Home » , , » တရုတ် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ သေဆုံးမှုကို စစ်ဆေးရန် အစိုးရသဘောတူ

တရုတ် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ သေဆုံးမှုကို စစ်ဆေးရန် အစိုးရသဘောတူ

Written By မောင်စေတနာ on Monday, June 18, 2012 | 11:06:00 AM



တီယန်မင် အရေးအခင်းတွင် ထင်ရှားသော တရုတ်အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ လီဝမ်ယန်သေဆုံးခဲ့မှုအား စစ်ဆေးရန် ဖိအားပေးမှုကို တရုတ်အစိုးရက ဦးညွှတ်ခဲ့ကြောင်း ဟောင်ကောင်သတင်းဌာန တစ်ခုက ဖော်ပြခဲ့သည်။

အသက် ၆၂ နှစ်ရှိ လီသည် ဟူနန်ပြည်နယ်၊ Shaoyang ရှိ Da-xiang ခရိုင်ပြည်သူ့ဆေးရုံရှိ အခန်းတွင် ကြိုးဆွဲချ သေဆုံးနေသည်ကို ဇွန် လ ၆ ရက်တွင် တွေ့ရှိခဲ့ပြီး သတ်သေသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်မှာ စော်ကားမှုဖြစ်သည်ဟု လီ၏ မိသားစုဝင်များနှင့် မိတ်ဆွေများက ပြောကြားခဲ့ကြသည်။

လီ၏အလောင်းကို စစ်ဆေးရန် ဟူနန်ပြည်နယ်မှမဟုတ်သော မှုခင်းဆေးဆရာဝန်များအား ဟူနန်ပြည်နယ် လုံခြုံရေးဗျူရိုက တောင်းဆိုခဲ့ပြီး စစ်ဆေးမှု၏ ရလဒ်များကို ပြည်သူသိရှိအောင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ယင်းဗျူရိုမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြော ကြားခဲ့သည်ဟု ကိုးကားဖော်ပြခဲ့သည်။

သို့သော် လီသေဆုံးပြီး သုံးရက်အကြာ ဇွန်လ ၉ ရက်တွင် လီအလောင်းကို မီးသင်္ဂြိုလ်ခဲ့သည်ဟု သတင်းထွက်ခဲ့ရာ အလောင်းခွဲစိတ်စစ်ဆေးမှု မည်သို့ပြုလုပ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Source by :http://www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။