ဝဲကော့လ်အား စာချုပ်သက်တမ်းတိုးလိုသည့် အာစင်ဝင်းဂါး
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက လာမည့်နွေတွင် သူ၏ပထမဦးစားပေးအလုပ်မှာ အသင်းခေါင်းဆောင် ဗန်ပါစီနှင့် တိုက်စစ်ကစားသမား ၀ဲကော့လ်တို့အား စာချုပ်သက်တမ်းတိုးရေးပင် ဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်သည်။
“ဒီရာသီကုန်တာနဲ့ ၀ဲကော့လ်နဲ့ ဗန်ပါစီတို့ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားသွားမှာပါ၊ သီအိုဟာ အခု အကောင်းဆုံးကစားနေပါတယ်၊ ပြီးတော့ သူဟာ နည်းစနစ်ပိုင်းလည်း တိုးတက်လာပြီး၊ ကျန်တဲ့ ကစားသမားတွေနဲ့လည်း နားလည်မှု ရှိရှိ ကစားလာနိုင်ပါပြီ၊ ဂိုးရှေ့မှာဆိုရင်လည်း အရမ်းကို တည်ငြိမ်တဲ့သူ တစ်ယောက်ပါ၊ ”
“ သူတို့နှစ်ယောက်ကို သက်တမ်းတိုးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ ကျွန်တော်တို့ဟာ အသင်းရဲ့ ကစားသမားကောင်း တွေကို ထိန်းသိမ်းသွားချင်ပါတယ် ” ဟု ၀င်းဂါးက ပြောကြားသွားခဲ့သည်။
ဝဲကော့လ်သည် ပြီးခဲ့သည့်လက လန်ဒန်ဒါဘီပွဲတွင် ခြေစွမ်းပြနိုင်ခဲ့မှုကြောင့် ၊ ပရိသတ်များ၏ အားပေးမှုကို ပိုမိုရရှိလာခဲ့သူဖြစ်သည်။
အဆိုပါပွဲ၏ပထမပိုင်း ပွဲချိန် (၃၄)မိနစ်အတွင်း အာဆင်နယ်အသင်း၏ (၂-၀) ဂိုးရလဒ်ဖြင့် အရေးနိမ့်နေမှုနှင့်အတူ၊ အာဆင်နယ်ပရိသတ်များသည် ၀ဲကော့လ် ဘောလုံးထိသည့်အခါတိုင်း လှောင်ပြောင်အော်ဟစ်ခဲ့ကြသည်။
သို့ပါသော်လည်း အာဆင်နယ်အသင်းက (၅-၂)ဂိုးဖြင့် အနိုင်ရခဲ့သည့် အဆိုပါပွဲအပြီးတွင်၊ အသင်းအတွက် နှစ်ဂိုးးသွင်းယူပေးခဲ့သည့် ၀ဲကော့လ်သည် အာဆင်နယ်ပရိသတ်များ၏ သူရဲကောင်းဖြစ်သွားခဲ့သည်။
ယနေတွင် ကျူပီအာအသင်းနှင့် ရင်ဆိုင်ရမည့် အာဆင်နယ်အသင်း၏နည်းပြ အာစင်ဝင်းဂါးက ယခုရာသီအား ရလဒ်ကောင်းဖြင့် အဆုံးသတ်နိုင်မှသာ၊ အသင်းအနေဖြင့် ဗန်ပါစီနှင့် ၀ဲကော့လ်တို့အား ကာလရှည်ဆက်ထိန်းထားနိုင်ဖို့ ဖြစ်နိုင်လိမ့်မည်ဖြစ်ကြောင်းလည်း ၀န်ခံပြောကြားခဲ့သည်။
“ ကစားသမားတွေဟာ နိုင်ပွဲတွေ ရယူချင်ပါတယ်၊ ပြီးတော့ နိုင်ပွဲရယူနိုင်မယ့် အသင်းမှာပဲ ကစားချင်ကြပါတယ်၊ ဒီရာသီ အကုန်မှာ အသင်းရဲ့ ရပ်တည်မှုက သူတို့ကို ဆက်ထိန်းထားဖို့ ကျွန်တော့်ကို ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ သူတို့ ဆက်နေမယ့်ကိစ္စက ဒီရာသီကို ကျွန်တော်တို့ ဘယ်လို အဆုံးသတ်မလဲဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ် ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

Source by :http://mutdfan.com/

.jpg?width=750)

0 comments:
Post a Comment