Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၅)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၅)

Written By မောင်စေတနာ on Monday, April 2, 2012 | 4:09:00 AM



ဝါးသင်္ခရွာတွင် မဲရုံသို့သွားကြသူများ ၊ ၀ါးသင်္ခရွာတွင် မဲရုံသို့သွားကြသူများ တွေ့မြင်ရစဉ်

ကော့မှူးမြို့နယ် ရေကျော်ရွာ အမှတ် (၁ ) မဲရုံမဲရေတွက်ရလဒ်

ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI)


ညနေ ၄ နာရီ မဲရေတွက်မှုအရ ဒီချုပ် ၂၉၁ မဲ၊ ကြံ့ခိုင်ရေး ၄၅ မဲ၊ ပယ်မဲ ၉ မဲဖြစ်ကြောင်း သိရသည်။

သီချင်းတစ်ပုဒ်၊ ထိပ်တုံးနဲ့ ဆုံးရှုံးသွားတဲ့ မဲပေးပိုင်ခွင့်

ဧပြီ ၁၊ ၂၀၁၂ (YPI) (ချစ်ဦးမောင်)

သီချင်းတစ်ပုဒ်ဆိုညည်းမိလို့ လူတစ်ယောက် ထိပ်တုံးခတ်ခံခဲ့ရပြီး ကြားဖြတ် ရွေးကောက်ပွဲမဲပေးခွင့် ဆုံးရှုံး စေခဲ့တယ်ဆိုရင် အဲဒီနေရာကို မြန်မာနိုင်ငံရဲ့ နေပြည်တော် လို့ခေါ်နိုင်ပါတယ်။

အောင်ဆန်းဦး (၁၉ နှစ်) ဟာ မတ် ၂၆ ရက် ညနေ ၆နာရီ က အရက်ခပ်ထွေထွေဖြစ်နေချိန်မှာ NLD အောင်နိုင်ရေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ လားရှိုးသိန်းအောင်ရဲ့ “အမေစုပြန်လာပြီ” ဆိုတဲ့သီချင်းကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဂုန်မင်းအင်း ကျေးရွာအနီး ACE ကုမ္ပဏီက ဆောက်လုပ်နေတဲ့ ကြံ့ခိုင်ရေး ပါတီရုံးအနီးမှာ အသံ ကျယ်ကျယ်နဲ့ ဆိုခဲ့မိပါတယ်။

ဒါကိုကြားသွားတဲ့ ACE ကုမ္ပဏီက နံပါတ်တုတ်တွေ ကိုင်ဆောင်ထားတဲ့ လုံခြုံရေးဝန်ထမ်းတွေက သူ့ကိုဖမ်းဆီးပြီး ထိပ်တုံးခပ်ခဲ့ပါတယ်။ နောက်တစ်နာရီခွဲအကြာမှာ ၎င်းရဲ့မိခင်က ငွေကျပ် သုံးထောင်နဲ့အာမခံပြီး လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။

“မင်းကိုထမင်းကျွေးထားတာ ပြည်ခိုင်ဖြိုးကကျွေးထားတာ။ မင်းပြည်ခိုင်ဖြိုးအပေါ်မကောင်းဘဲ NLD အတွက်ပဲလုပ်နေရင် ငါတို့ဆီမှာ အလုပ်လုပ်လို့မရဘူး၊ နားလည်လား လို့ သူတို့(လုံခြုံရေး)ကပြောတယ်” လို့ အောင်ဆန်းဦးကပြောတယ်။

ACE ကုမ္ပဏီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တွေမှာ အားကစားကွင်းတွေကို အသုံးပြုခွင့်မပေးခဲ့တဲ့ အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ပိုင်ဆိုင်တာဖြစ်ပါတယ်။

အောင်ဆန်းဦးဟာ ဆေးသုတ်တဲ့ အလုပ်သမားတစ်ဦးဖြစ်ပြီး သူ့မိခင်နဲ့အတူ ACE ဆောက်လုပ်ရေးရဲ့ အလုပ်သမား တန်းလျားမှာ နေထိုင်သူဖြစ်ပါတယ်။ နောက်တစ်နေ့မှာ တော့ ၎င်းတို့သားအမိဟာ အလုပ်သမား တန်းလျားကနေ နှင်ထုတ်ခံရပြီး ဂုန်မင်းအင်းကျေးရွာထဲမှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

၎င်းရဲ့နာမည်ဟာလည်း ကြားဖြတ်ရွေးကောက်ပွဲ မဲပေးနိုင်သူစာရင်းထဲကနေပယ်ဖျက်ခံလိုက်ရတယ်လို့ သူကပြောပါတယ်။

ဒီအခြေအနေတွေကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေဆီမှာ မတိုင်ရဲတာကြောင့် NLD ကိုသတင်းပို့ ထားတယ်လို့ သူကပြောပါတယ်။ အခုအကြောင်းတွေ ပြောနေတဲ့အချိန်မှာတောင် YPI သတင်းထောက်ကို အသံ တုန်တုန်ရင်ရင်နဲ့ပြောနေတာပါ။

သူက အဲဒီသီချင်းကို တစ်ပုဒ်လုံးရတာမဟုတ်ဘဲ ဟိုတစ်စ ဒီတစ်စသာရတယ် ဆိုပေမယ့် အဲဒီထဲက စာသား အချို့ကိုတော့ ကောင်းကောင်း ရတယ်လို့ပြောပြီး ၎င်းကဆိုပြပါတယ်။

“ ပြည်သူတွေကို မလှိမ့်တစ်ပတ်လုပ်တဲ့ အစိုးရ”

အဲဒီစာသား အရောက်မှာ အသံကျယ်သွားတာကြောင့် ထိပ်တုံးခတ်ခံခဲ့ရတာပါလို့ သူကပြောပါတယ်။ ။

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။