Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၇)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၇)

Written By မောင်စေတနာ on Monday, April 2, 2012 | 12:19:00 AM

ယနေ့နံနက် ၈နာရီ ၄၅ ခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)နှင့်(၂)များသို့ NDF ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိမ်း(အဆိုတော် ရသ)၀င်ခွင့်မရကြောင်းသတင်းရရှိ။

ယနေ့နံနက် ၈နာရီ ခွဲခန့်တွင် သိရသောစာရင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူရထား မဲရုံအမှတ်(၁)၀ယ် ကြိုတင်မဲ ၁၄ မဲ၊ သိမ်ဖြူရထား မဲရုံအမှတ်(၃)၀ယ် ကြိုတင်မဲ ၁၄ မဲ၊ ကန်မြောက် မဲရုံအမှတ်(၁)နှင့်(၂)တို့ဝယ် ကြိုတင်မဲ ၁၂၅ မဲ၊ သာယာကုန်း မဲရုံအမှတ်(၄)၀ယ် ကြိုတင်မဲ ၂၈ မဲတို့ရှိနေကြောင်းသိရသည်။

ပဲခူးတိုင်း သနပ်ပင်မြို့နယ်၊ ဘုရားကြီးပိုင်းရပ်ကွက်မဲရုံတွင် အကျွေးအမွေးများပြုလုပ်နေသဖြင့် မဲဆွယ်စည်းရုံးမှုလေလောဟု စုံစမ်းကြည့်ရာ မဲရုံတာဝန်ရှိသူများက မဲပေးသူမျုားကိုကျွေးခြင်းမဟုတ်ကြောင်း မဲရုံအမှုထမ်းများကိုသာ ကျွေးခြင်းဖြစ်ကြောင်းသိရပါသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် (၉၂)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲဆန္ဒရှင်အမည်စာရင်းဝယ် နာမည်များထပ်နေခြင်းတွေ့ရှိရဟု မဲဆန္ဒရှင် တစ်ဦးကပြောသည်။ "ဒီလိုဗျာ... မဲစာရင်းမှာ အမှတ်စဉ် ၁ ကနေ ၁၀၀ အထိပါတယ်ဆိုပါတော့။ အဲဒီမှာ ကျွန်တော့် နာမည်က နှစ်နေရာတောင်ပါနေတာတွေ့ရတယ်။ ဒီတော့ ပေးလိုက်တဲ့မဲက ဘယ်လိုများဖြစ်သွားမလဲ။ ပယ်မဲများဖြစ်သွားမလားလို့ စိုးရိမ်နေတယ်ဗျာ။ ကျွန်တော့်လိုပဲ ကြုံတဲ့သူ နှစ်ယောက်လောက် ရှိတယ်လို့သိရတယ် ဗျ"ဟု သူကပြောသည်။

ဥတ္တရသီရိရပ်ကွက်ရှိ မဲရုံသို့ မကြာမီ သံတမန်များသွားရောက်လေ့လာမည် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် (ချင်းရွာ) ရှိ အမှတ် ၅၇ အခြေခံပညာမူလတန်းကျောင်းရှိ မဲရုံသို့ မကြာခင်အချိန်အတွင်း သံတမန်များ သွားရောက်လေ့လာမည်ဖြစ်ကြောင်း ယနေ့နံနက် ၈ နာရီခန့်က သတင်းရရှိသည်။

ယင်းအချိန်အတွင်း ဇဗ္မူသီရိမြို့နယ် တွင်း၌ တရုတ် ဘရူနိုင်းနှင့် အမေရိကန် နိုင်ငံများမှ သွားရောက်လေ့လာနေပြီဟု သတင်းရရှိသည်။ ဥတ္တရ သီရိမြို့နယ်တွင်း၌ မဲပေးခွင့်ရှိသူဦးရေ ၅သောင်း ၆ထောင်ကျော်ရှိပြီး အထက်ပါ မဲရုံ၌ ယခုကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေ ၃ ထောင်ကျော်ရှိသည်ဟုသိရသည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ယင်းရပ်ကွက် ၌ မဲပေးခွင့်ရှိသူဦးရေမှာ ၈ ထောင်ကျော်ရှိသည်ဟု သိရှိရသည်။



ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက်ရှိ မဲရုံသို့ မကြာမီအချိန်အတွင်း သံတမန်များ သွားရောက်လေ့လာမည်

Popular Myanmar News Journal

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။