Home » , » ဂျီဖုန်းများ လိုင်းဆွဲအားကောင်းရန် ဧရိယာ တိုင်ထောင်သုံးမှု ဥပဒေအရ အရေးယူမည်

ဂျီဖုန်းများ လိုင်းဆွဲအားကောင်းရန် ဧရိယာ တိုင်ထောင်သုံးမှု ဥပဒေအရ အရေးယူမည်

Written By မောင်စေတနာ on Friday, February 10, 2012 | 1:47:00 PM



SM မိုဘိုင်းဖုန်းများအား လိုင်းဆွဲ အားကောင်းစေရန်အတွက် ဧရိယာတိုင်(repeter) များထောင်၍ အသုံးပြုမှုများအား တည်ဆဲ ဥပဒေအရ အရေးယူမှုပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက် အလက်နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။

”လိုင်စင်မရှိဘဲ ‘ရပီတာ’ တာ ဝါတိုင်ထောင်ပြီး အသုံးပြုနေသူတွေ ကို တိုင်တွေဖြုတ်ပေးဖို့ အကြောင်း ကြားတာပါ။သာမန်ဖုန်းသုံးစွဲသူတွေ အနှောင့်အယှက်ဖြစ် စေတဲ့အတွက် ကြောင့် အခုလို အကြောင်းကြားရ ခြင်း ဖြစ်ပါတယ်။ အသုံးပြုထား၊ မထားဆိုတာကို နည်းပညာအရ သိပါတယ်”ဟု ၄င်းက ပြောသည်။ အဆိုပါ အကြောင်းကြားစာ များအား ဇန်နဝါရီ ၃၁ ရက်နေ့မှ စတင်ပေးပို့ခြင်းဖြစ်ပြီး ရတနာပုံ Call Centre မှတစ်ဆင့်GSM မိုဘိုင်းဖုန်းများအား Message ပေး ပို့အကြောင်းကြားမှုများ ပြုလုပ်ထား ကြောင်း သိရသည်။

”တိုင်ထောင်ပြီး အသုံးပြုချင် ရင်တော့ တရားဝင်လိုင်စင်လျှောက် ထားရမှာပါ။ လိုင်စင်ကိုလည်း မြန် မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနမှာ လျှောက်ထားရမှာပါ။ လက် ရှိလိုင်စင်လျှောက်ထားခွင့် မပြုတော့ တဲ့အတွက် လိုင်စင်မရှိဘဲ ဆက် လက်အသုံးပြုနေရင်တော့ ဥပဒေ အရ အရေးယူဆောင်ရွက်သွားမှာ ပါ”ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက် လက်ပြောသည်။ အဆိုပါ တိုင်ထောင်အသုံးပြု ခြင်းများမှာ ယခင် မိုဘိုင်းဖုန်းများ စတင်ပေါ်ပေါက်စဉ်ကာလတွင် အသုံးပြုခြင်းမရှိသော်လည်း မိုဘိုင်း ဖုန်းသုံးစွဲမှု မြင့်မားလာသည့်နောက် ပိုင်း၌ ဖုန်းလိုင်းအနည်းငယ်ကျဆင်း ၍ ၄င်း ‘ရပီတာ’တိုင်များကို အသုံး ပြုလာခြင်းဖြစ်ကြောင်း သိရသည်။

”တိုင်ထောင် အသုံးပြုဖို့အ တွက် Network ရှိမှ အသုံးပြုနိုင် မှာပါ။ လွယ်လွယ်ပြောရရင် ဖုန်း လိုင်းရှိပြီး ပြောဆိုလို့မရတဲ့အခါမျိုး မှာ တိုင်ထောင်ပြီး အသုံးပြုကြတာ ပါ။ လိုင်းဆွဲအား ပြန်ကောင်းရင် တော့ ပါဝါပိတ်ပြီး ပုံမှန်အတိုင်း အ သုံးပြုနိုင်တယ်။ တပ်ဆင်အသုံးပြု လို့ လွယ်ကူတော့ အခုလို သုံးစွဲနေ ကြတာပါ”ဟု မိုဘိုင်းဖုန်းကျွမ်းကျင် ပညာရှင် ကိုစည်သူကပြော သည်။ ပြည်တွင်း မိုဘိုင်းဖုန်းလိုင်းများ တွင် တာဝါတိုင်ထောင် အသုံးပြုနိုင် သော ဖုန်းလိုင်းနှစ်မျိုးရှိပြီး ယင်းမှာ GSM နှင့် CDMA 450 MHz ဖုန်းလိုင်းများဖြစ်ကြောင်း သိရသည်။

Source by :popularmyanmar
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။