Home » , , » မြ၀တီ၊ သင်္ကန်းညီနောင်၊ ကော့ကရိတ် ဒုတိယလမ်းသစ်ကို ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှ တည်ဆောက်မည်

မြ၀တီ၊ သင်္ကန်းညီနောင်၊ ကော့ကရိတ် ဒုတိယလမ်းသစ်ကို ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှ တည်ဆောက်မည်

Written By မောင်စေတနာ on Friday, March 2, 2012 | 12:30:00 AM

ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းအူကြောင်းသစ်ပြ မြေပုံ

အရှေ့အာရှ စီးပွားရေးစင်္ကြံ၏ အဓိကလမ်းအစိတ်အပိုင်းဖြစ်သော မြ၀တီ-သင်္ကန်းညီနောင်၊ ကော့ကရိတ် ဒုတိယမြေပြန့်လမ်းသစ်ကို ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှ ရက်ပေါင်း ၈၄၀ အတွင်း အပြီး တည်ဆောက်ဖောက်လုပ်ရန်နှင့် မကြာမီရက်ပိုင်း၌ စတင်တည် ဆောက်တော့မည်ဖြစ်ကြောင်း
မြန်မာ့ဆောက်လုပ်ရေးဌာနမှ သိရှိရသည်။

''See Sang ကုမ္ပဏီကမကြာခင် ရောက်လာတော့မှာပါ။ ကုမ္ပဏီအနေနဲ့ လက်ရှိတံတားဟောင်း ကြံ့ခိုင်မှုအပိုင်း၊ မြ၀တီ-သင်္ကန်းညီ နောင်လမ်းပိုင်း၊ ဒုတိယလမ်းသစ်ရယ်ကို အရင်ဆုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်''ဟု ပြည်သူ့ဆောက်လုပ်ရေး မြို့နယ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နယ်စပ်မြ၀တီမြိုမှ လက်ရှိသွားလာနေသော သင်္ကန်းညီနောင်-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်းမှလမ်းပိုင်းမှာ ခရီးမိုင် ၃၀ ရှိပြီး ယခုဖောက်လုပ်မည့် ဒုတိယလမ်းမှာ ၁၈ မိုင်၊ ၂၈ ဒသမ ၆၀၇ ကီလိုမီတာ ရှည်လျားကြောင်း၊ လမ်းအကျယ် ၁၀ မီတာရှိပြီး နိုင်လွန်ကတ္တရာလမ်း အမျိုးအစားဖြစ်ကြောင်း၊ ထိုင်း၊ မြန်မာ-အိန္ဒိယလမ်းပိုင်းစီမံကိန်း၏ ဘီအဆင့် ဒုတိယလမ်းပိုင်း ရွေးချယ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလသင်္ကန်းညီနောင်-ကော့ ကရိတ်လမ်းပိုင်းထက် ၁၂ မိုင် တိုတောင်းသွားကာ ဘတ် ၁၁၆၆ သန်း ကုန်ကျခံတည်ဆောက်သွားရန် လျာထားကြောင်းလည်း သိရသည်။

မြ၀တီ-သင်္ကန်းညီနောင်-ကော့ကရိတ် ဒုတိယလမ်းမှာ ဂျပန်ခေတ်က ဖောက်လုပ်ခဲ့သော လမ်းအူကြောင်းလည်းဖြစ်ပြီး အောက်ခံမြေသား ကောင်းမွန်ခြင်း၊ ဒေါနတောင်ရှောင်ကွင်းကာ ညီနောင်-တတံကူး-ကော့နွဲ့၊ ချောင်းတောင်-လှိုင်ဝရွာတွင် လက်ရှိလမ်းဟောင်းနှင့် ပေါင်းဆုံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းတည်ဆောက်ရေးလုပ်ငန်းတွင် မိုင်တိုင် အမှတ် (၉၂/၇)မှစတင်ကာ ခုနစ်ကီလိုမီတာ (၄ ဒသမ ၃၅၁၉) မိုင်ကို မြ၀တီမြို့နယ် အင်ဂျင်နီယာများက တာဝန်ယူကြီးကြပ်ပြီး ကော့ကရိတ်ဘက်ခြမ်း ၂၁ကီလိုမီတာ(၁၃ဒသမ၀၅၅၇)မိုင်ကို ကော့ကရိတ်ခရိုင် အင်ဂျင်နီယာမှူးကြီးက ကြီးကြပ်ပြီး ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှ တာဝန်ယူဖောက်လုပ်ကာ အခြေခံအလုပ်သမားများအား မြန်မာနိုင်ငံအတွင်းမှ
ခေါ်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Source by :http://first-11.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။