Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂)

Written By မောင်စေတနာ on Monday, April 2, 2012 | 12:06:00 AM



မင်္ဂလာတောင်ညွန့်မြို့နယ် ရှိမဲရုံတရုံရှေ့တွင် ပြည်ပ သတင်းထောက်များက မဲရုံအနီးတွင် သတင်းယူနေကြစဉ် -ဧပြီ ၁ ရက်၊ သတင်းဓါတ်ပုံ-အိမ့်ခိုင်ဦး ) ဧပြီ ၁၊ နံနက် ၇ နာရီ

မဟာအောင်မြေမြို့နယ်မှာ ကြိုတင်မဲ စုစုပေါင်း ၂၉၃ မဲသာရှိကြောင်း မြို့နယ်ကော်မရှင်က သတင်းထောက်များအား တရားဝင်ပြောဆိုသည်။

နေပြည်တော် ဇမ္ဗူသီရိမှာ မှတ်ပုံတင်နံပါတ်မှားနေသော်လည်း မဲပေးခွင့်ရသည်ဟု မဲပေးခဲ့သူက ပြောသည်။ နေပြည်တော် ပြန်ကပြေး အထက ၄ မဲရုံမှာ မဲစာရင်းကို ယမန်နေ့ညနေတွင်မှ ကပ်သဖြင့် မဲပေးသူများ မိမိအမည်ရှာဖွေနေရသည့် အခက်အခဲကြောင့် အချိန်ကြန့်ကြာမှုရှိနေ၊ ရှာမတွေ့သူက များသဖြင့် အချို့က စိတ်ပျက်၍ မပေးတော့ဟု ပြောဆိုမှုများ ကြားသိနေရသည်။

ပုသိမ်မြို့တွင်မဲပေးသူ ခပ်ကျဲကျဲသာတွေ့မြင်နေရကြောင်း YPI သတင်းထောက်များက ပေးပို့သည်။



နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ မှတ်ပုံတင်နံပါတ်အမှားများဖြင့် မဲစာရင်းပြုစုထားသည်ကို တွေ့ရစဉ်။ မတ်လ ၃၁ ရက်၊ (သတင်းဓါတ်ပုံ-ဆိုင်းဆွတ်-YPI)
Yangon Press International

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။