Home » , , » အောင်လံသဲအင်းဂူ ဆရာတော်ဘုရားကြီး အရှင်စန္ဒိမာ၏ တရုတ်နှစ်သစ်ကူး (၉) ရက်အထူး တရားစခန်း

အောင်လံသဲအင်းဂူ ဆရာတော်ဘုရားကြီး အရှင်စန္ဒိမာ၏ တရုတ်နှစ်သစ်ကူး (၉) ရက်အထူး တရားစခန်း

Written By မောင်စေတနာ on Thursday, January 31, 2013 | 2:10:00 AM

 
မလေးရှားနိုင်ငံမှ ဓမ္မမိတ်ဆွေယောဂီသူတော်စင် အပေါင်းတို့ခင်ဗျား- 
ဓမ္မမိတ်ဆွေများအတွက် တရားဓမ္မနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ သတင်းကောင်း တစ်ခု အခွင့်အရေးတစ်ခုကို နိဗ္ဗာန် အကျိုးမျှော်လျှက် နိုးဆော် သိစေအပ်ပါသည်။ 

အောင်လံသဲအင်းဂူ ဆရာတော်ဘုရားကြီး အရှင်စန္ဒိမာသည် မြန်မာပြည်ရှိ သဲအင်းဂူ အောင်လံတိုက်ခွဲ(၃၂)၊ ပြည်မြို့ သဲအင်းတိုက်ခွဲ၊ ရန်ကုန် မင်္ဂလာဒုံသဲအင်းတိုက်ခွဲ များ၏ တိုက်အုပ် ဖြစ်ပြီး မအားသည့်ကြားမှ မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ ကိုယ့်စိတ် ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာသို့ ဒုတိယအကြိမ်မြောက် ကြွရောက်ကာ ဝိပဿနာ အလုပ်ပေး တရားများ ကို(၉)ရက်တိုင်တိုင် ဟောပြော သင်ကြားပြသ ပေးမည်ဖြစ်ပါသည်။ 

ဆရာတော်ဘုရားကြီး အရှင်စန္ဒိမာ သည် တရားအားထုပ်ပြီး တရားမတွေ့သေးသူများ၊ တရားတစ်ခါမျှ အားမထုတ်ဘူးသေးသူများ၊သေပေါက် သေဝရောက်နေသူများ၊ ဆေးရုံလူနာများ ၊တောရောမြို့ပါမကမြန်မာ တစ်ပြည်လုံး၊နိုင်ငံခြား တိုင်းပြည်များ၊ လူမျိုး ဘာသာမရွေး အပါယ်ဆင်းရဲခြင်း ဒုက္ခအပေါင်းမှ လွတ်မြောက်အောင် လိုက်လံကယ်တင်နေသည့် ထူခြားသော ရဟန်းမြတ် တစ်ပါးဖြစ်ပါ၍ ကြားဖူး ကြုံဖူးနေသူ ယောဂီများ အသိပင်ဖြစ်ပါသည်။ 

သို့ဖြစ်၍ မတွေ့လိုက်ရ မဖူးလိုက်ရ မကျင့်ကြံလိုက်ရ မဖြစ်ရလေအောင် မေတ္တာရှေ့ထား အသိပေး ကြေညာအပ်ခြင်း ဖြစ်ပါသည်။ 

နေ့ရက်- ( ၀၉.၀၂.၂၀၁၃) မှ (၁၇.၀၂.၂၀၁၃) ကိုးရက်တိုင်တိုင်။ ( ၀၈.၀၂.၂၀၁၃) နေ့ ညနေ ၅နာရီအရောက်လာ ရောက်ရပါမည်။

နေရာ- ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာ၊ ကွာလာလန်ပူမြို့။ 

မှတ်ချက်- ဒုလ္လဘရဟန်း နှင့် သီလရှင်များပါ လက္ခံပါမည်။ ယောဂီဦးရေး ကန့်သတ်ထားပါသည်၊ ယောဂီဟောင်း၊ ယောဂီသစ်များ ကြိုတင် စာရင်းပေးပါရန်။ ***ဝင်ကြေးမရှိ၊အခမဲ့ တရားပေး၊ အစားကျွေးပါမည်။ 

ကိုယ့်စိတ်ကိုယ်စစ် တရားစခန်းလမ်းညွှန် 
နေရာ - ကိုယ်စိတ်ကိုယ်စစ်(ကမ္မဋ္ဌာန်းရိပ်သာ) ။ No.18, Jalan 13/105,(near Jalan Midah 15), Taman Midah Cheras, (near Tesco), Kuala Lumpur. လမ်းညွှန် - မက်ထရို(၆၂-၆၅) ကားကို (Mydin) ကုန်တိုက်ရှေ့ ဇေယျာစတိုးအနီးမှ စီး၍ Taman Midah မှတ်တိုင်တွင် ဆင်းပါ။ လာကြိုပေးပါမည်။ 

ဆက်သွယ်ရန် - ၀၁၆-၉၀၇၇၇၈၀၊ ၀၁၆-၂၀၅၅၃၃၄၊ ၀၁၂-၂၄၈၉၀၆၆၊ ၀၁၂-၂၁၇၄၈၆၅၊၀၁၂-၉၁၀၁၀၁၄၊ ၀၁၂-၉၃၁၇၆၀၇ 

မှတ်ချက် ။ ။ ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာ သည် ၀င်ကြေးမရှိ - တရား အားထုတ်လိုသူများအတွက် သာသနာပြု ကုသိုလ်ဖြစ် ဖွင့်လှစ်ထားသော ရိပ်သာ ဖြစ်ပါသည်။ အစာအာဟာရများ၊ မွေ့ယာ-ခေါင်းအုံး အစစ ပြည့်စုံစွာ စီစဉ်ထားပါသည်။ 

MP 3 တရားစီဒီများကိုလည်း လှူဒါန်းပေးနေ ပါသည်။ အပတ်စဉ် တနင်္ဂနွေနေ့နှင့် Public Holiday နေ့တိုင်းတွင် တရားစခန်း ပုံမှန်ဖွင့်လှစ် သင်ကြားပေး နေပါသည်။ တရားစခန်း မလာနိုင်သူများအတွက် skype/oovoo တို့မှ kotseikkosit အကောင့်ကို invite လုပ်၍ လည်းကောင်း တိုက်ရိုက် http://www.justin.tv/kotseikkosit Live တရားများ ကျင့်ကြံနိုင်ပါသည်။ 

နေဇော်လင်း(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။