Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၀)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၀)

Written By မောင်စေတနာ on Monday, April 2, 2012 | 12:30:00 AM

ပုသိမ်မြို့နယ် မဲရုံများမှ မဲပေးပြီး မဲရုံမှပြန်ထွက်လာသူများကို မေးမြန်းစုံစမ်းမှုများအရ NLD ကိုသာ မဲပေးခဲ့ကြသည်ဟု အတိ အလင်းပြောကြားကြကြောင်း၊ ထိုအထဲတွင် မီးရထားဝန်ထမ်းများနှင့် အငြိမ်းစားဝန်များ လည်းပါဝင်ကြောင်း၊ လူငယ်အချို့ဆိုလျှင်"ခွပ်ဒေါင်းကို ပဲမဲပေးခဲ့တယ်ဟေ့"ဟု အော်ဟစ်ပြီး ပင်ပြောဆိုနေကြကြောင်း၊ ပုသိမ် သတင်းထောက်ထံမှ သတင်းပေးပို့သည်။

ပုသိမ်မြို့တွင် ယနေ့ ဧပြီလ (၁)ရက်နေ့ဝယ် ပိတောက်ပန်းများ အထူးပွင့်နေကြကြောင်း၊ တစ်မြို့လုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်နေကြပြီး ဈေးဆိုင်အများစုမှာ ဆိုင်ပိတ်ထားကြကြောင်း သိရသည်။



ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း လာရောက်မဲပေးစဉ်

နေပြည်တော်ကောင်စီနယ် ဇဗ္မူသီရိမြို့နယ် ဇေယျသိဒ္ဒိရပ်ကွက် အ.ထ.က ၅ မဲရုံအမှတ် ၁/၁ ၊ ၂/၂ သို့ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း လာရောက်မဲပေးခဲ့ပြီး "၂၀၁၀ ရွေးကောက်ပွဲနဲ့ အခုကြားဖြတ်ရွေးကောက်ပွဲ မဲပေးရတာ အတူတူပါပဲ။

နိုင်ငံတော်အကြီး အကဲတွေကလည်း နိုင်ငံ တိုးတက်ဖို့လုပ်နေပါတယ်။ ၂၀၁၀ ပြီးတော့လဲ ပွင့်လင်းလာတာမြင်ရတာပဲ အခုရွေးကောက်ပွဲပြီးရင်လဲ ဒီထက်ပိုပြီး ပွင့်လင်းလာတာ မြင်ရမှာပါ " ဟုPopular News ဂျာနယ်၏ မေးခွန်းတိုအားပြန်လည် ဖြေကြားခဲ့သည်။

Popular Myanmar News Journal

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။