အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွင်ပါဝင်သည့် မိုင်းရယ်မြို့နယ်ရှိ မြို့တွင်းဗဟိုလမ်းမကြီးပေါ်ရှိ မဲရုံများ၌ မဲပေးခွင့်ရှိသူ၏ ၈၀ ရာခိုင်နှုန်းက မဲပေးကြပြီး နယ်စွန်နယ်ဖျားတွင် ၆၀ ရာခိုင်နှုန်းခန့်သာ မဲပေးကြကြောင်း သိရသည်။ လက်ရှိမဲများအရ ပြည်ခိုင်ဖြိုးပါတီအသာစီးရနေပြီး ကျားဖြူမှ ဒုတိယနှင့် NLD မှ တတိယနေရာတွင်လိုက်နေကြောင်း ယခုအချိန်အထိ သိရသည်။
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွင်ပါဝင်သည့် မိုင်းရယ်မြို့နယ်၊ မဲရုံအမှတ်(၂) တပ်တွင်းတွင် မဲပေးခွင့်ရှိသူ ၄၃၆ ဦးအနက် ကြိုတင်မဲ ၂၆၀ ပါဝင်ရာ NLD တစ်မဲမှမရရှိဘဲ မဲရုံသို့ လာရောက်မဲပေးသော ၁၇၆ ဦးတွင် NLD က ၅ မဲသာ ရရှိခဲ့သည်။
လားရှိုးမြို့အတွင်းရှိ ကျေးရွာခုနှစ်ရွာတွင် ကျားဖြူပါတီက တခြားပါတီများအား အပြတ်အသတ် အနိုင်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။
![]() |
| လားရှိုးမြို့နယ်၊ အမှတ်(၈) အောင်သီတာရပ်ကွက်ရှိ မဲရုံတွင် လာရောက်မဲပေးသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- ဥက္ကာကိုကို |
Update 3.38 pm ကော့မှူးမြို့နယ် ရေကျော်ကျေးရွာအုပ်စု မဲရုံအမှတ် ၁ တွင်NLD ၂၉၁ မဲပြည်ခိုင်ဖြိုးပါတီက ၄၅ မဲ၊ ပယ်မဲ ၂ မဲဖြင့် ရေတွက်ပြီးစီးကာ NLD အနိုင်ရသွားသည်။ ရေကျော်ရွာတွင် မဲရုံ ငါးရုံရှိသည့်အနက် တစ်ရုံတွင် ရေတွက်ပြီးစီးသွားခြင်းဖြစ်သည်။
7Day News Journal
Source by :http://www.thithtoolwin.com/





.jpg?width=750)

0 comments:
Post a Comment