပါ။

Written By နေဇော်လင်း1 on Sunday, April 25, 2010 | 9:09:00 PM


မေး - ၂၀၁၀ ပြည့်နှစ်အတွက် အနုပညာ လှုပ်ရှားမှုတွေကို ဘယ်လိုသတ်မှတ်ထားလဲ။

ဖြေ - ကျွန်တော်တို့ အခုလုပ်နေတယ် ဆိုတာကတော့ ၂၀၁၁ အတွက် ကြိုပြီးလုပ်နေတဲ့ သဘောပေါ့။ ၂၀၁၀ အတွက်ကတော့ မနှစ်ကတည်းက ရိုက်ခဲ့ပြီးပြီလေ။ ဗီဒီယို တွေကတော့ ပုံမှန်အတိုင်း ရိုက်နေတာပါပဲ။ ၂၀၁၀ မှာပြမယ့်ကား တွေက ဒရာမာကားတွေ နည်းနည်း များတယ်။ ၂၀၁၁ အတွက်ရိုက်မယ့်ကားမျိုးမှာ ကျတော့ နှင်းဆီ အဖွဲ့သားတွေအနေနဲ့ ရိုက်မှာမျိုး ရှိမယ်။ သမားရိုးကျမဟုတ်တဲ့ ဇာတ်လမ်းမျိုး presentation ကိုဦးစား ပေးတဲ့ ဇာတ်မျိုးတွေကို ရိုက်ဖြစ်မယ်။

မေး - ဒီနှစ်ထဲမှာရိုက်မယ့် ပန်းကြာဝတ်မှုန် ဇာတ်ကားအတွက်ရော ဘာတွေကြိုပြီး ပြင်ဆင်ထားဖြစ်လဲ။

ဖြေ - အဲဒီကားအတွက်က ၀တ်စားဆင်ယင်မှုအတွက်ကို ပထမ ပြင်ဆင်ရတာပေါ့လေ။ ရယ်ဒီမိတ် တွေဝတ်လို့ မရဘူး။ စကားပြောတာကအစ ခပ်လေးလေးနဲ့ စမတ်ကျတဲ့ပုံစံမျိုးဖြစ်အောင်တော့ ပြင်ဆင်သွားမယ်လို့ စိတ်ကူးထားတယ်။


မေး - ၂၀၁၀ ထဲမှာ ထူးထူးခြားခြားကျေနပ်တဲ့ ကားမျိုးတွေပါလား။

ဖြေ - တစ်မျိုးစီတော့ ကျေနပ်ပါ တယ်။ အဲဒီထဲကမှ'မိုးညအိပ်မက်မြူ' ဆိုရင် ကာရိုက်တာလည်း စုံသလို ကျွန်တော်လုပ်ရတာလည်း လုပ်နိုင်တဲ့ကားမျိုးပေါ့။ လူရွှင်တော် ဇာတ်ရုပ်ပါမယ်။ စိတ်ဝေဒနာရှင် တစ်ယောက်ရဲ့ဇာတ်ရုပ်ပါသလို တက္ကသိုလ်ကျောင်းသား တစ်ယောက် ရဲ့ ဇာတ်ရုပ်လည်း ပါတာပေါ့လေ။ 'လာထားအာဘွား'ဆိုတဲ့ ကားလေး ဆိုလည်း ဟာသကိုမှအ က်ရှင်လေး တွေပါတာမျိုးပေါ့။ ပရိသတ်အတွက် Entertaining ဖြစ်တဲ့ကား မျိုးလေးပေါ့။ 'ကြိုးကြာတောင်ပံခတ်သံ'ဆိုလည်း ကာရိုက်တာကို ဦးစားပေးထားတဲ့ ကားလေးပေါ့။ နည်းနည်းကြမ်းတဲ့ ကာရိုက်တာမျိုးလေးတွေလည်း ရိုက်ထားတယ်။ ဒါကြောင့်၂၀၁၁အတွက် ရွေးချယ်တဲ့ အခါမှာတော့ နည်းနည်းမျပြီး ရွေး ချယ်ရတဲ့ သဘောရှိပါတယ်။

မေး - ကာရိုက်တာတွေ အပေါ် အစ်ကို့ရဲ့ရွေးချယ် ရူးသွပ်မှုက။

ဖြေ - ရုပ်ရှင်ဆိုတာက အနုပညာတွေ အများကြီးပေါင်းထားတာပေါ့။ အသံပါတယ်၊ ရုပ်ပါတယ်၊ အနုပညာ တွေအများကြီးကို ပေါင်းထားတာ။ ကျွန်တော်ကတစ်ခုချင်းစီကို ၀ါသနာ ပါတယ်။ ပန်းချီရေးဆွဲရတာကို ကြိုက်သလို အရောင်တွေကိုလည်း စိတ်ဝင်စားတယ်။ အဲဒီလိုပဲဇာတ်ကား မှာပါတဲ့ ဇာတ်ကောင်တစ်ခုချင်းစီ ကိုလည်း ကျွန်တော်စိတ်ဝင်စားလေ့ လာတယ်။ အဲဒီစိတ်တွေက ကျွန်တော်သရုပ်ဆောင်တဲ့အခါ ပံ့ပိုးပေးတယ်လို့ ထင်တယ်။ အဲဒီလိုနည်းနဲ့ ပဲ ကာရိုက်တာတွေကို ပီပြင်အောင် သရုပ်ဆောင်ရတာပါ။

မေး - အခုရပ်တည်နေရတဲ့ အနေအထား၊ ရ ထားတဲ့ အောင်မြင်မှုအပေါ် တာဝန်ယူမှုနဲ့ တာဝန်ကြီးမှုကရော ဘယ်လောက်ရှိတယ်လို့ ထင်လဲ။

ဖြေ - ကျွန်တော်ဒီအလုပ်ကိုလုပ်တာကတော့ တာဝန်ကြီးတစ်ခုအနေ နဲ့ မသတ်မှတ်ထားပါဘူး။ ဒီအလုပ် ကို မြတ်နိုးလို့ ကိုလုပ်ဖြစ်တာ။ ဒါကြောင့်လည်း ဒီအလုပ်ပေါ်မှာအမြဲတမ်း အာရုံဝင်စားထားပါတယ်။ ဒီလောကထဲမှာ နေသမျကာလပတ်လုံးကတော့ ဒီအလုပ်ပေါ်မှာပဲ မွေ့လျော်နေမှာပါပဲ။ ဒီအလုပ်ကို ချစ်နေသရွေ့ကတော့ ကိုယ့်အတွက်ရော၊ ပရိသတ်အတွက်ပါ ဒီအလုပ်နဲ့ ပတ်သက်လို့ စဉ်းစားမိနေမှာပဲလေ။ လုပ်ပြီးတဲ့အရာတွေထဲကမှ အမှားတွေကို ပြင်နိုင်ဖို့ ကြိုးစားတယ်။ လက်ရှိကျွန်တော်လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံး အာရုံစိုက်နိုင်ဖို့ ကြိုးစားသလို ပရိသတ်အတွက် အသစ်အသစ် တွေပေးနိုင်ဖို့ကိုလည်း စဉ်းစားတယ်။

မေး - ကိုနေတိုးသတ်မှတ်ထားတဲ့ အနုပညာ ပန်းတိုင်ကဘာလဲ။ အနုပညာဆိုတာကိုရော ဘယ်လိုနားလည် လက်ခံထားလဲ။

ဖြေ - ကိုယ်လုပ်ရမယ့် အလုပ်ပေါ် မှာ ပွင့်ပွင့်လင်းလင်း ရိုးရိုးသား သားနဲ့ စေတနာအပြည့်အ၀ထားဖို့ လိုတယ်။ ပရိသတ်ဒါမျိုးကြိုက်တယ်ဆိုပြီး ဒါမျိုးကြီးပဲ ရိုက်နေလို့ မရဘူး။ ဒါမျိုးထက် ဘာကိုပိုကြိုက် နိုင်လဲဆိုတာ စဉ်းစားပြီးလုပ်မယ် ဆိုရင်တော့ ရေရှည်ပိုအဆင်ပြေနိုင် တာပေါ့လေ။ ပရိသတ်နောက်ကို အရမ်းလိုက်နေတာမျိုးမဟုတ်ဘဲ သူတို့နဲ့မလှမ်းမကမ်းမှာနေပြီး သူတို့ ဘာကိုပိုကြိုက်နိုင်လဲဆိုတာ တွေးရမှာပေါ့။ နိုင်ငံခြားမှာဆိုရင် အရမ်းချောတဲ့ မင်းသားဆိုလည်း သူတို့ကာရိုက်တာကို အကြမ်းကြီး နဲ့ ရိုက်လိုက်တာမျိုး၊ အရမ်းရုပ်ဆိုးတဲ့မင်းသားဆိုလည်း အရမ်းနူးညံ့ အောင်ရိုက်လိုက်တာမျိုး contrast ဖြစ်အောင် အမြဲစဉ်းစားနေတယ်။ သူတို့နဲ့လိုက်ဖက်တာမဟုတ်တာတောင်မှ ပရိသတ်လက်ခံအောင် အမြဲကြိုးစားနေတယ်။

မေး - ကိုယ်တိုင်ရေး အထ္ထုပတ္တိကရော ဘယ်အခြေအနေလောက် ရှိပြီလဲ။

ဖြေ - တကယ်တမ်းစလုပ်ဖြစ်တာ သုံးလလောက်ပဲ ရှိသေးတာလေ။ အဲဒီမှာ ဓာတ်ပုံလေးတွေလည်း များများထည့်ချင်တဲ့အခါကျတော့ အချိန် နည်းနည်းလောက် ထပ်ယူရဦးမှာပါ။ ဒီနှစ်ထဲတော့ ထွက်ဖြစ်အောင် ကြိုးစားမှာပါ။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။