Home » , » ပြောစရာများတဲ့ ဒဂုံဆိပ်ကမ်း

ပြောစရာများတဲ့ ဒဂုံဆိပ်ကမ်း

Written By မောင်စေတနာ on Sunday, April 1, 2012 | 10:40:00 PM

ဒီမနက် မြင်ရတဲ့ ဒဂုံဆိပ်ကမ်း (ဓာတ်ပုံများ - ဧရာဝတီ)

ဒဂုံဆိပ်ကမ်းမြို့နယ်သည် မဲစာရင်း မှားယွင်းမှု အများဆုံး မြို့နယ်ထဲမှာ ပါဝင်တယ် တဲ့။

အလဲဗင်းဂျာနယ် ရွေးကောက်ပွဲနေ့ သတင်းဒိုင်ယာယီထဲက ဒဂုံဆိပ်ကမ်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ကူးယူ ဖော်ပြလိုက်ပါတယ် -


ဒဂုံဆိပ်ကမ်းမြို့နယ်တွင်ရှိသည့် မဲပေးခွင့်အတွက် ကြိုတင်ထုတ်ပြန်ထားသည့်စာရင်းတွင် ပါရှိသော်လည်း ယနေ့လာရောက်ပေးသည့်အခါ နာမည်မပါဝင်၍ မကျေမနပ်ဖြစ်နေကြကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မဲဆန္ဒရှင်များထံမှ သိရှိရသည်။ မှတ်ပုံတင်တွင် နံပါတ်မပီသသည့်အတွက် အိမ်ပြန်၍ သန်းခေါင်းစာရင်းပြန်ယူခိုင်းသဖြင့် အိမ်ပြန်ရသူများရှိနေကြောင်းလည်းသိရှိရသည်။ သန်းခေါင်စာရင်းတစ်ခုထဲပါဝင်သော မိသားစုတစ်စုထဲ၌ပင် မဲစာရင်းတွင် မပါဝင်သဖြင့် မဲမပေးရသူများရှိကြောင်း။ ကိုယ်အင်္ဂါကောင်းကောင်းမလှုပ်ရှားနိုင်သော်လည်း ကြိုတင်မဲပေးလိုက်ပါက မသမာမှုများ ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ကိုယ်တိုင်လာပေးသည့် ကိုယ်အင်္ဂါကောင်းကောင်းမလှုပ်ရှားနိုင်သူများ များပြားနေသည်ကိုလည်း တွေ့ရကြောင်း သိရှိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပထမဦးဆုံးလာရောက်မဲပေးခဲ့သူ ၅၃နှစ်အရွယ်အမျိုးသားတစ်ဦးက ''အစောဆုံး လာရောက်မဲပေးခဲ့တာပါ။ ဒီနေ့အလုပ်သွား ရမှာမို့လို့ မဲရုံဖွင့်ချိန်စောင့်ပြီးမဲပေးခဲ့ပါတယ်'' ဟု ပြောကြားခဲ့သည်။ လာရောက်မဲပေးခဲ့သူ တစ်ဦးဖြစ်သည့် ဒေါက်တာမီမီခိုင်ကလည်း NLD ကို မှန်မှန် ကန်ကန်နဲ့ယုံကြည်လို့မဲပေးခဲ့တာပါ။

၂၀၁၀တုန်းက မဲမပေးဘဲနေခဲ့တယ်။ အခုတစ်ခေါက်တော့ အရင်ဆုံးပေးချင်လို့ကိုလာပေးဖြစ်တာ" ဟုပြောကြားခဲ့သည်။ ဒဂုံဆိပ်ကမ်းမြို့နယ် မဲရုံ ၂၆ ရုံတွင် NLD ပါတီက အနိုင်ရရှိထားပြီဖြစ်ကြောင်းသိရသည်။








Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။