Home » , » ဟောဒီလောကီ

ဟောဒီလောကီ

Written By မောင်စေတနာ on Monday, May 28, 2012 | 1:30:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR-Q-goK2ZryIjcJrc_Y4IrJopfFcc2Dhg6QOBxBFDMylZEBjgzpcuYB7nTDTa3GuYxw77vGcQVwLu14MVcHstfP8eYZoo1HYt6O5ldwwDtwChgVcQCs1uqsB681ipuQQFeQLSThjjaUo/s400/534335_304037103016370_1355875878_n.jpg

ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။

ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊ လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။

ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။

ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။

ဆင်းရဲတုန်း မယားက secretary တာဝန် တွဲယူရတယ်။ ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။

ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်။ ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။

ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေ ပုစွန်စားတယ်၊ ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။

ယောက်ျားတွေ မြင့်ချင်တယ်၊ မိန်းမတွေ ပိန်ချင်တယ်။

ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။