Home » , » ရန်ကုန်မှာ လျှပ်စစ်မီး လုံလောက်တော့မယ်

ရန်ကုန်မှာ လျှပ်စစ်မီး လုံလောက်တော့မယ်

Written By မောင်စေတနာ on Monday, April 30, 2012 | 2:02:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIpdPMxjC4u_5bvPYLtzQl69i6V_qfHG-T-CTluUVaMzI4IqXF78AzdUJ5c8Km63rj6citjlhF-eYA8RomqZiwXpN-V3LE8ZqfoGy8Gn1O2IxmFJRESRNLfbvaukV6F650aIS7Uc5eGGM/s400/10.jpg

ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲက မင်္ဂလာ အရှိဆုံး သတင်းတခုအတွက် ၀မ်းသာပီတိဖြစ်မိပါ တယ်။

ရန်ကုန်မှာ လျှပ်စစ်မီး လုံလောက်ဖို့အတွက်ကို အမေရိကန်ပြည်ထောင်စုက GE ကုမ္ပဏီက ရွှေ့ပြောင်း သယ် ယူရ လွယ်ကူပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝတ် ၂၅ စီ ထုတ်လုပ်နိုင်တဲ့ မီးစက်ကြီး ၄ လုံးကို ငှားရမ်း သုံးစွဲပေး မယ်လို့ ၀န်ကြီး ဦးစိုးသိန်း က ပြောပါတယ်။

ဒီ ရက်သတ္တပါတ် အနည်းငယ်အတွင်း ရောက်လာမှာဖြစ်ပြီး သာကေတမှာရှိတဲ့ ပျက်ဆီးနေတဲ့ သဘာဝဓာတ်ငွေ့ တာဘိုင်ကြီးကိုလည်း GE ကုမ္ပဏီက ပြုပြင်ပေးပါအုံးမယ်တဲ့။

ရန်ကုန်သူရန်ကုန်သားတွေကတော့ ဖယောင်တိုင်တွေနဲ့ မီးစက်လေးတွေ တကယ် ပစ်ပယ်လို့ ရမရတော့ စောင့်ကြည့်ရ အုံးမယ်ထင်ပါတယ်။ တကယ်သာ လျှပ်စစ်မီး လုံလုံလောက်လောက်နဲ့ဆိုရင် အခုလို ပူပြင်းတဲ့ နွေရာသီ အဲယားကွန်းလေး နဲ့ နေလို့ ရတန်ကောင်းပါရဲ့။

တခြားမြို့တွေအတွက်တော့ အခုထိ မသဲကွဲပါဘူး။ မြစ်ဆုံစီမံကိန်းကို ရပ်ပြီး တနိုင်ငံလုံး GE လျှပ်စစ်မီးအားပေး စက်ကြီးတွေသာ ဆင်ပေးလိုက်ရင်တော့ တနိုင်ငံလုံး အလင်းရောင်အောက် တကယ်ရောက်သွားမယ်ထင်ကြောင်း ရန်ကုန်က သတင်းထောက် တဦးကတော့ မှတ်ချက်ပေးထားပါတယ်။
နေ့လည် မွန်းတည့်ချိန်ကနေ ညနေ ၄ နာရီအထိ စက်မှု ၀န်ကြီးရုံးက သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီး ဦးစိုးသိန်းက ပြောလိုက်တာပါ။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ ၀န်ကြီး ၃ ပါးဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ ဦးခင်ရီတို့ တက်ကြောင်း ပြည်တွင်း ဂျာနယ်များရဲ့ အင်တာနက်စာမျက်နှာများမှာ ဖော်ပြထားပါတယ်။


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။