ရန်ကုန်တိုင်း သုံးခွမြို့နယ် ပိုက်စည်းရွာနားကို ဝေလငါးတကောင် ရောက်လာပြီး သောင်တင်ခဲ့ပါတယ်။ သူ့ကို ရေထဲ ပြန်ပို့ပေမယ့် မအောင်မြင်ပါဘူး၊ ရေတက်တဲ့အခါ ကုန်းပေါ် ပြန်ရောက်လာတာပါ။ ၂ ရက်အကြာမှာ သေဆုံးသွားပါတယ်။ ဝေလငါးကြီးက ပေ ၅၀ နီးပါး ရှည်ပါတယ် တဲ့။အခုတော့ မြေမြှုပ်လိုက်ပြီ၊ "တစ်နှစ်ခွဲ နှစ်နှစ်အချိန်လောက်ကျမှ ပြန်ဖော်မယ်။ ဦးတို့ အနေနဲ့ကတော့ အရိုးစု ရရှိရေး၊ မပျက်စီးရေး အတွက်ကိုဘဲ လုပ်ဆောင်သွားမှာပါ'' လို့ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောကြားကြောင်း အလဲဗင်း မီဒီယာ အွန်လိုင်းမှာ ရေးသားထားပါတယ်။

ဒီကနေ့ ကြေးမုံသတင်းစာမှာ တွေ့ရတဲ့ ဝေလငါးသတင်း
(ဓာတ်ပုံများ - အလဲဗင်း မီဒီယာ အွန်လိုင်း - http://news-eleven.com)
Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment