တိုင်းပြည်ရဲ့ တခါသုံးသယံဇာတတွေ... စဉ်ဆက်မပြတ်တဲ့ရေအလျဉ်တွေ... အခြေခံလိုအပ်ချက်ကို ဝယ်ယူဖြည့်ဆည်းပေးနိုင်တဲ့(နိုင်ငံခြားငွေရှာပေးတဲ့) တွင်းထွက် ရတနာတွေ ပေါကြွယ်ဝပါလျက် မိမိတိုင်းပြည်.. အထူးသဖြင့် လျှပ်စစ်ထုတ်လုပ်ရာဒေသတွေ က မှောင်နေတာတွေ ဟာ ဖြစ်သင့် ဖြစ်ထိုက်ပါရဲ့လား...လို့ တွေးမိတဲ့ အတွက် ဒီကန်ပိန်းကို ကြိုဆိုပါတယ်။ပြောပြဦးမယ်ဗျာ..
အင်းလေးကန်ထဲ စီးဝင်တဲ့ ဘီလူးချောင်းကနေ လောပိတ ရေအားလျှပ်စစ်ကို ဖြန့်စဉ်က မဆလ ပါတီဝင် လူကြီးက သူတို့ အင်းလေး ဘာကြောင့် မီးမလင်းတာ တင်ပြလိုက်တော့.... မီးတော့မလင်းဘူး... သူကတော့ ပြုတ်သွားတယ်...။
ကဲ..... မီးလင်းရေး နှင့် ဓါတ်အားခ လျော့ချရေး ပူးတွဲတောင်းဆိုသင့်သလို.. ကိုယ့်အိမ်မှာ ဘယ်သူမှ ဖုန်တောင် လာသုတ်မပေးတဲ့ မီတာကို စောင့်ရှောက်ခ ၁၀၀၀ ကျပ် ကောက်နေတာ ရပ်တန့်ပေးဖို့..... အားလုံး လက်တွဲညီညီ တွန်းကြပါစို့....။
ညွှန်း - ကိုဝိုင်ဝိုင်ကေ - http://www.facebook.com/photo.php?fbid=419567651403755&set=a.137910152902841.25216.100000515706939&type=1&theater
Source by :http://www.irrawaddyblog.com/




.jpg?width=750)

0 comments:
Post a Comment