Home » , » ဒီချုပ်ရုံးရှေ့က လူထု

ဒီချုပ်ရုံးရှေ့က လူထု

Written By မောင်စေတနာ on Sunday, April 1, 2012 | 10:04:00 PM



ဓာတ်ပုံတွေကို ဘားမား ဗီဂျေရဲ့ ဖေ့စ်ဘုတ်က ယူပါတယ်။

NLD ရုံးရှေ့မှာ မဲအနိုင်အရှုံးတွေကို စောင့်ကြည့်နေတဲ့ လူထုပါ။ ခုနောက်ဆုံး သိရသမျှတော့ လမ်းတောင် ပိတ်နေပြီလို့ ပြောပါတယ်။

ကော့မှူးမှာလည်း ဒေသခံလူထုက အောင်ပွဲခံနေကြပါပြီတဲ့။ ဒေါ်အောင်ဆန်းစုကြည့် အပြတ်အသတ် နိုင်သွားပါပြီ။

နေရာအတော်များများမှာ NLD က အနိုင်ရကြောင်း ကြားနေ ပြောနေကြပါတယ်။ လစ်လပ်နယ်မြေ ၄၄ နေရာတည်း ဆိုပေမယ့် NLD ဝင်ပြိုင်တဲ့အတွက် ပြည်တွင်းရေးအရရော နိုင်ငံတကာ အရပါ အရေးတကြီးနဲ့ စိတ်လှုပ်ရှားကြရတဲ့ ပွဲဖြစ်နေပါတယ်။

ဒီညတော့ အုံးအုံးကြွက်ကြွက် ရှိနေကြမလား မပြောတတ်ပါ။ ရွေးကောက်ပွဲတွေတိုင်းမှာ မဲထွက်ပေးသူ အနည်းအများကို စိတ်ပူရစမြဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ကြားဖြတ်ပွဲလေးမှာတောင် မဲပေးရမယ့်စာရင်းထဲ မပါလို့ ဆူပူ စိတ်ဆိုးကြသူတွေကို တွေ့နေရပါတယ်။

NLD က လွှတ်တော်ထဲ ရောက်တော့မယ်လို့ သုံးသပ်ရတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။