Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၇)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၇)

Written By မောင်စေတနာ on Monday, April 2, 2012 | 5:58:00 AM

ဒဂုံဆိပ်ကမ်းတွင် ရေတွက်ပြီးမဲရုံများ၌ NLD မှ အနိုင်ရရှိဟုဆို
ရန်ကုန် ဧပြီ ၁

ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် ယုဇနဥယျာဉ်မြို့တော်တွင် စုစုပေါင်း မဲရုံ ၁၈ ရုံရှိရာ မဲရေတွက်ပြီးစီးသွားသော မဲရုံ ၁၀ ရုံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင် က အနိုင်ရရှိထားကြောင်း NLD မဲရုံကိုယ်စားလှယ်များ၏ အတည်ပြုချက်အရ ဒဂုံဆိပ်ကမ်းမြို့နယ် NLD ရုံးအဖွဲ့ မှူး ဦးထွန်းဝက The Voice ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဒဂုံဆိပ်ကမ်းတွင် မဲပေးခွင့်မရသူများတိုင်ကြားရန် စီစဉ်နေဟုဆို
ရန်ကုန် ဧပြီ ၁

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက် သော်ကမြိုင် ၄ လမ်း၊ အမှတ် ၁ အထက်တန်းကျောင်း မဲရုံ ၁၊ ၂၊ ၃ ၊ ၄ တွင် မဲစာရင်းမပါသူ၊ နာမည်မှားသူ ၊ မှတ်ပုံတင်နံပါတ်မှားသူ များဖြင့် မဲပေးခွင့်မရှိသူများ များပြားလျက်ရှိပြီး အဆိုပါမဲပေးခွင့်မရှိသူများက တိုင်းကော်မရှင်ရုံးသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း အဆိုပါ မဲဆန္ဒနယ်သို့ ရောက်ရှိနေသည့် The Voice သတင်းထောက် က သတင်းပေးပို့သည်။
ကျောက်ပန်းတောင်းတပ်နယ်တွင် NLD ရှူံးနိမ့်နေဟုဆို
မန္တလေး ဧပြီ ၁(4:00 pm)

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် တပ်နယ် ငါးနေရာ၌ မဲစာရင်း ၄၀၀ ကျော်တွင် NLD ပါတီမှ မဲအရေအတွက် ၂၀ ဖြင့် ရှူံးနိမ့် ကြောင်း၊ ကျောက်ပန်းတောင်းမြို့တွင် ကြိုတင်မဲအရေအတွက်မှာ ၃၅၀၉မဲ၊ အဝေးရောက် (ပြည်ပ)မဲမှာ ခုနစ်မဲရှိကြောင်းထို မဲဆန္ဒနယ် တွင် ရောက်ရှိနေသည့် The Voice သတင်းထောက်မှ သတင်းပေးပို့သည်။

ကော့မှူးမြို့  မဲဆန္ဒနယ် တွင် NLD ပါတီမှ ရရှိခဲ့သော မဲအရေအတွက်များ

ကော့မှူး၊ ဧပြီ ၁ ( 4 : 43 PM )

ကော့မှူး မဲဆန္ဒနယ် တွင် ဆန္ဒမဲပေးမှုများ ပြီးစီးခဲ့ရာ မဲရေတွက်မှု ပြုလုပ်ခဲ့ပြီး အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ် မှ ဘုတ်တင် ကျေးရွာ မဲရုံ ( ၁ ) တွင် ၃၅၈ မဲ ( ၉၁ ဒသမ ၃၂ ရာခိုင်နှုန်း) ၊ မဲရုံ ( ၂ ) တွင် ၂၈၁ မဲ ( ၈၁ ဒသမ ၆၁ ရာခိုင်နှုန်း ) ၊ ကရင်စုကျေးရွာ မဲရုံတွင် ၂၃၈ မဲ ( ၈၇ ဒသမ ၈၂ ရာခိုင်နှုန်း )၊ ပျားမွတ်ကျေးရွာတွင် ၂၀၃မဲ ၊ ရေတာရှည်တွင် ၃၆၁မဲ ( ၉၁ ဒသမ ၉ ရာခိုင်နှုန်း )၊ မြတ်ဆံနီ ကျေးရွာ တွင် ၁၅၁ မဲ ( ၆၈ ရာခိုင်နှုန်း ) ရရှိခဲ့ကြောင်း The Voice Weekly သတင်းထောက်က တိုက်ရိုက်သတင်းပေးပို့သည်။မိတ္ထီလာမဲဆန္ဒနယ်မဲရုံ လေးရုံတွင် ကြံ့ခိုင်ရေးပါတီ မဲအပြတ်အသတ်အနိုင်ရ
မိတ္ထီလာ ဧပြီ ၁(4:35 PM)

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ရှိ မဲရုံ လေးရုံတွင် မဲရေတွက်မှု ပြီးစီးပြီ ဖြစ်ရာ ယင်းမဲရုံလေးရုံတွင် ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေကြောင်း ယင်းမဲဆန္ဒနယ်တွင် ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါ မဲရုံလေးရုံမှာ မိတ္ထီလာ တပ်မ ၉၉ ဆက်သွယ်ရေးတပ် ၁ ဆယ်ကုန်းကျေးရွာ မဲရုံ ၃နှင့် မဲရုံ ၄ တို့ ဖြစ်ကြပြီး မိတ္ထီလာ တပ်မ ၉၉ တွင် ကြံ့ခိုင်ရေးပါတီက ၄၇၂ မဲ၊ NLD ပါတီက ၇၅ မဲ၊ ဒေါ်မြင့်မြင့်အေး (တစ်သီးပုဂ္ဂလ)က ၁၂ မဲ၊ ဦးဝင်းဇော် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်က သုံးမဲ၊ ဆက်သွယ်ရေးတပ် ၁ တွင် ကြံ့ခိုင်ရေးက ၃၂၀ ၊NLD ၂၄ မဲ၊ ဒေါ်မြင့်မြင့်အေး ၄ မဲနှင့် ဦးဝင်းဇော် နှစ်မဲ၊ ဆယ်ကုန်းကျေးရွာ ၃ နှင် ၄ တွင် ကြံ့ခိုင်ရေးပါတီက ၂၁၉ မဲနှင့် ၃၀၀ မဲ၊ NLD ပါတီက ၉၇ မဲနှင့် ရှစ်မဲ၊ ဒေါ်မြင့်မြင့်အေးက ၂၅ မဲနှင့် နှစ်မဲ၊ ဦးဝင်းဇော်က ရှစ်မဲနှင့် တစ်မဲ အသီးသီးရရှိကြသည်။


ထို့ကြောင့် ကြံ့ခိုင်ရေးပါတီက ၁၃၁၁ မဲ၊ NLD ပါတီက ၂၀၄ မဲ ၊ ဒေါ်မြင့်မြင့်အေးက ၄၃ မဲ၊ ဦးဝင်းဇော်က ၁၄ မဲ အသီးသီးရရှိကြရာ အဆိုပါ မဲရုံလေးရုံတွင် ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
တောင်ငူအမှတ်(၂) ရပ်ကွက် မဲပေးရန် ကျန်ရှိသူများအား မဲလက်မှတ်များ ပြန်ထုတ်ပေးနေ

တောင်ငူ၊ ဧပြီ ၁ ( 4:25 PM )

ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် စိတ်အား ထက်သန်လျှက်ရှိသောမြို့ တစ်ခုဖြစ်သည့် ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ ရှိ အမှတ် ၂ ရပ်ကွက် ဒေသခံများအား ၎င်းတို့ ဆန္ဒမဲပေးသည့် မဲရုံ ( ၃ ) တာဝန်ရှိသူများက မဲပေးခွင့် လက်မှတ်များ ပြန်လည် ထုတ်ပေးနေကြောင်း အမှတ်(၂) ရပ်ကွက် ဒေသခံများနှင့် ဒေသခံ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် တစ်ဦးထံက သိရသည်။

“မဲစာရင်းကျန်လို့ ပြန်ထုတ်ပေးနေတယ် ကြားတယ်၊ အခု ၃ နာရီ ၀န်းကျင် မှာပဲ''ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်က The Voice Weekly ၏ဆက်သွယ် မေးမြန်းချက် ကို ဖြေကြားသည်။

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသော ဧပြီတစ်ရက်နေ့ စာရင်းတွင် ယင်းရပ်ကွက်၏ မဲပေးခွင့်ရှိသူ ၇၅၆၂ ဦး ရှိသော်လည်း မဲရုံ သုံးရုံ ၏စာရင်းအရ ၇၁၀၃ဦးသာ မဲပေးခွင့် ရကြောင်းအမှတ် ၂ ရပ်ကွက် မဲရုံ ၃ စာရင်း၏ ထုတ်ပြန်ချက် စာရင်းများ အရ သိရသည်။

“မဲမထည့်ရဘဲ ပြန်သွားတဲ့ သူတွေ အများကြီးပဲ၊ ရပ်ကွက်ထဲမှာ တစ်အိမ်လုံး ကျန်တာတွေ မိသားစုထဲမှာ တစ်ချို့  ကျန်ခဲ့ တာတွေ ရှိတယ် " ဟု အသက် ၆၀ကျော် အရွယ် ဆန္ဒမဲ ပေးခွင့် ရသူ ဒေါ်လှဝေသန်းက The Voice Weekly သို့ အသိပေး ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့  မြို့ နယ် အုပ်ချုပ်ရေးမှူး မှလာရောက်ပြီး မြို့ နယ် ကော်မရှင် ဥက္ကဋ္ဌက ၂ ရပ်ကွက်နှင့် ပတ်သက်ပြီး ပြေလည်အောင် ဖြေရှင်းပေးရန် ရပ်ကွက် အုပ်ချုပ်ရေးမှူး အားပြောကြားခဲ့ကြောင်း မဲပေးခြင်းနှင့် ပတ်သက်ပြီး သန့်ရှင်းမျှတ စေရန် စောင့်ကြပ် လိုက်လံကူညီပေးသူ ရပ်မိရပ်ဖ တစ်ဦးက ရှင်းပြသည်။

ထားဝယ် လောင်းလုံမြို့နယ် ကြားဖြတ် ရွေးကောက်ပွဲနေ့ မြင်ကွင်းများ

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။