Home » , » အမျိုးသမီး ၂ ဦး တိုက်ခန်းတွင်း မီးရှို့ခံရ

အမျိုးသမီး ၂ ဦး တိုက်ခန်းတွင်း မီးရှို့ခံရ

Written By မောင်စေတနာ on Monday, May 28, 2012 | 1:25:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnut9GWWNQAHpG8Utku4UHsbY2IYcRo9tXi37co3etV2EKP8vyKLAHnNpwMGEw7zgKuGZfecHecfNVefXX_GiYxWoYLeLwpuYAPPsZRMXaAU6mxOJWs35WmYh3fHsTnTxZuOQLxMsOSywX/s400/Crime-Picture.jpg

မိန်းကလေးငယ် ၂ ဦးကို တိုက်ခန်းတွင်း ဓာတ်ဆီလောင်း မီးရှို့တဲ့ဖြစ်စဉ်တခု မေလ ၂၇ ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ၃ ရပ်ကွက်၊ လှည်းတန်း ၇ လမ်းက တိုက်ခန်း တခုမှာ ဖြစ်ပွားတယ်လို့ 7 Days သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

မီးရှို့ခံရတဲ့ မိန်းကလေး ၂ ယောက်ဟာ ညီအမများဖြစ်ကြပြီး အမဖြစ်သူ မအိမြတ်မွန်ရဲ့ ရည်းစားဖြစ်သူ လွင်ဦး ဆိုသူက အချင်းများကြရာက အခုလို ဓာတ်ဆီလောင်းကာ မီးရှို့လိုက်တာလို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် မအိမြတ်မွန်ဟာ ဆေးတက္ကသိုလ် ပြီးကာစ ဆရာဝန်တဦး ဖြစ်ပြီး ယခုအခါ ရန်ကုန် ပြည်သူ့ဆေးရုံ ကြီး၊ အရေးပေါ်ဌာနမှာ ဒဏ်ရာများပြင်းထန်စွာနဲ့ သတိလစ်မေ့မျောနေပြီး ညီမဖြစ်သူ ကတော့ ခြေထောက်ပိုင်း မှာ မီးလောင်ဒဏ်ရာများ ရရှိထားတယ်လို့ဆိုပါတယ်။
မီးရှို့ခဲ့သူကို ရဲက ဖမ်းဆီးလိုက်မိပြီလို့ သိရပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။