Home » , » မြန်ကောင်း ချောမွေ့ အင်တာနက်ဖြစ်စေဖို့ အသင်း ဖွဲ့ပြီ

မြန်ကောင်း ချောမွေ့ အင်တာနက်ဖြစ်စေဖို့ အသင်း ဖွဲ့ပြီ

Written By မောင်စေတနာ on Saturday, May 5, 2012 | 11:38:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-rns2dQ-NjmknLssgO03Q5yn9-uBUFVrYEvv7_-jzIqsbNFm3T7aRq7QGG2JIiSR4udLDmhHU2adfi9QJ7jqMhah_kLmjFvUOisx0TTgdmtrjHr-ftYsyl4SSQtyt6JT4pVgteJA0TGYI/s320/globalinethomepage.jpg

ဓာတ်ပုံ- http://www.internetsociety.org/

မြန်မာနိုင်ငံမှာ အင်တာနက်နဲ့ သက်ဆိုင်တဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ internet society Myanmar chapter ဆိုတဲ့ အဖွဲ့ကို ဖွဲ့လိုက်ပါပြီ။

ဒီအဖွဲ့အနေနဲ့ အင်တာနက်နဲ့ပတ်သက်လို့ မြန်မာ့လူ့ဘောင်မှာလည်း စည်းမျဉ်းစည်းကမ်းတွေ ပေါ်ပေါက်လာဖို့၊ အင်တာ နက် အခွင့်အရေးတွေ ပြဌာန်းနိုင်ဖို့၊ နည်းပညာ ဖလှယ်မှုတွေလည်းပေါ်ထွက်လာဖို့ ကြိုးစားသွား ကြမှာဖြစ်လို့ အလွှာပေါင်း စုံက စွမ်းဆောင်လိုသူများကိုလည်းဖိတ်ခေါ်နေတယ်လို့ သိရပါတယ်။

အဓိက ဒီအသင်းကြီးက အင်တာနက်ဆိုင်ရာ ဗဟုသုတဖြစ်စရာ မေးခွန်းတွေကိုလည်း ဖြေကြား ပေးသွားမှာ လည်းဖြစ်ပါ တယ်တဲ့။ အသင်းအနေနဲ့ ယခုခေတ် ယဉ်ကျေးမှု မြင့်မားခြင်းလက္ခဏာတရပ်ဖြစ်တဲ့ အင်တာနက် အသုံးပြုမှု နှုန်းတွေမြင့် မားလာဖို့ရယ်၊ အင်တာနက် မြန်နှုန်း မြန်ဆန်လာစေဖို့လည်း ကြိုးပမ်းသွားမယ် သိရပါတယ်။

ဒီအပြင် အင်တာနက်ဆိုင်ရာ ရာဇ၀တ်မှုတွေကင်းဝေးရေး၊ အင်တာနက် ဆင်ဆာ ပိတ်ပင်မှု မရှိစေရေး၊ အင်တာနက် ဆိုင် ရာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်နှင့် သုံးစွဲသူများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာများစသဖြင့် အဖက်ဖက်က အင်တာနက် လွတ်လပ် မှုကို ထိန်းသိမ်းကာကွယ်ပေးတဲ့ အဖွဲ့အစည်း ပေါ်ပေါက်ရေးအထိ ကြိုးစားသွားကြမှာလည်းဖြစ်ပါတယ်လို့ သိရပါတယ်။

ဒီလိုပေါ်ပေါက်ရေးကြိုးပမ်းဖို့ အသင်းကို ၀င်ရောက်မယ်ဆိုရင် တဦးချင်းပဲ ဖြစ်ဖြစ် အဖွဲ့အစည်းလိုက်ဖြစ်ဖြစ် ဘာဝင်ကြေး မှ ပေးဆောင်စရာလဲ မလိုဘဲ ဤနေရာသို့ သွားရောက်ဝင်နိုင်ပါတယ်။ ပညာရှင်တွေ အပိုင်းကလည်း အရေးပေါ် အင်တာနက်ပြဿနာတွေကို ဖြေရှင်းပေး သွားမှာဖြစ်ကြောင်း သိရပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။