Home » , , » ဒေါ်အောင်ဆန်းစုကြည်အား ဘိုနိုက ဂျက်လေယာဉ်လွှဲအပ်

ဒေါ်အောင်ဆန်းစုကြည်အား ဘိုနိုက ဂျက်လေယာဉ်လွှဲအပ်

Written By မောင်စေတနာ on Tuesday, June 19, 2012 | 12:21:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOXJtqxAs0hySXk7oAw44hbvKDVbarS-oeC8lI0EmUi7xE4fS1aoFh6NpgZeFXDufGngz-2ILV_3AeEYGmWTCF1fsAno4eDzVPinu6QTm9E3A5rImgBWwz_hSr4T2Vda6sbeM4oZ-kctuo/s400/8005_3788601047503_746567900_n.jpg

ကမ္ဘာကျော် U2 အဆိုတော် ဘိုနိုမှ သူ၏ ကိုယ်ပိုင်ဂျက်လေယာဉ်အား ဒေါ်အောင်ဆန်းစုကြည် အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ သို့ သွားရန်အတွက်ပေးအပ်လိုက်ပါတယ်တဲ့။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာ လူအခွင့်အရေးဆုပေးအပ်ပွဲနှင့် U2 အဖွဲ့အပါအဝင် ကမ္ဘာကျော် အဆိုတော်များ၊ သရုပ်ဆောင်များမှ ဂုဏ်ပြု တင်ဆက်မည့် Electric Burma အမည်ရှိ ဂီတပွဲတော် သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaBYFA16HRVQj0C9wk0w1fpZv_99_6seccxDbly9JV1avPq-cF8vsWp3KGi8ysnYHaYrewP8wqQRaeLLNlULP5NMdaAjAqXtpZvZmw0diCNYoy_cboB_pb1dSylOG3K9L6RtKbpnEeOrXI/s400/581216_380047225390251_959220911_n.jpg

ဒေါ်အောင်ဆန်းစုကြည်နှင့် အဆိုတော် ဘိုနိုတို့ကို ယနေ့ နော်ဝေနိုင်ငံတွင် မြင်တွေ့ရပုံ ၊ ဓာတ်ပုံ- AFP

ဂီတပွဲတော်အပြီး ဒပ်ဗလင်မြို့တော်ရှိ ဂုဏ်ပြု ရင်ပြင်တွင် အိုင်ယာလန်ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရ စကားပြောကြားမှာလည်း ဖြစ်ပါတယ်။

ယနေ့ နံနက်ပိုင်းက နော်ဝေနိုင်ငံတွင် နှစ်စဉ်ကျင်းပသော Oslo Forum တွင် အိုင်းရစ် အဆိုတော်ဘိုနိုလည်း တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ ဒပ်ဗလင်မြို့သို့ သွားရောက်ရန်အတွက် သူ၏ ကိုယ်ပိုင် ဂျက်လေယာဉ် ကိုပေးအပ်ခဲ့ကြောင်း နော်ဝေနိုင်ငံရေး ဝန်ကြီးဌာနက တရားဝင် သတင်း ထုတ်ပြန်ပေးပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။