Home » , , » လစာမရ၍ သင်္ဘောမထွက်ရန် ကန့်ကွက်သော မြန်မာသင်္ဘောသားများ လစာပြန်ရ

လစာမရ၍ သင်္ဘောမထွက်ရန် ကန့်ကွက်သော မြန်မာသင်္ဘောသားများ လစာပြန်ရ

Written By မောင်စေတနာ on Friday, April 6, 2012 | 10:06:00 PM



အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း သီလ၀ါရှိ OS Yangon သင်္ဘောမှ မြန်မာသင်္ဘောသားများ လစာမရ၍ သင်္ဘောပြန်လည်မထွက်ခွာရန် ကန့်ကွက်ထားရာမှ ယခုအခါလစာများ ပြန်လည်ရရှိပြီဖြစ်ကြောင်း ယင်းသင်္ဘော၏ သင်္ဘောသားများထံမှ သိရသည်။

မြန်မာနိုင်ငံသို့ မတ်လ ၂၄ ရက်နေ့က ရောက်သောကားတင်သင်္ဘော OS Yangon သင်္ဘောမှ မြန်မာသင်္ဘောသား ၁၄ ဦးမှာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ လစာမရသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလ၀ါသို့ သင်္ဘောဆိုက် ကပ်ချိန်တွင် ယင်းတို့၏ လစာများရရှိရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

''၃ ရက်နေ့ ည ၉ နာရီလောက်မှာ ကျွန်တော်တို့ လစာတွေကို လာရှင်းပေးခဲ့ပါတယ်။ မရသေးတဲ့ ၄ လစာအတွက် အပြည့်အ၀ရခဲ့ပါတယ်။ လစာတွေရပြီးတာနဲ့ ဒီနေ့မနက်မှာတော့ ကျွန်တော်တို့ တွေသင်္ဘောပေါ်က ဆင်းလာခဲ့ပါတယ်။ ဒီသင်္ဘောမှာလိုက်သွားပြီး တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့တဲ့အတွက် မြန်မာသင်္ဘောသား ၁၀ ဦးစလုံးဆင်းခဲ့တာပါ''ဟု မြန်မာ သင်္ဘောသားတစ်ဦးက ဆိုသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။