Home » , , , , » ထိုင်းနဲ့မြန်မာတို့ရဲ့ ပညာပေးနည်း

ထိုင်းနဲ့မြန်မာတို့ရဲ့ ပညာပေးနည်း

Written By မောင်စေတနာ on Tuesday, April 10, 2012 | 4:39:00 PM

(ဓာတ်ပုံ -Somchai Poomlard/bangkokpost)

ဘန်ကောက်မြို့ Ratchaprasong မီးပွိုင့်မှာ မြူးမြူးကြွကြွ သင်္ကြန်အကနဲ့ ဖျော်ဖြေနေတဲ့ အမျိုးသမီး ယာဉ်ထိန်းရဲများ။ ရဲမေတို့ရဲ့ လှလှပပ ကပြမှုဟာ ရက်ပိုင်းအတွင်း ရောက်လာမယ့် သင်္ကြန်ကာလမှာ
ဘေးမသီရန်မခ မောင်းနှင်ကြဖို့ လှုံ့ဆော်တဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။
နှစ်သစ်ကူးချိန် ဒဏ်ရာရ သေကြေမှု လျှော့ချဖို့ ထိုင်းပုလိပ်တွေက အကြီးအကျယ် လှုံ့ဆော်နေပါပြီ။

Ratchaprasong မီးပွိုင့်ကြီးမှာ ဆိုင်ကယ်တွေ ကားတွေ ပိတ်မိနေပြီး အနည်းဆုံး သီချင်းတပုဒ်စာ ကြာအောင် ပညာပေးမှုကို ရှုစားခဲ့ရပါတယ်။ ထိုင်း စာနယ်ဇင်းများမှာလည်း ဒီပညာပေးအစီအစဉ်ကို သတင်း၊ ဓာတ်ပုံ၊ ရုပ်သံ စတဲ့ မီဒီယာမျိုးစုံနဲ့ ပြန်လည် ဖော်ပြကြတာကို တွေ့ကြရမှာပါ။

သင်္ကြန်ရှိတဲ့ မြန်မာပြည်မှာလည်း လှုံ့ဆော်နေပါတယ်။ အစိုးရ မီဒီယာတွေမှာ သတိပေးချက် ထည့်သွင်းတဲ့နည်းနဲ့ လှုံ့ဆော်နေပါတယ်။ (ရုပ်သံရဲ့အောက်မှာ ရှုပါ)

ရဲမေများနဲ့ မဟုတ်တောင် ပေါ်လစီကားရိုက်သလို ထင်ရှားကျော်ကြား မင်းသမီးမင်းသားများနဲ့ ပညာပေးကားရိုက်မယ်ဆိုရင် ပိုပြီး ထိရောက်မှာဖြစ်ပါကြောင်း။

(ဓာတ်ပုံ - www.apacnews.net)


ရုပ်သံ


Source by :http://www.irrawaddyblog.com/
Share this article :

1 comments:

Yin Sue said...

ကြေငြာပုံလေးလာကြည့်သွားတယ်အစ်ကိုရေ.......

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။