ဗုဒ္ဓရုပ်ပွားတော်ပုံ နှင့် ဘုန်းကြီးကျောင်းများကို ဖျက်ဆီးပစ်နေတဲ့ ဗီဒွီယို ရုပ်သံလေး ဖြစ်ပါတယ်။ နေရာက မလေးမှာ ဖြစ်ပြီး ထိုင်းဘုန်းကြီးကျောင်း တစ်ကျောင်းလို့ ခန့်မှန်း ရပါတယ်။ အရင်က ဖိုးသား ဘလော့လေးမှာ ကြည့်ဖူးပါတယ်။
ဒီနေ့ ဘုန်းဘုန်း အရှင် ထာဝရမှ ကြည့်ကြည့် ဝမ်းနည်းစရာ ကောင်းတယ်ဆိုလို့ ကြည့်ရင်း စာဖတ်သူများ ထဲမှ မကြည့်ရသေးသော သူများ ကြည့်ဖို့အတွက် တင်ပေးလိုက်ပါတယ်။ နိုင်ငံတကာတွင် အခုလို ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီး နေသော ရုပ်သံများနှင့် ဗုဒ္ဓဘာသာအ များစုများ အစော်ကား ခံရနေရမှုများကို မကြာခဏ ဆိုသလိုတွေ့ရှိနေရပြီး ဗုဒ္ဓဘာသာဝင်များ အားလုံး ကိုယ်စား စိတ်မကောင်း ဖြစ်မိပါတယ်။ အခုလို ဖြစ်ပေါ်နေမှုများ အမြန်ဆုံး ရပ်တန့်နိုင်ပါစေ လို့ ဆန္ဒပြုရင်း ဆုတောင်းလိုက်ပါတယ်။

လေးစားလျှက်
နေဇော်လင်း
Malaysia News Information & Online Radio Blogger

Source by :http://www.youtube.com/watch?v=sRu1Pjnuujs&feature=share

.jpg?width=750)

1 comments:
စိတ်မကောင်းစရာပဲဗျာ............ဒီပို့စ်လေးကို မကြည့်ရသေးတဲ့သူတွေ ကြည့်ရအောင် ဖေ့စ်ဘုတ်က ကျွန်တော့ Page လေးမှာ ရှယ်ချင်ပါတယ်.....ရှယ်ခွင့်ပြုပါ ကိုနေဇော်လင်းရေ.....
Post a Comment