Home » , , » မြန်မာဝန်ကြီး စင်္ကာပူမှာ လေ့လာရေးဆင်း

မြန်မာဝန်ကြီး စင်္ကာပူမှာ လေ့လာရေးဆင်း

Written By မောင်စေတနာ on Wednesday, May 2, 2012 | 2:18:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_7Lnfrnz7C1DacffnV0KjQ1gahyphenhyphendc-gJilGXH7Gc0fI22wWvty3zvXtyX8sbD8GCQcwZuMMjoCwhjEDyT3cM5nsUJ4QR-iO8ZX8IbPMno-_2VPCCntwI3fQHKmbkOuxRte7yjZLvnJdA/s400/000+saw+hlaing+nld+%25281%2529.JPG

သန့်ရှင်း လှပတဲ့ စင်္ကာပူ တနေရာ (ဓာတ်ပုံများ- ဒီကိုလာ)

သမိုင်းဘီး ပြောင်းပြန်လည်ပြီ လို့ ဆိုရမယ်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့် စင်္ကာပူမှာ လေ့လာရေး ထွက်နေတယ် လို့ channel news asia မှာ ရေးထားပါတယ်။

ဟိုတုန်းကတော့ စင်္ကာပူမြို့တည်ဖို့ ရန်ကုန်ကို အရောက်သွားပြီး လေ့လာခဲ့ကြတာပါ။ ခုတော့ ပြောင်းပြန်ဖြစ်ပြီပေါ့။

ဝန်ကြီး ဦးခင်မောင်မြင့်ရဲ့ မြို့ပြစီမံကိန်း လေ့လာရေးခရီးက ၄ ရက်ကြာမယ် (၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ)၊

ဝန်ကြီးက အောက်ဖော်ပြပါ ဌာနများအပါအ၀င် စင်္ကာပူအစိုးရဌာနဆိုင်ရာများနဲ့ တွေ့မယ်လို့ သတင်းမှာ ရေးထားပါတယ်။

the Building and Construction Authority,
Urban Redevelopment Authority,

Housing and Development Board,
Singapore Land Authority,

Law Ministry,
Monetary Authority of Singapore,

the International Enterprise Singapore

မိုးပျံရထားဘူတာတခုက မြင်ရတဲ့ ညရှုခင်း

အတုခိုးဆောင်ရွက်စရာတွေပြည့်နေတဲ့ စင်္ကာပူကို လေ့လာရေးထွက်တာ အင်မတန် ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်ပါတယ်။

မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သေချာပေါက် အထောက်အကူဖြစ်မှာပါ။

တိုးတက် စနစ်ကျတဲ့ စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေထိုင်၊ အလုပ်လုပ်ကိုင်ပြီး အတွေ့အကြုံတွေ ရနေတဲ့ မြန်မာပြည်သားတွေလည်း ထောင်သောင်းချီ ရှိနေပါတယ်။

ဒီလိုအတွေ့အကြုံရှိသူတွေ ပညာတတ်သူတွေ မြန်မာပြည် ပြန်လည် တည်ထောင်နိုင်ရေးမှာ ၀င်ရောက်လုပ်ကိုင်ကြရင် အများကြီး အားတက်စရာပါပဲ။

နယ်ပယ်အသီးသီးမှာ အပြောင်းအလဲအတွက် စနစ်တခုတည်းမဟုတ်ဘဲ လုပ်နိုင်ကိုင်နိုင်တဲ့လူတွေ လိုတယ် မဟုတ်လား။

သို့သော်လည်း မြန်မာပြည်အခြေအနေက မိတ်ကပ်လိမ်းသလို အပေါ်ယံပြောင်းလဲမှုတွေပဲ ဆက်ဖြစ်နေအုံးမယ် ဆိုရင်တော့ စင်္ကာပူရောက် မြန်မာပြည်သားတွေ ပြည်တော်ပြန်ရေးက အလှမ်းဝေးနေအုံးမယ်လို့ ယူဆရပါတယ်။

(ဖြည့်စွက်ချက် - ဓာတ်ပုံတွေကို- ဒီကိုလာ ဘလော့က ယူပါတယ်။ ပုံစာတွေကတော့ ခန့်မှန်းပြီး ရေးလိုက် တာပါ)

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။