Home » , » ဂရိတ်ဝေါဆန္ဒပြသူများ သွေးခွဲခံရ

ဂရိတ်ဝေါဆန္ဒပြသူများ သွေးခွဲခံရ

Written By မောင်စေတနာ on Friday, June 1, 2012 | 8:45:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-sP7cH_QvGLuBF7XIslKXPyvzWP6d2ryeqsSHrcNx60B4wn1-C5-AhqyjqTY1rypqk3rUticYEkT76HrFfrOB94N3qTfssLXZZDh2uN1AAOEaqPSLq_Uvtu33cOxsXAnPZW3j0bGB8Akb/s400/DSC00328.JPG

လှိုင်သာယာမြို့နယ် ဂရိတ်ဝေါစက်ရုံ ဆန္ဒပြမှုကို သွေးခွဲ လှုံ့ဆော်ကာ သပိတ်ခွဲမှုများ ရှိနေကြောင်း အလုပ်သမားတချို့က ပြောသည်။

စက်ရုံမှ ဆန္ဒပြ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးက ပြောကြားရာတွင် '' ညီမတို့ဆီကို အဖွဲ့အစည်းလည်း မဟုတ်ဘူး၊ ပါတီကလည်း မဟုတ်ဘူး၊ ဒီတိုင်း ကူညီတယ် ဆိုပြီး လူ ၂ ယောက် ရောက်လာတယ် ။ သူတို့မှာ ရုံးလည်း မရှိဘူးလို့ သိရတယ်။ သူတို့က ကူညီတယ်ဆိုပေမဲ့ မနက်ပိုင်းမှာ ညီမတို့ထဲက ခေါင်းဆောင် ၅ ယောက်ကို ခွဲထုတ်သွားတယ်။ သူတို့က လေဘာရုံးကလူတွေကို စာတင်ပေးတယ် ။ သမီးတို့ထဲက ခေါင်းဆောင်တွေနဲ့ ရှင်းပေးမယ် ပြောတယ်။ တစ်ယောက်ကတော့ နာမည်က သူဇော် လို့ ခေါ်တယ်။ နောက်တစ်ယောက်က နာမည်တော့မသိဘူး၊ ရှေ့နေလို့ ပြောတယ်" ဟု ဆိုသည်။

"သမီးတို့ အလုပ်သမားတွေကတော့ အဖွဲ့ မကွဲသေးဘူး။ သူတို့က အဆင့်ဆင့် တက်ပေးမယ်ပြောတယ်။ သမီးတို့ ဘက်ကလက်မခံဘူး ။ ကိုယ်စားလှယ် ၅ ယောက်ကိုလည်း ပြောလိုက်တယ်။ဒီလူတွေနဲ့ ဆက်လုပ်ချင်လုပ်၊ တားလည်း မတားဘူး၊ အားလည်း မပေးဘူး၊ ဒီနေ့ အဆင်မပြေလို့ နောက်တစ်ဆင့် ထပ်တက်ရင် ဒီလူ ၂ ယောက်ပါလာမှာကို လုံးဝ လက်မခံဘူး'' ဟု သူက ဆက်ပြောသည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9zjLJjP_Bo3VYodY1Kok5e9FGbze2KjFUP43SSPaEA3V7TTxUhhfkhhlqJJHO9TwpF3eeXpHq3Z6LKAE2JnxWrdOrVARbUFNL4OQziCLQhlBby0hoTt3pLJN7af5dpANalCRog2nmRcNr/s400/DSC00314.JPG

အလုပ်သမားများအားကူညီပေးလျက်ရှိသူ ဦးဇော်ညွန့်က '' ဒါက သပိတ် ကောင်းကောင်း ဖြိုခွဲနေတာပဲ။ အလုပ်သမားတွေက မှန်မှန်ကန်ကန် ဆန္ဒပြချင်တယ်။ ဒါကို ဘယ်ကမှန်း မသိတာတွေ ၀င်လာပြီး လေဘာနဲ့ တိုက်ရိုက်ညှိတယ်။ လေဘာရုံးဆိုတာ အလုပ်ရှင်နဲ့ အရင်တွေ့ရမှာဖြစ်တယ်'' ဟု ဝေဖန် သုံးသပ်သည်။

ဂရိတ်ဝေါစက်ရုံလုပ်သားများမှာ မေလ ၃၁ ရက်နေ့တွင် စတင် ဆန္ဒပြခဲ့ပြီး ယင်းတို့ဘက်မှ အခြေခံလစာ ၄၀,၀၀၀ တိုးမြှင့်ပေးရန် တောင်းဆိုထားသည်။

စက်ရုံတာဝန်ရှိသူများ နှင့် လေဘာရုံး လုပ်သားခေါင်းဆောင်များ ညှိနှိုင်းရာတွင် အဆင်ပြေမှု လုံးဝ မရှိသေးကြောင်း သိရသည်။

'' သမီးတို့ဘက်က အခြေခံလစာပေးဖို့ တောင်းဆိုတယ်။ သူတို့က အခြေခံလစာနဲ့ dayကြေး အတူတူပဲ မပေးနိုင်ဘူးလို့ လုပ်တယ်။ အခြေခံလစာ လေးသောင်း တောင်းပေမယ့် သမိးတို့က ၂၀,၀၀၀ လောက် ရရင်တောင် ကျေနပ်နိုင်တာကို သူတို့ဘက်က ငြင်းနေတုန်းပဲ'' ဟု ဂရိတ်ဝေါစက်ရုံ အလုပ်သမတစ်ဦးက ပြောပြသည်။

လက်ရှိတွင် အဆိုပါစက်ရုံလုပ်သားတစ်ဦးလျှင် ပျမ်းမျှလစာ ၄၀,၀၀၀ ခန့်သာ ရရှိပြီး တစ်ရက်ပျက်လျှင် ၅,၀၀၀ ကျပ် ပြန်လည် နှုတ်ယူကြောင်း သိရသည်။

ဂရိတ်ဝေါစက်ရုံသည် ငွေပင်လယ် စက်မှုဇုန်အတွင်း တည်ရှိသည်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။