Home » » Prepaid စနစ်သို့ စတင်ပြောင်းလဲမည့် ကြိုးဖုန်းများတွင် နောက်တိုးမိနစ်အား စက္ကန့်အလိုက် ပြောင်းလဲ၍ ဘီလ်ဖြတ်သွားမည်

Prepaid စနစ်သို့ စတင်ပြောင်းလဲမည့် ကြိုးဖုန်းများတွင် နောက်တိုးမိနစ်အား စက္ကန့်အလိုက် ပြောင်းလဲ၍ ဘီလ်ဖြတ်သွားမည်

Written By မောင်စေတနာ on Friday, March 2, 2012 | 4:30:00 AM



မတ်လ ၁ ရက်နေ့မှစတင်၍ Prepaid စနစ်သို့ ပြောင်းလဲမည့် ၀၁ ၂၃၀ နှင့်စသည့် အော်တို တယ်လီဖုန်းလိုင်းများတွင် အထွက်ခေါ်ဆိုခများ၏ နောက်တိုးမိနစ်အား မိနစ်အလိုက် ဘီလ်ဖြတ်ရာမှ Prepaid စနစ်သို့ ပြောင်းလဲပြီးပါက စက္ကန့်အလိုက် ပြောင်းလဲ၍ ဖြတ်တောက်သွားမည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ဆောင်မှုများအား တရားဝင်ဖြေဆိုခွင့် ရရှိထားသည့် Call Center မှ သိရသည်။

“မတ်လ ၁ ရက်နေ့ကစပြီး Prepaid စနစ်ပြောင်းလဲမယ့် ၀၁ ၂၃၀ အော်တိုကြိုးဖုန်းတွေရဲ့ ဖုန်း ဘီလ်ဖြတ်တဲ့စနစ်ကို မိနစ်အလိုက် ဖြတ်တာကနေ အခုစနစ်မှာ စက္ကန့် စနစ်နဲ့ ပြောင်းပြီးဖြတ်သွားမှာပါ။

မိနစ်အလိုက်ဖြတ်တုန်းက တစ်မိနစ် နဲ့ ၂ စက္ကန့်ဆိုရင် ၂ မိနစ်စာ ဖြတ်လိုက်ပါတယ်။ အခုစက္ကန့်စနစ်မှာ ကျတော့ မြို့တွင်းဆိုရင် အထွက် တစ်မိနစ် ၁၅ ကျပ်နဲ့နောက်တိုး ၁၂ စက္ကန့်တိုးတိုင်း ၃ ကျပ် ဖြတ်သွားမှာပါ။ နယ်ဝေးနဲ့ မိုဘိုင်းဖုန်းခေါ်ဆိုမှု တွေကျတော့ တစ်မိနစ်ကို ၂၅ ကျပ် နဲ့နောက်ထပ် ၁၂ စက္ကန့်တိုးတိုင်း ၅ ကျပ်ဖြတ်သွားမှာပါ”ဟု Call Center မှပြောကြားသည်။

အဆိုပါ အော်တိုတယ်လီဖုန်းများမှ မြို့တွင်းခေါ်ဆိုခနှုန်းထားမှာ တစ်မိနစ် ၁၅ ကျပ်၊ မိုဘိုင်းဖုန်းနှင့် နယ်ဝေးခေါ်ဆိုပါက တစ်မိနစ် ၂၅ ကျပ်သတ်မှတ်ထားပြီး ပြည်ပနိုင်ငံများသို့ ခေါ်ဆိုခနှုန်းထားများကိုမူ မကြာမီ ပြောင်းလဲ သတ်မှတ်သွားမည်ဟု သိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။