Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၉)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၉)

Written By မောင်စေတနာ on Monday, April 2, 2012 | 12:26:00 AM

ပခုက္ကူမြို့ အမှတ်(၅)ရက်ကွက် မဲ၇ုံ (၁) ၏ တည်နေရာ မူလသက်မှတ်ထားသောနေရာမှ ယနေ့မဲပေးသည့်နေ့တွင် နေရာပြောင်းလဲသွားပါကြောင်း.. အဆိုပါမဲရုံတွင် မဲပေးခွင့်ရှိသူ ကိုဖိုးရှုပ်မှ ပြောကြားပါသည်။

ပခုက္ကူမြို့ အမှတ် (၃)ရက်ကွက် အမက (၁၇)ကျောင်းအတွင်း မဲရုံအမှတ် (၅)တွင် မဲဆန္ဒရှင်ပြည်သူမှ မဲလက်မှတ် လဲခိုင်းရာ မဲရုံမှူးမှ မဲလက်မှတ်အသစ်လဲမပေးပါ။ ၄င်းမဲရုံတွင် တိုင်းကော်မရှင် ရောက်ရှိနေ၍ ၄င်းတို့ကိုယ်တိုင်မှလည်း လဲခွင့်မပေးနိုင်ကြောင်း၊ လဲခွင့်မရှိကြောင်း NLD အဖွဲ့ဝင် ဒေါ်နွေနွေလှိုင်မှ သတင်းပို့ပါသည်။

ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက် ၅ လမ်းတွင် တည်ရှိသော မဲရုံအမှတ် (၆) တွင် မဲရုံမှူး ဦးမောင်ဝင်း၏ ဇနီး ဒေါ်မော်လီ (အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး) နှင့် ဒေါါ်အေးတို့သည် မဲရုံဝင်းအတွင်းတွင် ပြည်ခိုင်ဖြိုးပါတီ အားမဲထည့်ရန် မဲဆွယ်စည်းရုံးနေကြောင်း NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်မူမူခိုင်မှ သတင်းပို့ပါသည်။ ၄င်းမဲရုံတွင် မဲဆန္ဒရှင်များ လဲခိုင်းသော ဆန္ဒမဲလက်မှတ်များ လဲခွင့်မရပါ။

ပခုက္ကူမြို့ (မြို့သစ်) တွင် ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင် (၁၀၀)ကျော်သည် ဆန္ဒမဲပေးခွင့်မရပါ။ မှတ်ပုံတင် အိမ်ထောင်စုဇယားများ ယူဆောင်သွားသော်လည်း ပေးခွင့်မရရှိပါ။ အဆိုပါနေရာတွင် ပခုက္ကူမြို့ ပြည်သူ့လွတ်တော် ကိုယ်စားလည်လောင်း ဦးပိုက်ကိုနှင့် သတင်းထောက် အဖွဲ့များလည်း ရောက်ရှိကြောင်း ဦးခင်မောင်ရွှေမှ သတင်းပို့ပါသည်။



ယနေ့ မဲရုံတခုအားမြင့်တွေ့ ရစဉ် (ဓါတ်ပုံ-NLD)

Source by :http://www.thithtoolwin.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။