Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅)

Written By မောင်စေတနာ on Monday, April 2, 2012 | 12:14:00 AM



မရမ်းကုန်းမြို့နယ်ရှိ မဲရုံတွင် လူအများလာရောက်မဲပေးစဉ်။
မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရှိ အလက(၅)ကျောင်းတွင် လူအများ လာရောက် မဲပေးနေကြစဉ်။ အဆိုပါမဲရုံတွင် မဲရုံ အမှတ်(၁)(၂)(၃)(၄)(၁၃)ဲ ရုံ(၅)ရုံ ဖွင့်လှစ်ထားကြောင်း သိရသည် ။ "၂၀၁၀တုန်းကနဲ့ အခု မဲပေးရတာ အတူတူပါပဲ၊ ၂၀၁၀တုန်းကတော့ အလုပ်တခု အနေ့နဲ့လာပေးဖြစ်တယ်။ အခုကတော့ ကိုယ်အသိ စိတ်ဓာတ်နဲ့ကိုယ် လာပေးဖြစ်တာပါ"ဟု မဲလာေ၇ာက် ပေးခဲ့သည့် အသက်(၅၀) အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။သူကတော့ NLDကို မဲပေးခဲ့သည်ဟု ဆိုသည်။
By: Popular Myanmar News Journal



မင်္ဂလာတောင်ညွန့်မြို့နယ်၊ပုသိမ်ညွန့်ရပ်ကွက်၊မဲရုံများမြင်ကွင်
By: National League for Democracy

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးအရှေ့ရပ်ကွက်တွင် မဲရုံ ၄ ရုံ၌ လာရောက်မဲပေးသူ အမျိုးသမီး ၁၂ ဦးအား ကျပန်းမေးမြန်းရာ ၁၁ ဦးက NLD အားမဲပေးခဲ့သည်ဟု ဖြေကြားကြပြီး ကျန်တစ်ဦးက ပြည်ခိုင်ဖြိုးအား မဲပေးခဲ့သည်ဟု ဖြေကြားသည်။

နေပြည်တော်ခရိုင် ဇမ္ဇူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် မဲရုံအမှတ်( ၂၇၊ ၂၈) နှစ်ရုံတွင် မဲပေးရမည့်သူများမှာ ACE ကုမ္ပဏီမှ ဖြစ်ပြီး၊ မဲဆန္ဒရှင် ၂၃၀၀ ရှိသည်။ ယနေ့နံနက် မဲပေးကြရာ၌ ကိုက် ၅၀၀ အကွာ၌ လာရောက်မဲပေးသူ ကုမ္ပဏီဝန်ထမ်းများအား တစ်ဦးလျှင် ငွေတစ်ထောင်၊ ရေသန့်တစ်ဗူးနှင့် ထမင်းတစ်ထုပ် ဝေငှကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ NLD ပါတီမှ ဒေါ်စန္ဒာမင်းမှ ယခုကဲ့သို့ မလုပ်သင့်ကြောင်း ပြောဆိုပြီး၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးဝင်းဌေးကမူ "၄င်းကုမ္ပဏီက သူ့ဝန်ထမ်းတွေကို မနက်စာ ကျွေးနေကျမို့လို့ ကျွေးတာပါ"ဟု ပြန်လည်ဖြေကြားသည်။

ACE ကုမ္ပဏီမှ အသက် ၂၀ အရွယ် အမျိုးသားဝန်ထမ်း တစ်ဦးကမူ ပြည်ခိုင်ဖြိုးကို မဲပေးခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။

7Day News Journal

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။