
ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု မဲရုံအမှတ်(၁)တွင် မဲရေတွက်နေစဉ် မကွေးမြို့နယ်၊ မကြီးကန် ကျေးရွာအုပ်စုရှိ မကြီးကန်ကျေးရွာမဲရုံအမှတ်(၁)နှင့်အမှတ်(၂)တို့တွင် မဲစာရင်း၌ မပါရှိသော ဒေသခံတောင်သူ ၁၆၀ ကျော်က ယင်းမဲရုံများရှေ့တွင် စုရုံးရောက် ရှိနေကြသည်။
မဲစာရင်းတွင်မပါရှိ၍ ဆန္ဒမဲပေးလိုကြသည့် ယင်းတောင်သူအရေအတွက်မှာ ၁၆၇ ဦးဖြစ်ပြီး ၎င်းတို့ကို မဲရုံပိတ်ချိန် ညနေ ၄ နာရီမတိုင်ခင်သော် လည်းကောင်း (သို့မဟုတ်) မဲရုံပိတ်ပြီး နောက်ထပ်အချိန်နှစ်နာရီ အတွင်းသော်လည်းကောင်း မဲပေး နိုင်ခွင့်ရရှိကြစေရန် ကျေးရွာကော်မရှင်နှင့် မြို့နယ်ကော်မရှင်တို့က ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဟု မကြီးကျန်ကျေးရွာကော်မရှင်ဥက္ကဋ္ဌဦးသန်းထွန်းကပြောပါသည်။
အထက်ပါ ဆန္ဒမဲပေးလိုကြသော် လည်း မဲစာရင်းတွင် မပါသည့် ဒေသခံနှင့်တောင်သူ ၁၆၀ ကျော်သည် ကော်မရှင်၏ဆုံးဖြတ်ချက် မကျမချင်း မဲပေးနိုင်ခွင့်ရရှိရန် ယင်းနေရာများတွင်ပင် စောင့် ဆိုင်းသွား မည်ဟုဆိုကြသည်။
“ကျွန်မတို့ အကုန်လုံး ခွပ်ဒေါင်းကို မဲပေးဖို့လာကြတာ ဘယ်သူကမှ တိုက်တွန်းလို့လည်း မဟုတ်ဘူး။ ခွပ်ဒေါင်းကိုမဲပေးချင်လွန်းတဲ့ ဆန္ဒတစ်ခုတည်းနဲ့ လာခဲ့တာ။ ၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးကိုပေးခဲ့ရတယ်။ သိတယ် မဟုတ်လား။ သူတို့က ဒီအကွက်မှာ ခြစ်ဆိုလို့ ခြစ်ခဲ့ရတာ။
ဒီတစ်ခေါက်တော့ ဘယ်သူဘာပဲခြစ် ခိုင်းခြစ်ခိုင်း ကိုယ့်ဆန္ဒနဲ့ကိုယ်ဆို ပြီးလာတော့ မပေးရတော့ အရမ်းဝမ်းနည်းတယ်”ဟု အသက် ၄၀ အရွယ်ရှိပဲတောင်သူ ဒေါ်တင်တင်လှက မဲမပေးရ၍ ၀မ်းနည်း ပြီးမျက်ရည်များကျကာပြောသည်။
အထက်ပါဆန္ဒမဲ မပေးနိုင်ကြသည့် ဒေသခံအားလုံးလိုလိုမှာ NLD ပါတီကို မဲပေးကြမည့်သူများဖြစ်ကြသည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ မကွေးမြို့နယ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် နေသည့် NLD လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်သိန်းက “ဒါတွေက ကော်မရှင်က စီမံခန့်ခွဲရေးအပိုင်းအားနည်းချက်ရှိလို့ ဖြစ်ရတာ။ ဒီရွာလိုပဲ တခြားရွာတွေမှာလည်း ဒီလိုပဲရာကျော်ကျန်တယ်။ ဒီကိစ္စကိုတော့ မကျေနပ်တဲ့ပေါက်ကွဲမှု မဖြစ်လာအောင် ညှိနှိုင်းပါ့မယ်” ဟုပြောသည်။
အထက်ပါ မကြီးကျန်ကျေးရွာမဲရုံ(၁)နှင့်(၂)တွင် ဆန္ဒမဲပေး နိုင်သည့်အရေအတွက်မှာ ၁၉၃၅ ဖြစ်ပြီး၊ ၁၆၇ ဦးမှာ မဲစာရင်းတွင် မပါရှိသူများဖြစ်သည်။ တောင်ငူမြို့ အမှတ် ၂ ရပ်ကွက်၊ မဲရုံ ၂ ရှေ့တွင် မဲပေးခွင့်မရရှိသူ လူ အယောက် ၃၀ နီးပါးသည် နံနက် ၁၁ နာရီဝန်းကျင်ကတည်းက မဲပေးခွင့်ရနိုးဖြင့် မဲရုံမပိတ်ခင် ယခုအချိန်အထိ နေ့လည်စာ ပင်မစားမသောက်ဘဲ စောင့်ဆိုင်းနေကြသည်ဟု သတင်းရရှိသည်။
သို့ရာတွင်လည်း မဲပေးနိုင်ခွင့်အခြေအနေမရှိကြောင်း 7day News သတင်းထောက်က သတင်းပေးပို့ထားသည်။ Update-1-4-2012(3:55PM) ရေကျော်ကျေးရွာအုပ်စု၏ မဲရုံအမှတ်(၁)ဖြစ်သော ချောင်းဝကျေးရွာတွင် မဲစာရင်းအပြီးသတ်ရွေးတွက်ပြီးချန်တွင် NLD မှ ၃၁၄မဲ၊ ပြည်ခိုင်ဖြိုးက ၁၆မဲ၊ ညီညွတ် ရေးနှင့်ငြိမ်းရေးပါတီက ၁မဲ၊ ပယ်မဲ ၈မဲရှိကြောင်း သိရသည်။
ရေကျော်ကျေးရွာအုပ်စုတွင် မဲရုံငါးရုံရှိသည့်အနက် မဲရုံ(၁)ဖြစ်သော ချောင်းဝကျေးရွာနှင့် မဲရုံ(၅)ဖြစ်သော နောင်လုံကျေး၇ွာနှစ်ရွာစလုံးက NLDက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေသည်။ ဒက္ခိဏသီရိမြို့နယ် အောင်သုခ ကျေးရွာနှင့်ချိုင်းကျေးရွာမှ မဲပေးခွင့်မရှိသူ ၅၀ ဦးကို မဲရုံမပိတ်ခင်တွင် မဲပေးခွင့်ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း ဒက္ခိဏသီရိမြို့နယ်ကော်မရှင် ရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
မဲစာရင်းတွင်မပါရှိ၍ ဆန္ဒမဲပေးလိုကြသည့် ယင်းတောင်သူအရေအတွက်မှာ ၁၆၇ ဦးဖြစ်ပြီး ၎င်းတို့ကို မဲရုံပိတ်ချိန် ညနေ ၄ နာရီမတိုင်ခင်သော် လည်းကောင်း (သို့မဟုတ်) မဲရုံပိတ်ပြီး နောက်ထပ်အချိန်နှစ်နာရီ အတွင်းသော်လည်းကောင်း မဲပေး နိုင်ခွင့်ရရှိကြစေရန် ကျေးရွာကော်မရှင်နှင့် မြို့နယ်ကော်မရှင်တို့က ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဟု
အထက်ပါ ဆန္ဒမဲပေးလိုကြသော် လည်း မဲစာရင်းတွင် မပါသည့် ဒေသခံနှင့်တောင်သူ ၁၆၀ ကျော်သည် ကော်မရှင်၏ဆုံးဖြတ်ချက် မကျမချင်း မဲပေးနိုင်ခွင့်ရရှိရန် ယင်းနေရာများတွင်ပင် စောင့် ဆိုင်းသွား မည်ဟုဆိုကြသည်။
“ကျွန်မတို့ အကုန်လုံး ခွပ်ဒေါင်းကို မဲပေးဖို့လာကြတာ ဘယ်သူကမှ တိုက်တွန်းလို့လည်း မဟုတ်ဘူး။ ခွပ်ဒေါင်းကိုမဲပေးချင်လွန်းတဲ့
ဒီတစ်ခေါက်တော့ ဘယ်သူဘာပဲခြစ် ခိုင်းခြစ်ခိုင်း ကိုယ့်ဆန္ဒနဲ့ကိုယ်ဆို ပြီးလာတော့ မပေးရတော့ အရမ်းဝမ်းနည်းတယ်”ဟု အသက် ၄၀ အရွယ်ရှိပဲတောင်သူ ဒေါ်တင်တင်လှက မဲမပေးရ၍ ၀မ်းနည်း ပြီးမျက်ရည်များကျကာပြောသည်။
အထက်ပါဆန္ဒမဲ မပေးနိုင်ကြသည့် ဒေသခံအားလုံးလိုလိုမှာ NLD ပါတီကို မဲပေးကြမည့်သူများဖြစ်ကြသည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ မကွေးမြို့နယ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် နေသည့် NLD လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်သိန်းက “ဒါတွေက ကော်မရှင်က စီမံခန့်ခွဲရေးအပိုင်းအားနည်းချ
အထက်ပါ မကြီးကျန်ကျေးရွာမဲရုံ(၁)နှင့်(
သို့ရာတွင်လည်း မဲပေးနိုင်ခွင့်အခြေအနေမရှိကြော
ရေကျော်ကျေးရွာအုပ်စုတွင် မဲရုံငါးရုံရှိသည့်အနက် မဲရုံ(၁)ဖြစ်သော ချောင်းဝကျေးရွာနှင့် မဲရုံ(၅)ဖြစ်သော နောင်လုံကျေး၇ွာနှစ်ရွာစလုံးက NLDက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေသည်။ ဒက္ခိဏသီရိမြို့နယ် အောင်သုခ ကျေးရွာနှင့်ချိုင်းကျေးရွာမှ မဲပေးခွင့်မရှိသူ ၅၀ ဦးကို မဲရုံမပိတ်ခင်တွင် မဲပေးခွင့်ပြန်လည်ခွင့်ပြုမည်ဖြ
မန္တလေးမြို့ ရဲမွန်တောင်ရပ်ကွက် မဲရုံအမှတ် (၂)တွင် မဲစတင်ရေတွက်နေပြီဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးအုန်းကြိုင်က မဲအများဆုံးဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိုယ်စားလှယ် ရှိကာ တတိယနေရာတွင် ပြည်သူ့ဒီမိုကရေစီပါတီမှ ဒေါက်တာ သန်းထိုက်ဦး ရောက်ရှိနေကြာင်းသိရသည်။
7Day News Journal
Source by :http://www.thithtoolwin.com/




.jpg?width=750)

0 comments:
Post a Comment